• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ငွေသင်ဖြူးပေါ်က အလှနဲ့ စိမ့်မြိုင်ထဲက ရတနာတို့ကို ထိတွေ့ခြင်း

by ကျော်ဆုမွန်
3 February 2018
in Travel
A A
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ အင်းတော်ကြီးအိုင်နဲ့ ရွှေမဉ္ဇူဘုရား / ကျော်စုမွန် / ဧရာဝတီ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ အင်းတော်ကြီးအိုင်နဲ့ ရွှေမဉ္ဇူဘုရား / ကျော်စုမွန် / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

သဘာဝအလှအပတွေနဲ့ ပြည့်နေတဲ့ မြန်မာနိုင်ငံမှာ နေထိုင်ရတာဟာ လည်ပတ်သွားလာစရာ သိပ်များလွန်းပါတယ်။ အရင်တုန်းက လမ်းပန်းဆက်သွယ်ရေးတွေ နယ်မြေလုံခြုံရေးတွေကြောင့် လူသွားလူလာနည်းတဲ့ နေရာတွေဟာ ခုဆိုရင် ဖွံဖြိုးမှု အတော်အားကောင်းလာပြီး လုံခြုံရေးအတွက်ပါ စိတ်ချရပြီဖြစ်လို့ ပြည်တွင်းပြည်ပခရီးသွားတွေ နေရာအနှံ့ ခြေဆန့်နေကြပါပြီ။

ဒီထဲကမှ ဒီအပတ်ထဲ သွားဖြစ်တဲ့ ခရီးစဉ်တခုကတော့ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်ထဲက အင်းတော်ကြီးအိုင်နဲ့ ပြည်တွင်းဘုရားဖူးတွေကြားမှာ နာမည်ရနေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက ဇလုံတောင်ကိုပဲဖြစ်ပါတယ်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
141
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
605

သွားဖြစ်ခဲ့တဲ့ အရင်ခရီးတွေတုန်းကလို မိသားစုနဲ့ သွားတာမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ လိုင်းကားစီးပြီး သွားတာဖြစ်လို့ အတွေ့အကြုံတွေကတော့ တမူဆန်းတယ်လို့ပဲ ပြောပါရစေ။ ဒီခရီးဟာ အောက်မြန်မာပြည်က လူတွေအတွက် အတော်လေးလှမ်းသလို နည်းနည်းတော့ ပင်ပန်းစေနိုင်တဲ့ခရီးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ သဘာ၀ အလှတွေကြောင့်တော့ ပင်ပန်းသမျှတွေ ပြေပျောက်စေမှာပါ။

ရန်ကုန်ကနေလာမယ်ဆိုရင် မန္တလေးထိ အရင်သွားရပါတယ်။ ကျမတို့အဖွဲ့ကတော့ မန္တလေးကို ရောက်တဲ့အချိန်မှာ ညနေ လေးနာရီခွဲ၊ စစ်ကိုင်းတိုင်းအင်းတော်မြို့ကိုထွက်မယ့် လိုင်းကားကို စောင့်စီးကြပါတယ်။ လိုင်းကားတွေကတော့ ခု နောက်ပိုင်းပြေးဆွဲနေတဲ့ Scania လို ဇိမ်ကျတဲ့ ကားမျိူးမဟုတ်ပေမယ့် သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူး။ ဒီ ခရီးစဉ်အတွက်က တဦးကို ၁၃၀၀၀ ကျပ်ခန့် ကျသင့်ပါတယ်။ သူကညလုံးပေါက်စီးရတာဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားလမ်း အတိုင်း သွားတာပါ။

ရွှေဘိုအထိသာ ရောက်ဖူးတဲ့ကျမတို့ဟာ တညလုံး ၁၂ နာရီခန့် ကားပေါ်မှာ ကုန်ဆုံးပြီးတဲ့အခါ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ချမ်းချမ်းစီးစီးနဲ့ မနက် ၄ နာရီခန့်မှာ ရောက်ပါတယ်။ အေးလွန်းတဲ့ အထက်ဒေသရဲ့ဆောင်းကို အတော်ခံရပါတယ်။ ကားပေါ်မှာ အိပ်ပျော်သွားတဲ့အတွက် ငယ်ကတည်းက စာသင်ခဲ့ရတဲ့ မဲဇာတောင်ခြေကို ဖြတ်နေတယ်ဆိုတာတောင် မသိလိုက်ရပါဘူး။

 

အင်တော်ကြီးအိုင်ရဲ့ အလှ

ကချင်ပြည်နယ်ရဲ့နာမည်ကျော် အင်းတော်ကြီးကန်ဆိုတာကို စာတွေနဲ့မြေပုံတွေထဲမှာပဲ လက်ကလေးထောက်ပြီး ငေးကြည့်ခဲ့ရတာ ဒီတခါတော့ ခြေချခွင့်ရပြီပေါ့လေဆိုတဲ့ အတွေးနဲ့ပါ။ မြန်မာနိုင်ငံမှာအကြီးဆုံး အင်းကြီးဖြစ်တဲ့ ဒီ အင်းတော်ကြီးကိုသွားဖို့ ဘယ်လိုလုပ်မလဲ။

အခု ကျမတို့ ရောက်နေတဲ့ အင်းတော်ကနေ အင်းတော်ကြီးအိုင်ရှိတဲ့ မိုးညှင်းခရိုင်ထဲက နန့်ပတဲရွာထိကို ၃ နာရီခွဲ လောက်မောင်းရပါတယ်။ ဒီအတွက် ကျမတို့က ကားစင်းလုံးငှားလိုက်ပါတယ်။ မနက် ၆ နာရီက ထွက်လာကြတာ၊ မြူတွေ ကျနေတဲ့ ဒီလမ်းပေါ်မှာ ရှေ့ကို မမြင်မကမ်းနဲ့ပါ။ လမ်းတွေကတော့ အကုန်ကောင်းပါတယ်။ သွားလာရတာလည်း အဆင်ပြေပါတယ်။

ဆောင်းတွင်းဖြစ်တော့ မြူနှင်းတွေကြောင့် မနက် ၉ နာရီထိ နေမတွေ့ရဘဲ အေးစိမ်နေတဲ့ အရသာဟာ အဲဒီဒေသကို ရောက်မှကြုံရတဲ့ ခရီးသွားအရသာတခုပေါ့။ မနက် ၆ နာရီ အင်းတော်မြို့ကနေ မိုးညှင်းမြို့နယ်ထဲကို သွားကြတဲ့ ကျမတို့အဖွဲ့ဟာ မနက် ၁၀ နာရီကျော်မှ အင်းတော်ကြီးကို ရောက်ပါတယ်။ အင်တော်ကြီးရောက်ဖို့ လမ်းတလျှောက် တောင်ကွေ့တောင်တန်းတွေအပြည့် ဖြတ်သန်းခဲ့ရတာပါ။ ရောက်တဲ့နေရာတိုင်း ဓာတ်ပုံဆင်း ရိုက်ရတာလည်း အမောပါပဲ။

 

အင်တော်ကြီးထဲက ရွှေမဉ္ဖူဘုရား

တောင်တန်းတွေကျော်ပြီးတော့ နန့်ပတဲရွာရောက်တဲ့အခါ အင်းတော်ကြီးအိုင်အဝကို မြင်ရမှာပါ။ အင်းတော်ကြီးထဲက ရွှေမဉ္ဇူဘုရားဟာ ရေလယ်ဘုရားဖြစ်ပြီးတော့ ဆုတောင်းပြည့်တယ်လို့နာမည်ကြီးပါတယ်။ ဘုရားပွဲတော်ကာလဟာ နှစ်စဉ် ဖေဖော်ဝါရီလကုန်ခန့်ဖြစ်ပြီး ဘုရားဟာ မိုးတွင်းကနေ ဖေဖော်ဝါရီလလယ်ကစလို့ ဘုရားပွဲရောက်ခါနီးအထိ ရေထဲမှာတည်ရှိပါတယ်။ ဘုရားပွဲနီးရင် ရေကျသွားပြီး လူလျှောက်လမ်းပေါ်လာတဲ့အတွက် ဒီလထဲဆိုရင် လမ်းလျှောက် သွားလို့ရပါပြီ။

ဘုရားပရဝုဏ်ဟာ ကျဉ်းပေမယ့်ပွဲတော်ရက်မှာ လူဘယ်လောက်လာလာ ဆန့်ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘုရားဆီသွားဖို့ ကမ်းကနေ လှေခ အသွားပြန် ၁၀၀၀ ကျပ်ပေးရပါတယ်။
အရှည် ၁၄ မိုင်နဲ့ အကျယ် ၇ မိုင်ရှိတဲ့ အင်းတော်ကြီးဟာ သဘာဝပတ်ဝန်းကျင်မပျက်စီးသေးဘဲနဲ့ သာယာလှပါတယ်။

 

လှေစီးရင်း စင်ရော်စာ ကျွေးလို့ရသည်

ရှမ်းပြည်နယ်က အင်းလေးကန်လိုစက်လှေတွေရှုပ်မနေဘဲ အင်းထဲက ရေတွေကလည်းကြည်လင်တောက်ပဆဲပါ။ စင်ရော်ငှက်တွေကတော့ ရာနဲ့ထောင်နဲ့ချီရှိနေပြီး ကမ်းစပ်ပေါ်မှာတင် နားနေကြတာကိုမြင်ရတာနဲ့တင် စိတ်ထဲ ကြည်နူးနေရပါပြီ။ ကမ်းစပ်မှာရော ရေထဲမှာပါ စင်ရော်စာတွေကျွေးလို့ရပါတယ်။ စင်ရော်တွေက စက်လှေနောက်ကနေ အစာလိုက်တောင်းပြီး ပျံလာတာဟာ သိပ်ကျေနပ်စရာကောင်းတဲ့ မြင်ကွင်းပါ။

အင်းတော်ကြီးထဲမှာ လှေစီးပြီး လည်မယ်ဆိုရင် ရွှေမဉ္ဇူဘုရားအပြင် ဟိုဖာဆိုတဲ့ ကျောက်စွန်တောင်တွေရှိတဲ့နေရာလည်း သွားလည်လို့ ရပါတယ်။ အလှဓာတ်ပုံကို စိတ်ကြိုက်ရိုက်လို့ရအောင် လှပတဲ့ ကျောက်ဆောင်အချို့ရယ် ရေစပ်စပ်နဲ့ အပင်တွေ ရှိတာရယ်ကြောင့်ပါ။

 

မုဆိုးမခြေရာနဲ့ နွားခြေရာရှိရာ တန်ဆောင်း

လှေစီးပြီး သွားရောက်လည်ပတ်လို့ရတဲ့ နောက်တနေရာကတော့ အင်းတော်ကြီးကန်ဖြစ်ပေါ်လာပုံနဲ့ ဆက်စပ်နေတဲ့ မုဆိုးမခြေရာဆိုတဲ့ လွဲမွန်ရွာရှိပြီး အဲဒီမှာ နှီးဘုရားကိုလည်း ဖူးမြော်နိုင်ပါတယ်။ လှေတပတ်စီးခကတော့ တစီးကို ၃၅၀၀၀ ကျပ်ဖြစ်ပြီး သွားလေ့လာသူတွေဟာ ကုန်းပေါ်ကနေလည်း ကားနဲ့သွားလာနိုင်ပါတယ်။

 

မုဆိုးခြေရာနဲ့ နွားခြေရာ

ဒေသခံတွေရဲ့အဆိုအရ လွဲမွန်ရွာက မုဆိုးမကြီးဒေါ်မုံဟာ အင်းတော်ကြီးကန် ဆက်စပ်ဖြစ်လာမယ့်နေရာက ရွာကြီးမှာ နေတာဖြစ်ပြီး သူက အင်းရေကြီးပြီး ရွာမြှုပ်မယ်ဆိုတာ အိပ်မက်ရလို့ သူ့ရွာကို သတိပေးခဲ့ပေမယ့် ရွာသားတွေက မယုံကြတာကြောင့် ရေတက်လာချိန်မှာ အကုန်သေကုန်ကြပြီး ဒေါ်မုံနဲ့နွားတကောင်သာ အသက်ရှင် ကျန်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်မုံတက်ပြီးပြေးတဲ့တောင်နေရာမှာ အထိမ်းမှတ်နေရာတခုလုပ်ထားပြီး အဲဒီမှာ သူ့ခြေရာနဲ့ သူ့နွားခြေရာကိုလည်း တွေ့မြင်ရပါတယ်။

အဲဒီကနေမှ နေ့လည်နေ့ခင်းထမင်းစားပြီးတာနဲ့ အင်းတော်ကြီးကအပြန်မှာ မိုးညင်းမြို့ထဲလှည့်ပတ်ကြည့်ပြီး အင်းတော်မြို့ကနေတဆင့် နာမည်ကျော် ဇလုံတောင်ဘုရားရှိရာ ဗန်းမောက်မြို့ကို ည ၈ နာရီမှာပြန်လာပါတယ်။ အင်းတော်မြို့နဲ့ ဇလုံတောင်က ၂၈ မိုင်ဝေးပါတယ်။ စစ်ကိုင်းတိုင်း ကသာခရိုင်ထဲက ဗန်းမောက်မြို့ဆိုတာ တကယ်တော့ မြို့ပိစိလေးလို့ ပြောနိုင်ပါတယ်။ ဒီမြို့လေးက ခုတော့ ပြည်တွင်းဘုရားဖူးတွေနဲ့ စည်ကားနေပါပြီ။ စည်ကားရတဲ့ အကြောင်းက ဗန်းမောက်ကနေ ၁၂ မိုင်ဝေးတဲ့အရပ်မှာရှိနေတဲ့ ဇလုံတောင်ကြောင့်ပါပဲ။

ဇလုံတောင်ဆိုတာကို ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်မှာလည်းအတော်များများက တင်လာတဲ့အတွက် အသွားများလာပြီး စိတ်ဝင်စားနေခဲ့တာကြာပါပြီ။ ဇလုံတောင်သွားမယ်ဆိုရင် ဗန်းမောက်မြို့ကို အရင်သွားရပါမယ်။

ဗန်းမောက်မှာ တည်းခိုစရာနေရာကောင်းကောင်းမရှိပါဘူး။ မြို့ကသေးတော့ တည်းစရာက ထမင်းဆိုင် အနည်းအကျဉ်းမှာပဲ တည်းလို့ရနိုင်ပါမယ်။ ဒေသခံမိတ်ဆွေရှိမယ်ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ တောင်ပေါ်မှာ တည်းမယ်ဆိုရင်လည်း ယခု တည်းခိုဆောင်အနည်းငယ်ရှိပြီး ထပ်ဆောက်နေတာလည်း တွေ့ရပါတယ်။

တောင်ပေါ်သို့ ပြေးဆွဲနေတဲ့ Double Cab ကားဂိတ်

ဗန်းမောက်ကနေ ဇလုံတောင်ခြေကို ရောက်ဖို့ နာရီဝက်လောက် ကားစီးရပါတယ်။ လမ်းလည်းသိပ်မကောင်းပါဘူး။ တောင်ခြေရောက်ရင် ကားဂိတ်တွေကို မေးရပါတယ်။ တောင်ပေါ်ပြေးဆွဲတဲ့ Double Cab ကားတွေမှာ လိုက်ပါဖို့ တန်းစီရပါတယ်။ တနာရီနီးပါးကြာ မတ်တပ်ရပ်ပြီး လိုက်စီးရတဲ့ တောင်တက်ခရီးဟာ တော်တော်တော့ ပင်ပန်းပါတယ်။ ဒီလိုမှ မစီးလည်းကိုယ့်ကားနဲ့ကို တက်လို့မရပါဘူး။ လမ်းခရီးက တကယ့် စိမ့်တောမြိုင်ကြီးထဲ မတ်စောက်တဲ့ အကွေ့ အတက်တွေပေါ် ထိုးတက်ရတာကြောင့် ကြောက်တတ်သူတွေအတွက်တော့ မလွယ်ကူလှပါဘူး။

 

မတ်ဆောက်တဲ့ ဇလုံတောင်လမ်း

ဇလုံတောင်ဟာ ပင်လယ်ရေမျက်နှာပြင်ကနေ အမြင့်ပေ ၃၀၉၀ မှာ ရှိပါတယ်။ လမ်းတွေက ရွှံ့တွေနဲ့ အပြင် အခုမှ ဖောက်လက်စနေရာတွေလည်းရှိတာကြောင့် ထိန်းမောင်းရတာရှိသလို၊ အတက်မှာ ဂီယာကြီးနဲ့တက်ရတာတွေ ရှိတဲ့အတွက် ကားပေါ်ကလူကြီးတွေ အတော်ဒုက္ခတော့များပါတယ်။ တောင်ပေါ်ကိုမရောက်ခင် ကျောက်မဏ္ဍပ်ဆိုတဲ့ ကျောက်ဆောင်ကြီးတွေ ပုံစံအမျိူးမျိူးဖြစ်နေတဲ့နေရာကို အရင်ပို့ပါတယ်။ ကျောက်လှေ၊ ကျောက်လိပ်၊ ကျောက်ငရုတ်ဆုံ၊ ကျောက်ကြေးစည်၊ ကျောက်မီးဖိုချောင် စသဖြင့် ခေါ်ဝေါ်ကြတဲ့နေရာတွေကိုလည်း သွားလေ့လာနိုင်ပါတယ်။ အဲဒီနေရာ ကနေ လှမ်းကြည့်ရင် ဇလုံတောင်ကို မြင်ရပါတယ်။

အဲဒီနေရာမှာ နားပြီးရင်ဇလုံတောင်ကို နာရီဝက် ဆက်တက်တဲ့အခါမှာတော့ တောင်သုံးလုံးဆက်နေတဲ့ ကျောက်တောင်ခြေကို ရောက်ပါတယ်။ ကားတွေက အဲဒီအထိပဲ ရပါတယ်။ အဲဒီနေရာကနေ ကျောက်တောင်ပေါ်ကို ခြေလျင်တက်ရပါပြီ။

အများမြင်နေရတဲ့ ကျောက်ဆောင်က ၆၆၆ ပေမြင့်ပါတယ်။ ခမည်းတော်၊မယ်တော်နဲ့ သားတော်တောင်လို့ ခေါ်ပါတယ်။ အရင်ရှိဖူးတဲ့ သမီးတော်တောင်ဆိုတာကတော့ ပြိုကျသွားခဲ့တယ်လို့ဆိုပါတယ်။ ပြိုကျစဉ်ကလည်း ဗန်းမောက်မြို့ တမြို့လုံးတုန်ဟီးခဲ့တယ်လို့လည်း ဆိုပါတယ်။ ခုနှစ် အတိအကျတော့မသိပါဘူး။

 

ကျဉ်းမြောင်းတဲ့ ကျောက်လှေကားကို တက်နေကြတဲ့ ဘုရားဖူးများ

အမြင်နီးပေမယ့် တကယ်တက်တဲ့အခါ မတ်စောက်တဲ့နေရာတွေနဲ့ ကျောက်လှေကားက ထိပ်နားရောက်လေ မတ်လေ ကျဉ်းလေနဲ့ လူတကိုယ်စာတောင်မနည်းဝင်ရတာမျိူးကြောင့် အတော်တော့ ပင်ပန်းတဲ့နေရာဖြစ်ပါတယ်။ ဒီ ကျဉ်းမြောင်း လှတဲ့ နေရာလေးကိုမကျော်နိုင်တဲ့သူဟာ အကုသိုလ်များတဲ့သူတွေလို့ ဘုရားဖူးအချင်းချင်း လက်ဆင့်ကမ်းပြော သွားကြတာကြောင့် ဘယ်လောက်မောမော အောင့်အီးသည်းခံပြီး တက်သွားကြတာကိုလည်း တွေ့မြင်ရပါတယ်။ အကုသိုလ်များတဲ့သူလို့ အပြောမခံချင်ကြတာကတော့ တောင်ထိပ်ထိတက်ရောက်နိုင်ဖို့ သုံးတဲ့ နည်းလမ်းလို့တွေးပြီး ပြုံးမိရပါသေးတယ်။

 

ဇလုံတောင် အလှရှုခင်း

ကျောက်တောင်ပေါ်ကိုရောက်ရင် ပထမအဆင့်မှာ တံတားလေးနဲ့ကူးသွားတဲ့ ဘုရားရောက်ပါတယ်။ နောက်အပေါ် ဆင့်ကတော့ ထိပ်ဆုံးကဘုရားပေါ့။ အတော်တက်ယူရပါတယ်။ ထိပ်ရောက်ရင်တော့ ရှုခင်းနဲ့ လေကောင်းလေသန့်က အင်မတန်ဆွဲဆောင်ပါတယ်။

ဆုတောင်းပြည့်တယ်ဆိုတဲ့အတွက်လည်း လာရောက်ဖူးရကျိူးနပ်တယ်လို့ ဘုရားဖူးတွေကဆိုကြပါတယ်။

ဒေသခံတွေကတော့ ဒီဒေသဟာ နောင်ပွင့်မယ့် အရိမေတ္တယျဘုရား တရားဟောမယ့်နေရာလု့ိ ယုံကြည်ထားကြပါတယ်။ ဒီတောင်ကိုရောက်ပြီးရင် ဘုရားဟောမယ့်တရားနာဖို့ စာရင်းဝင်မယ်ဆိုတဲ့ အယူလည်းရှိနေပါတယ်။ ဘာပဲပြောပြော ကိုယ်မရောက်ဖူးတဲ့ဒေသမှာရှိတဲ့ သဘာဝအလှအပတွေ၊ ယုံကြည်မှုတွေနဲ့ ဆန်းသစ်တဲ့ အရသာကိုတော့ ရမှာ မလွဲတာ ကြောင့် အထက်မြန်မာပြည်က ဒီနေရာတွေကို သဘာဝလည်းခံစား၊ ဘုရားလည်းဖူးရင်း လည်ပတ်သွားလာကြည့်ရင် ခံစားမှုတမျိုးတော့ ရမှာမလွဲပါဘူး။

(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)

Your Thoughts …
Tags: ဇလုံတောင်အင်းတော်ကြီးကန်
ကျော်ဆုမွန်

ကျော်ဆုမွန်

Contributor

Similar Picks:

No Content Available
Next Post
နာမည်ကျော် "Spice Girls" အဖွဲ့  / The Sun

နာမည်ကျော် “Spice Girls” အဖွဲ့ ပြန်လည် ဖွဲ့စည်းဖို့ အသင့်ဖြစ်နေပြီလား

ရန်ကုန်မြို့သစ် ဆောက်လုပ်မည့် ကြည့်မြင်တိုင် တဘက်ကမ်းတွင် နေထိုင်သူတဦးကို လယ်မြေများအတွင်း မြင်ရစဉ် / ဧရာဝတီ

ကြည့်မြင်တိုင် တဖက်ကမ်း မြို့သစ် စီမံကိန်း ရန်ကုန်တိုင်း အစိုးရ ကြီးကြပ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate