• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ဘယ်နိုင်ငံမှာ ဘယ်လိုအနေအထိုင်တွေ မလုပ်ရဘူးလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
18 February 2018
in Travel
A A
ဘယ်နိုင်ငံမှာ ဘယ်လိုအနေအထိုင်တွေ မလုပ်ရဘူးလဲ
4k
VIEWS
Share on FacebookShare on Twitter

“ရောမရောက်ရင် ရောမလိုကျင့်” ဆိုတဲ့ စကားပုံကို ကြားဖူးမှာပေါ့။ ကိုယ့်အိမ်၊ ကိုယ့်မြို့၊ ကိုယ့်တိုင်းပြည်မှာ ဘယ်လို နေထိုင်တဲ့ဓလေ့ပဲ ရှိပါစေ တိုင်းတပါးကို ရောက်ရင်တော့ ကိုယ့်စိတ်ကြိုက်နေလို့ မဖြစ်ပါဘူး။ တိုးတက်လာတဲ့ ခေတ်ထဲမှာ ခရီးသွားလာလည်ပတ်မှုတွေ မြင့်တက်လာပြီး ပြည်ပကို အလည်ဖြစ်စေ၊ အလုပ်နဲ့ ဖြစ်စေရောက်ခဲ့ရင် အခုပြောမယ့် အနေအထိုင် ပုံစံမျိုးတွေကို မလုပ်ပါနဲ့။ ဗဟုသုတအနေနဲ့ နည်းနည်း ဖတ် ထားရအောင်ပါ။

(၁) ဂျပန်ကိုရောက်ခဲ့ရင် Tip Money ဆိုတဲ့ အပိုဆုကြေးမပေးပါနဲ့။ သေချာတာက ဂျပန်ကို ရောက်ဖြစ်ချိန်၊ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ နေဖြစ်၊ စားဖြစ်မယ်။ နိုင်ငံတကာမှာတော့ ဒီလို အပိုဆုကြေးပေးတာ အပြစ် မဟုတ်ပေမယ့် ဂျပန်မှာတော့ အဆင့်နှိမ့်ချဆက်ဆံခြင်းလို့ မြင်ကြပါတယ်တဲ့။ ဒါကြောင့် ဂျပန်ကို ရောက်ဖြစ်ရင် ဘယ်သူ့ကိုမှ အပိုဆုကြေးမပေးပါနဲ့။

RelatedPosts

၂၀၁၉ ခုနှစ်က တွေ့ရသည့် ငွေဆောင်ကမ်းခြေအလှ / Marie Starr / The irrawaddy

လုံခြုံရေး စိတ်မချရသော်လည်း သင်္ကြန်တွင်း ကမ်းခြေသွားလိုသူများ

20 March 2025
1.8k
ညောင်ချောင်းသာကမ်းခြေ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

ညောင်ချောင်းသာကမ်းခြေ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

28 January 2025
1.4k
ဧရာဝတီတိုင်းနား စစ်ပွဲကပ်လာသော်လည်း ချောင်းသာ ငွေဆောင်လာသူများ

ဧရာဝတီတိုင်းနား စစ်ပွဲကပ်လာသော်လည်း ချောင်းသာ ငွေဆောင်လာသူများ

27 December 2024
2.1k

(၂) ရုရှကိုရောက်ရင် လူစိမ်းတွေကို ရယ်မပြပါနဲ့။ တကယ်တော့ ဖော်ရွေမှုအနေနဲ့ ရယ်ပြခြင်း ဖြစ်ပေမယ့် ရုရှတွေက အကြံအစည်တခုခုရှိလို့ မျက်နှာချိုသွေးခြင်းလိုမျိုး မြင်ပါတယ်တဲ့။ ရုရှရောက်ရင် သိပ်ပြီး ဖော်ရွေနေတာ မကောင်းပါဘူး။

(၃) အိန္ဒိယရောက်ရင် ဘယ်လက် အသုံးပြုမှုလျော့ပါ။ အိန္ဒိယယဉ်ကျေးမှု ဓလေ့အရ ဘယ်လက်ဟာ မသန့်ဘူးလို့ ယူဆထားကြပါတယ်။ လက်ဆွဲနှုတ်ဆက်ခြင်းဖြစ်စေ၊ ငွေပေးငွေယူမှာပဲဖြစ်စေ၊ ပစ္စည်း အပေးအယူမှာပဲ ဖြစ်စေ၊ ညာဘက်ကိုပဲ သုံးပါ။

(၄) တရုတ်မှာ တခုခုစားဖြစ်ရင် ပန်းကန်ထဲရှိသမျှ အကုန်မစားပါနဲ့။ ဒါဟာ သင့်ကို ဧည့်ခံကျွေးမွေးသူက ဝအောင် မကျွေးလို့ အကုန်စားလိုက်ရတယ်ဆိုတဲ့ သဘောလို့ ယူဆကြပါတယ်။ နည်းနည်းလေးတော့ ပန်းကန်စောင့် ချန်ထားလိုက်ပါ။ သူတို့လည်း ကျေနပ်သွားပါလိမ့်မယ်။

(၅) နော်ဝေရောက်ရင် ကားဟွန်းမတီးပါနဲ့။ သူ့နိုင်ငံရဲ့ အကျင့်အရ ကားဟွန်းကို အရေးပေါ် အနေအထားမှာပဲ တီးတယ်လို့ ဆိုပါတယ်။ တခြား ကားသမားတွေ လန့်သွားပါလိမ့်မယ်။ အရေးပေါ် အနေအထား မလိုအပ်ဘဲ လုံးဝ ဟွန်းမတီးပါနဲ့။

(၆) ပြင်သစ်ကတော့ ရုရှနဲ့ ဆန့်ကျင်ဘက်ပဲဗျ။ ပြင်သစ်ရောက်ရင် Hello (မင်္ဂလာပါ)လို့ ပြောဖို့ လုံးဝမမေ့ပါနဲ့။ ပြင်သစ်လိုတော့ Bonjour madame, Monsieur ဆိုတဲ့ မင်္ဂလာပုံစံ စကားနဲ့ပဲ အမြဲနှုတ်ဆက် စကားစပါ။ မဟုတ်ရင်တော့ သင်က အဖက်မတန်သလို ဆက်ဆံတယ်လို့ ယူဆခံရပါလိမ့်မယ်။

(၇) ဂျာမနီမှာ စကားပြောနေချိန် ဘောင်းဘီအိတ်ထဲ လက်မထည့်(နှိုက်)ထားပါနဲ့။ ဒါဟာ ဂျာမနီတွေအမြင်မှာ ယဉ်ကျေးမှု မရှိခြင်းပါပဲ။ စားသောက်နေရင်း စကားပြောနေတာ ဆိုရင်လည်း လက်ကို စားပွဲပေါ်မှာပဲ တင်ထားပါ။ ပေါင်ပေါ်မှာ သွားတင်ထားတာမျိုး မလုပ်ပါနဲ့။

(၈) အိုင်ယာလန်မှာ ထိုင်ခုံနေရာသာ အားနေမယ်ဆိုရင် ကားနောက်ဖက်ခန်းထဲ ဘယ်တော့မှ သွားမထိုင်ပါနဲ့။ အိုင်ယာလန် အပါအဝင် သြစတြေးလျ၊ နယူးဇီလန်၊ စကော့တလန်တွေမှာ ကားအခန်းဖွ့ဲထားတာချင်း တူပေမယ့် သာတူညီမျှမှုကို ပိုပြီး အလေးထားကြပါတယ်။ ရှေ့ခန်းမှာ နေရာရရင် ရှေ့ခန်းမှာပဲ ထိုင်လိုက်ပါ။ ဒါဟာ ယဉ်ကျေးမှုကို ပြသခြင်း တခုပါပဲ။

(၉) တောင်အမေရိကတိုက်ကို ရောက်နေချိန် အမေရိကန်ပြည်ထောင်စုကို အမေရိကလို့ အလွယ်မခေါ်ပါနဲ့။ တောင်အမေရိကတိုက်ကလည်း အမေရိကပါပဲ။ ဒါပေမယ့် အမေရိကန်ကို သိပ်သဘောကျကြလို့ ရောနှော ခေါ်ဆိုမှုအဖြစ် မှတ်ယူမနှစ်သက်ကြပါဘူး။

(၁၀) အိန္ဒိယမှာ လက်ဆောင်တခုခု ရခဲ့ရင် ချက်ချင်းဖွင့်မကြည့်ပါနဲ့။ အမေရိကန်လို နေရာမှာဆိုရင်တော့ သင့်ကို ဘာပေးသလဲ ချက်ချင်း ကြည့်စေချင်မှာ မှန်ပေမယ့် အိန္ဒိယမှာတော့ ဘာများလဲလို့ ဆိုတဲ့ ဆန္ဒကို ခဏ ထိန်းထားပါ။ လောသကြီးသူ တယောက်အနေနဲ့ ထင်မြင်ခံရပါလိမ့်မယ်။

(၁၁) နယ်ဟာလန်ကို ရောက်ခဲ့ရင် What do you do? (မင်းဘာလုပ်နေလဲ)ဆိုတဲ့ မေးခွန်းကို မမေးပါနဲ့။ သူတို့ဆီက ပြောဆိုဆက်ဆံမှု အကျင့်အရ အခုလို စပ်စုသလို မေးမြန်းခြင်းကို သဘောမကျဘူးလို့ ဆိုပါတယ်။ လူကြီးလူကောင်းမဆန်ဘူးလို့ ထင်မြင်ခံရတတ်ပါတယ်။

(၁၂) ပြင်သစ်ကို ရောက်ခဲ့ရင် လူကြားထဲ နှာမချေမိပါစေနဲ့။ နှာချေခြင်းကို ရွံစရာအဖြစ် ပြင်သစ်တွေက ယူဆကြပါတယ်။ ပြောဆိုဆက်ဆံနေရာကနေ ခွင့်တောင်းပြီး အဆင်ပြေမယ့် နေရာမှာ နှာသွားချေလိုက်ပါ။ တရုတ်၊ ဂျပန်၊ ဆော်ဒီအာရေဗျနဲ့ တူရကီတွေမှာလည်း ဒီလိုပဲ လူကြားထဲ နှာချေတာကို မနှစ်သက်ကြပါဘူး။

www.rd.com တွင်ဖော်ပြထားတဲ့ Rude! 12 things you should never do in other countries ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: နိုင်ငံပြင်သစ်အနေအထိုင်
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

by ညိုလတ်
10 August 2024
1.8k

ယခု အယ်လ်ဂျီးရီးယား လက်ဝှေ့မယ်၏ ဖြစ်စဉ်သည် လူ့အခွင့်အရေး၊ ကျင့်ဝတ်၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေးများပါ ရှုပ်ထွေးပါဝင်လာပြီဖြစ်၍ အတိအကျသိရရန် ခက်ခဲသွားခဲ့ပါပြီ။

နပိုလီယန် ဘိုနာပတ်

နပိုလီယန် ဘိုနာပတ်

by ဒေါက်တာ သန်းထွန်း
23 February 2025
1.6k

သူက ကြံဖော်ကြံဖက်တွေ အားလုံးကို ကျော်လွှားပြီး ထိပ်ဆုံးကို ရောက်သွားပါပြီ…နပိုလီယန် အာဏာ ကြီးမြင့်လာပုံက မယုံကြည်နိုင်လောက်အောင် မြန်တယ်။

နာဇီ လက်အောက်က ဥရောပ လွတ်မြောက်ရေး နော်မန်ဒီ ကမ်းတက် တိုက်ပွဲ D-Day နှစ် ၈၀ ပြည့်ပြီ

နာဇီ လက်အောက်က ဥရောပ လွတ်မြောက်ရေး နော်မန်ဒီ ကမ်းတက် တိုက်ပွဲ D-Day နှစ် ၈၀ ပြည့်ပြီ

by ဧရာဝတီ
8 June 2024
1.5k

စစ်ရေးသတင်း နှုတ်လုံ မလုံ စမ်းသပ်ရာမှာ စစ်ဆင်ရေးမှာ ပါဝင်တဲ့ စစ်သားတွေ သောက်တဲ့ ဘီယာဆိုင်ကို မိန်းကလေး ချောချောလေးတွေ လွှတ်ပြီး သတင်း နှိုက်ခိုင်းတာတွေလည်း လုပ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်လုပ် လေယာဉ်များက မြန်မာစစ်တပ် ရာဇဝတ်မှုများကို အားပေးကူညီနေ

ပြင်သစ်လုပ် လေယာဉ်များက မြန်မာစစ်တပ် ရာဇဝတ်မှုများကို အားပေးကူညီနေ

by ဧရာဝတီ
29 August 2024
1.3k

မြန်မာတွင် စစ်တပ်သည် ATR များ ဝယ်ယူရန်နှင့် ဆက်လက် ပျံသန်းနိုင်စေရန် အရပ်ဘက် လေကြောင်းလိုင်းများနှင့် ခရိုနီကုမ္ပဏီများကို အသုံးပြုသည်။

တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

by ဧရာဝတီ
7 September 2024
1.2k

ဒီလုပ်ရပ်ဟာ ပြင်သစ် အနေနဲ့ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ပူတင်က ကြာသပတေး နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နပိုလီယန် ဘိုနာပတ် (၂)

နပိုလီယန် ဘိုနာပတ် (၂)

by ဒေါက်တာ သန်းထွန်း
2 March 2025
763

နပိုလီယန် လက်ထက်မှာ နာဇီ (Nazi) စစ်သုံ့ပန်းစခန်း (Concentration Camp) လို ရက်စက်တဲ့ နေရာတွေ နည်းနည်းလေး ဆင်တူတာမျိုးတောင် မရှိပါ။

Next Post
XiaomiMi 7 မော်ဒယ်သစ်ဖုန်းက ဘာတွေ ထူးခြားမှာလဲ

XiaomiMi 7 မော်ဒယ်သစ်ဖုန်းက ဘာတွေ ထူးခြားမှာလဲ

အရေးအကြောင်းတွေကို လွယ်ကူတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်မယ်  / Pinterest/Livestrong/ Healthline

အရေးအကြောင်းတွေကို အလွယ်တကူ ကာကွယ်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်း ၃ ခု

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate