Travel

လ အလိုက် လည်ပတ်ဖို့ အကောင်းဆုံးမြို့များ

Want create site? Find Free WordPress Themes and plugins.

အခုပြောမှာကတော့ တွင်ကျယ်လာတဲ့ ခရီးသွားလာလည်ပတ်မှုတွေ အပိုင်းထဲက တလချင်းအလိုက် သွားလာ လည်ပတ်ဖို့ အကောင်းဆုံးမြို့တွေ အကြောင်းပဲဖြစ်ပါတယ်။ အခု နှစ်ဆန်းကာလကနေ ၅ လပိုင်း လောက် ထိအောင် ပွင့်လင်းရာသီဖြစ်လို့ သွားလာ လည်ပတ်ချင်သူတွေအတွက်ကတော့ စိတ်ကြိုက် ဖြစ်မှာပါနော်။

ဇန်နပါရီ – Nassau

နက်ဆူးက ဘဟားမားစ်မှာရှိတဲ့ ကမ်းခြေမြို့ပါ။ ဆောင်းတွင်းမှာ ကမ်းခြေ အနီးတဝိုက်ရော ပင်လယ်ရော အပြာရောင် ဖြစ်နေပါတယ်။ ဆောင်းတွင်းရဲ့ အရသာကိုလည်း ခံစားနိုင်ပါတယ်။ နှင်းလည်းကျတယ်၊ အရမ်းလည်း မအေးဘူး၊ တနေ့လုံး ပျမ်းမျှအပူချိန် ၇၂ ဒီဂရီလောက် အမြဲရှိနေတယ်။ ညနေဆည်းဆာက အရမ်းလှပြီး ဒေသအစားအစာတွေက သဘာဝစစ်စစ်နဲ့ စားလို့ကောင်းပါတယ်။ တည်းခိုစရိတ်လည်း နည်းပါးပြီး နှစ်သစ်ကူးညတွေမှာ ပျော်စရာအပြည့်နဲ့ ရှိနေတဲ့မြို့လေးပါ။

ဖေဖော်ဝါရီ – Park City

ဆောင်းတွင်းဆိုတော့ နည်းနည်းတော့ အေးနေမယ်။ ဒါပေမယ့် ယူတက်(Utah)မှာရှိတဲ့ ပါ့ခ်မြို့တော်က အဓိက Resort နှစ်ခုနဲ့တင် သာယာလွန်းနေပါပြီ။ နှင်လျှောစီးမယ့်သူတွေအတွက်လည်း အဆင်ပြေတယ်၊ နှင်းလျှောစီးကွင်းက ဧက ၇၃၀၀ ကျယ်တယ်။ လမ်းကြောင်း ၃၃၀ လောက်ရှိတယ်။ တနေရာနဲ့ တနေရာ သွားဖို့ ဓါတ်လှေခါး ၄၁ စင်းနဲ့ အလည်အပတ်လာသူရော နှင်းလျှောစီး ဝါသနာပါသူတွေအတွက်ပါ ဆောင်းတွင်း အချိန်ဖြုန်းလို့ အကောင်းဆုံးနေရာပဲ ဖြစ်ပါတယ်။

မတ် – Gold Coast

ကမ္ဘာပေါ်က လည်ပတ်စရာ နေရာတွေ အများကြီးရှိပေမယ့် နွေဦးပေါက် လည်ပတ်ဖို့ အကောင်းဆုံး စာရင်းမှာတော့ သူမပါလို့ မပြီးပါဘူး။ နယူးဇီလန်မြောက်ပိုင်းမှာ အက်လန်းကို အဓိက လည်ပတ်ကြသလို တောင်ပိုင်းမှာ ဂိုးကို့က သာယာလှပလွန်းတဲ့ နေရာတခုပါ။ တောင်တန်း အထပ်ထပ်က စိမ်းလန်းနေတယ်။ တောင်ပေါ်ကနေ ပင်လယ်ရော နေဝင်ဆည်းဆာကိုပါ ကြည့်လို့ အရမ်းကောင်းပါတယ်။ အသစ်ဖွင့်ထားတဲ့ ဟိုတယ်တွေက ခေတ်မီ ဒီဇိုင်းဆန်းတွေနဲ့ဖြစ်ပြီး လည်ပတ်ကြည့်ရှုဖိ့ု ကောင်းပါတယ်။

ဧပြီ – Charlestion

တောင်ပိုင်းကယ်ရိုလိုင်းနားမှာရှိတဲ့ အခု မြို့လေးက အမေရိကန်ရဲ့ တောင်ပိုင်းဒေသ နေထိုင်မှုနဲ့ ပတ်ဝန်းကျင် အရသာ စစ်စစ်ကို ခံစားနိုင်မယ့်နေရာပါ။ ကျောက်စရစ်နဲ့ ခင်းထားတဲ့ လမ်းတွေ၊ လည်ပတ်စရာ နေရာအများအပြားရှိနေမှု၊ အစားအသောက်ကောင်းတွေက တောင်ပိုင်းရဲ့ဓလေ့ပါ။ ပြီးတော့ အမဲလိုက် ထွက်ချင်သူတွေအတွက် အပျော်တမ်း အမဲလိုက်နိုင်ပါတယ်။ ရွက်လှေစီးချင်းသူတွေရှိရင် စီးနိုင်ပြီး မြင်းစီးချင်သူတွေအတွက်လည်း ကွင်းရှိပါတယ်။ ပြီးတော့ Cooper မြစ်ကူးတံတားပေါ် ပြေးရင်း ရှုခင်း ကောင်းတွေကိုလည်း ခံစားနိုင်ဦးမှာပါ။

မေ – London

အင်္ဂလန်ရဲ့မြို့တော်က သမိုင်းဝင်အဆောက်အဦးနဲ့ လေ့လာလည်ပတ်စရာတွေ အများအပြားရှိတဲ့ မြို့ကြီးပါ။ ပြီးတော့ အစားအသောက်နဲ့ ပျော်ပွဲ ရွှင်ပွဲတွေလည်း အမြဲရှိနေပါတယ်။ ပြီးတော့ စိန့်ဂျိမ်းပန်းခြံထဲမှာ မေလပွဲတော်က နာမည်ကြီးပါတယ်။ အနီးအနားမြို့တွေကပါ လာရောက် စုပေါင်း လည်ပတ်ကျင်းပလို့ အရမ်းပဲ စည်းကားပါတယ်။ ဥရောပရဲ့ ရှေးအကျဆုံးမြို့တော်တခုကို လေ့လာလည်ပတ်နိုင်မယ့်နေရာပါ။

ဇွန် – Los Angeles

ဟောလီးဝုဒ်နဲ့ ပတ်သက်ဆက်နွယ်သူ အများစုနေထိုင်ရာ မြို့လို့လည်း ဆိုနိုင်ပါတယ်။ အမေရိကန်ကို လည်ပတ်မယ်ဆိုရင် မဖြစ်မနေ သွားရောက်သင့်တဲ့ မြို့တွေထဲကတမြို့ပါ။ ကားနည်းနည်း ပိတ်တတ်ပေမယ့် လမ်းလျှောက်လည်ပတ်မယ်ဆိုရင်လည်း မဆိုးပါဘူး။ Hollywood Walk of Fame ကိုလည်း သွားနိုင်ပါမယ်။ Hollywood စာတမ်းကြီးနဲ့ အမှတ်တရ ဓါတ်ပုံတွေ ရိုက်မယ်ဆိုရင်လည်း နောက်ခံထားပြီး ရိုက်ဖို့ နေရာ ကောင်းတွေရှိပါတယ်။ စားသောက်ဆိုင်တွေလည်း ပေါပြီး အစားအသောက်လည်း ကောင်းပါတယ်၊ ပတ်ဝန်းကျင် ရှုခင်းနဲ့ နေဝင်၊ နေထွက်ကြည့်ဖို့တော့အချိန် တရက်ပေးရပါလိမ့်မယ်။

ဇူလိုင် – Bar Harbor

မိန်းပြည်နယ်(Maine)မှာ ရှိတဲ့ ဒီမြို့လေးက အားလပ်ရက် ခရီးထွက်သူတွေ၊ ကြင်စဦး စုံတွဲတွေ ပျားရည်ဆမ်း ခရီး ထွက်လို့ကောင်းမယ့် နေရာလေးပါ။ တောင်ပိုင်း ကမ်းခြေမြို့လေးဖြစ်ပြီး ပန်းရောင် တောတန်းတွေနဲ့ တောင်တွေ ဝန်းရံလျက်ရှိပါတယ်။ အတ္တလန်တိတ် သမုဒ္ဒရာကို ကြည့်ချင်ရင် သင်တည်းခိုမယ့်နေရာနဲ့ ၁.၇ မိုင်လေက်ပဲ ဝေးပါလိမ့်မယ်။ ဒါမှမဟုတ် ၄၅ မိုင်လောက် ကျယ်ဝန်းတဲ့ Acadia National Park ကို ခြေလျင်၊ စက်ဘီး၊ မြင်းတွေနဲ့ လှည့်ပတ်နိုင်ပါသေးတယ်။

သြဂုတ် – Paris

ပြင်သစ်ရဲ့မြို့တော်က ဝိုင်ကောင်းကောင်းတွေရမယ်။ ဒေသစာ လခြမ်းကွေးပုံစံ ပေါင်မုန့်တွေစားရင်း သာယာလှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မှာပါ။ အီဖယ် မျှော်စင်ကနေ နေဝင် ဆည်းဆာ ကြည့်ရတဲ့ အရသာက ဘာနဲ့မှလဲနိုင်ဖို့ မရှိပါဘူး။ ပြီးတော့ သြဂုတ်လအတွင်း လမ်းပိတ်တာတွေ၊ ခရီးသွား များလွန်းနေတာတွေလည်း ရှောင်နိုင်ပါလိမ့်မယ်။ Hilton Paris Opera ကတော့ တည်းဖို့ အကောင်းဆုံးနေရာပါ။ အီဇယ်မျှော်စင်ဆီကို လမ်းလျှောက်သွားလို့ ရနိုင်အောင် နီးပါတယ်။ သွားရေး လာရေး အဆင်ပြေတာပေါ့။

စက်တင်ဘာ – Thailand

အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ခရီးသွားလုပ်ငန်း အပိုင်းမှာ အရမ်းအောင်မြင်သွားပြီလို့ ဆိုရမှာပါ။ နှစ်စဉ် လည်ပတ်ဖို့ အကောင်းဆုံး နေရာတွေကို ခရီးသွား Website နဲ့ အဖွဲ့မျိုးစုံက ထုတ်ပြန်တိုင်း ထိုင်းနိုင်ငံက အမြဲပါရှိနေပါပြီ။ မြို့တော်ဘန်ကောက်ကအစ လည်လို့ အရမ်းကောင်းကာ လေယာဉ်ခလည်း ဈေးသက်သာပါတယ်။ လှေနဲ့ လည်ပတ်နိုင်တာတွေလည်းရှိသလို စက်တင်ဘာလဟာ မိုးကုန်ပိုင်း ဖြစ်လာလို့ သွားလာရေး ပိုကောင်းတဲ့ ကာလတခုလည်းဖြစ်ပါတယ်။ လမ်းဘေးစာတွေက စားလို့ကောင်းသလို ညပိုင်းတွေ ထွက်ပြီးလည်ပတ်ဖို့လည်း ကောင်းပါတယ်။

အောက်တိုဘာ – Garzon

ဥရုဂွေးမှာရှိတဲ့ ကမ်းခြေဆန်ဆန်မြို့လေးပါ။ တောင်အမေရိကရဲ့ အကောင်းဆုံး ရှုခင်းတွေ၊ အစားအသောက်နဲ့ ဓလေ့စရိုက်တွေ၊ သွားလာလည်ပတ်မှု အရသာတွေကို ပေးစွမ်းနိုင်တဲ့နေရာလေး ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်လို့ ကောင်းပါတယ်။ ဥရုဂွေးထုတ် ဝိုင်စစ်စစ်တွေ သောက်ရမယ်၊ Bodega ဆိုတဲ့ မြို့ခံ ဝိုင်ချက်ရုံကတင် စတုရန်းပေ ၂ သိန်းကျော်နဲ့ ဝိုင်အကောင်းစားတွေ ချက်နေတာ တွေ့ရပါလိမ့်မယ်။ ပြီးတော့ တည်းခိုခန်း တွေကနေ ၄၅ မိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ Rivirea of Uruguay လို့ ခေါ်တဲ့ မြစ်ကမ်းခြေ နေရာကို သွားရောက်လည်ပတ်နိုင်ပါတယ်။ သူက ပင်လယ်ကမ်းခြေဆန်ဆန် သာယာလှပပါတယ်။

နိုဝင်ဘာ – Rome

ကမ္ဘာလှည့်ခရီးသွား တယောက်မှန်ရင် တနှစ်မှာ တခါတော့ အီတလီကို ခြေချကြပါတယ်။ အထူးသဖြင့်တော့ အခု ပြောနေတဲ့ ရှမ်းပေါ့။ အရမ်းနာမည်ကြီးတယ်၊ လည်ပတ်စရာ များတယ်၊ အခန်းအတွက်တောင် ကြိုတင် မှာယူထားသင့်တဲ့မြို့ပါ။ ခရီးသွား အများအပြား ဝင်ရောက်ရာအရပ်ပါ။ ရာသီဥတုက နိုဝင်ဘာဆိုရင် နွေးနေတယ်။ St. Peter’s Basilica, The Colosseum လို နေရာတွေကနေ အခြား လည်ပတ်စရာတွေကို သင့်စိတ်ကြိုက် ရွေးထားဖို့သာ လိုပါတယ်။ ဝိုင်ကောင်းကောင်းနဲ့ အရသာရှိတဲ့ ပီဇာတွေပါ ရနိုင်မယ့် နေရာပါ။

ဒီဇင်ဘာ – Chicago

သင့်အနေနဲ့ အဖြူရောင် နှင်းတွေကြားမှာ ခရစ်စမတ်ကျချင်တယ်ဆိုရင်တော့ ချီကာဂိုသွားပါ။ Navy Pier, Millennium, Cloud Gate အပါအဝင် ပန်းခြံကြီးတိုင်းမှာ ခရစ်စမတ်ပွဲတွေ စည်စည်ကားကား ကျင်းပ နေတာကို မြင်နိုင်ပါတယ်။ The Blackstone လို ဟိုတယ်မှာ သွားတည်းရင်တော့ မက်ချီကန် ရေကန်ကိုပါ မြင်နိုင်မှာပါ။ လမ်းညွှန်တွေနဲ့သွားရင် ပိုအဆင်ပြေပါတယ်။ ဟိုတယ်မှာ မတည်းချင်လို့ ယာယီ အိမ်ငှား နေချင်ရင်လည်း အိမ်ပုံစံ အခန်းငှားသူတွေ ရှိပါတယ်။ ရာသီဥတုအေးအေးမှာ အသာယာဆုံး ခရစ်စမတ်ပွဲရှိတဲ့ မြို့ကြီးပါ။

www.rd.com တွင်ဖော်ပြထားတဲ့ The best places to travel every month of the year ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading