“ဒီနှစ် နွေရာသီမှာ နိုင်ငံခြား ခရီးသွားမယ်”လို့ စိတ်ကူးထားပြီး ဘယ်နိုင်ငံကို အလည်သွားရမှန်း မစဉ်းစားရသေးဘူးလို့ ဆိုတဲ့သူတွေ အတွက် ဈေးသက်သက်သာသာနဲ့ သွားလို့ရမယ့် ၊ မြန်မာနိုင်ငံနဲ့လည်း သွားရတာ သိပ်မဝေးတဲ့ နိုင်ငံခြား ခရီးစဉ် ၅ ခုကို ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) ထိုင်း
လက်ရှိ အချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ဟာ နိုင်ငံတကာ ခရီးသွားဧည့်သည် အများအပြား လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဘန်ကောက်မှာ ဈေးနှုန်းသင့်တင့်ပြီး သန့်ရှင်းတဲ့ ဟိုတယ်တွေရယ်၊ နေရာစုံမှာ စားလို့ကောင်းပြီး ဈေးသက်သာတဲ့ Street food တွေနဲ့ လည်ပတ်စရာ နေရာတွေကလည်း များပြား လှတာကြောင့် အလည်အပတ် သွားသင့်တဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။
(၂) ကမ္ဘောဒီးယား
ကမ္ဘောဒီးယား နိုင်ငံဟာဆိုရင်လည်း ရင်သပ် ရှုမောဖွယ်ရာ လည်ပတ်စရာများနဲ့ ပြည့်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နာမည်ကြီးလှတဲ့ “အန်ကောဝပ် ဘုရားကျောင်း” နဲ့ ဈေးဝယ်ထွက်လို့ ကောင်းတဲ့ “ဖနွမ်းပင် ညဈေး” တို့ရှိတာကြောင့် သွားရောက် လည်ပတ်သင့်ပါတယ်။
(၃) ဖိလစ်ပိုင်
ကမ္ဘာပေါ်က အကြီးဆုံး Shopping Mall ၁၀ ခုမှာ ၃ ခုဟာ ဖိလစ်ပိုင်နိုင်ငံမှာ တည်ရှိတာပါ။ ဖိလစ်ပိုင်မှာ ကိုလိုနီခေတ် အဆောက်အအုံတွေရဲ့ ဗိသုကာလက်ရာတွေကို လေ့လာနိုင်ပြီး Cordilleras တောင်တန်းပေါ်က ကမ္ဘာကျော် လှေကားထစ် စိုက်ခင်းတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။
(၄) ဗီယက်နမ်
ခရီးသွားတွေကြား ရေပန်းစားလှတဲ့ ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ အကြီးဆုံး ကော်ဖီထုတ်လုပ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ရွေးချယ်စရာ ဟိုတယ်တွေ များပြားလှသလို ဗီယက်နမ်ရိုးရာ အစားအစာတွေကလည်း ဈေးသက်သာ တာကြောင့် သွားရောက်လည်ပတ်သင့်ပါတယ်။
(၅) အိန္ဒိယ
ဘာသာ၊ စာပေ ယဉ်ကျေးမှုများစွာ ထွန်းကားတဲ့ အိန္ဒိယနိုင်ငံဟာ ဆိုရင်လည်း လည်ပတ်သွားလာစရာ နေရာတွေ များပြားလှပြီး ရှေးကျပေမယ့် ခေတ်မီတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် သွားရောက် လေ့လာလည်ပတ် သင့်ပါတယ်။
Ref: mtlblog.com