Travel

နွေရာသီမှာ အပန်းဖြေ သွားလို့ကောင်းမယ့် ပြည်တွင်း ကမ်းခြေခရီးစဉ် ၅ ခု

Want create site? Find Free WordPress Themes and plugins.

ပူပြင်းလှတဲ့ နွေရာသီမှာ အပူရှောင်လိုသူတွေနဲ့ ခရီးသွား ဝါသနာပါသူတွေကတော့ အနယ်နယ် အရပ်ရပ်ကို ခရီးသွားဖို့ အဆင်သင့် ဖြစ်နေလောက်ပါပြီ။ ဒီလို နွေရာသီကာလမှာ အပန်းဖြေခရီးထွက်ဖို့ အကောင်းဆုံးနေရာကတော့ ပင်လယ်ကမ်းခြေတွေပဲ ဖြစ်ပါတယ်။

ကမ်းခြေတခုခုကို အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်နေသူတွေအတွက် မြန်မာနိုင်ငံမှာရှိတဲ့ အထင်ကရ ကမ်းခြေခရီးစဉ် ၅ ခုကို ရေးသား ဖော်ပြလိုက်ပါတယ်။

ငပလီကမ်းခြေဟာ အရှေ့တောင်အာရှရဲ့ အလှဆုံး ကမ်းခြေစာရင်းမှာပါ ပါဝင်ပါတယ် (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ)

(၁) ငပလီ ကမ်းခြေ

မြန်မာနိုင်ငံအတွင်းမှာ တင်မကဘဲ အရှေ့တောင်အာရှရဲ့ အလှဆုံး ကမ်းခြေစာရင်းမှာပါ ပါဝင်တဲ့ ငပလီကမ်းခြေကတော့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တည်ရှိပြီး ပင်လယ်ပြာပြာနဲ့ အဖြူရောင် သဲသောင်ပြင်တွေက ပင်ပန်းနေတဲ့ စိတ်တွေကို လန်းဆန်း ကြည်လင်စေမှာပါ။ သွားရတာ ဝေးပေမယ့် လည်ပတ်စရာ နေရာတွေ များလှတာမို့ အပန်းဖြေချင်သူတွေ ရွေးချယ်သင့်တဲ့ နေရာတခုပါပဲ။

ငွေဆောင်ကမ်းခြေဟာ သဘာဝအလှတရားတွေ မပျက်စီးသေးတဲ့ ကမ်းခြေတခုပါ (ဓာတ်ပုံ – Googlemaps)

(၂) ငွေဆောင် ကမ်းခြေ

သဘာဝ အလှတရားတွေ မပျက်စီးသေးတဲ့ ကျယ်ဝန်း လှပတဲ့ ကမ်းခြေတခုပဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အနီးမှာတည်ရှိပြီး ရေကကြည်လင် သန့်ရှင်းလှတဲ့အတွက် ရေနက်ပိုင်းတွေမှာ ခရီးသည်တွေ ရေငုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ကမ်းကပ်လာတဲ့ ငါးဖမ်းစက်လှေလေးတွေနဲ့ ဒေသခံတွေရဲ့ အသက်မွေး ဝမ်းကျောင်း တံငါအလုပ်ကိုလည်း လေ့လာနိုင်ပါသေးတယ်။

ချောင်းသာကမ်းခြေက လူ အသွားများတဲ့ ကမ်းခြေတခုပါ (ဓာတ်ပုံ – Googlemaps)

(၃) ချောင်းသာ ကမ်းခြေ

ချောင်းသာ ကမ်းခြေကတော့ ပုသိမ်မြို့ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ရန်ကုန်မြို့နဲ့မိုင် ၁၅၀ ကွာဝေးပါတယ်။ လူ အသွားများတဲ့ ကမ်းခြေတခုဖြစ်ပြီး အားလပ်ရက်တွေမှာ လည်ပတ်သူ ခရီးသွားများနဲ့ စည်ကားနေတတ်ပါတယ်။

ဂေါ်ရန်ဂျီကျွန်း (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

(၄) ဂေါ်ရန်ဂျီကျွန်း

နာမည်ကြီးတာ နှစ်တွေ သိပ်မကြာသေးပေမယ့် သဘာဝအလှတွေနဲ့ အရိုင်းဆန်ဆန်လှတဲ့ ဂေါ်ရန်ဂျီကျွန်းဟာ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီးမှာ တည်ရှိပါတယ်။ သွားရေးလာရေး၊ လမ်းခရီး ပင်ပန်းပေမယ့် ခရီးသွား ဝါသနာပါသူတွေနဲ့ သဘာဝကို ချစ်မြတ်နိုးသူတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ကမ်းခြေတခု ဖြစ်တာမို့ သွားရောက် လည်ပတ် သင့်ပါတယ်။

ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ် – အရိုင်းဆန်ဆန် သဘာဝအတိုင်း လှနေတဲ့ ဂေါ်ရန်ဂျီကျွန်းသို့ အလည်တခေါက်

မောင်းမကန် ကမ်းခြေ (ဓာတ်ပုံ – ayinsa.com)

(၅) မောင်းမကန် ကမ်းခြေ

မောင်းမကန် ကမ်းခြေကတော့ တနသာၤရီတိုင်း၊ ထားဝယ်မြို့မှာ တည်ရှိပါတယ်။ ထားဝယ်မြို့နဲ့ အနီးဆုံး ကမ်းခြေဖြစ်ပြီး ကျယ်ပြောလှတဲ့ သောင်ပြင်ကျယ်ကြောင့် ရေဆော့လို့ကောင်းတဲ့ ကမ်းခြေတခု ဖြစ်ပါတယ်။ စိတ်အေးလက်အေးနဲ့ သီးသီးသန့်သန့် နေချင်သူတွေ သွားသင့်တဲ့ ကမ်းခြေတခုပဲ ဖြစ်ပါတယ်။

ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ် – ကမ်းခြေမှာ အသားအရေ မပျက်စီးအောင် ဘယ်လို ကာကွယ်ကြမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading