ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ လေဆိပ် ၁၀ ခုကို Skytrax က ဖော်ပြထားပါတယ်။ Skytrax ဟာ လေကြောင်းနဲ့ ခရီးသွားသူတွေ အများဆုံးအသုံးပြုတဲ့ ဝက်ဘ်ဆိုဒ် တခုပါ။
(၁) စင်ကာပူချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၆၂ ဒဿမ၂ သန်း
ချန်ဂီဟာ ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ၆ နှစ်တိတိ ရပ်တည်ထားနိုင်ပါတယ်။ Singapore Airlines, Silkair, Tigerair အပါအဝင် နာမည်ကြီး လေကြောင်းလိုင်း ၁၆ ခုက ဖြတ်သန်း ပြေးဆွဲနေတာ ဖြစ်ပါတယ်။ လှပတဲ့ ဗိသုကာလက်ရာနဲ့ စားသာက်ဆိုင်၊ တန်ဖိုးရှိ ပစ္စည်းတွေအစုံ ဝယ်ယူရရှိနိုင်တဲ့အတွက် ခရီးသွား အများစုရဲ့ မှတ်ချက်ကောင်းကိုလည်း ရရှိထားပါတယ်။
(၂) အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၅၇ ဒဿမ ၈ သန်း
တောင်ကိုရီးယားနိုင်ငံ၊ မြို့တော် အင်ချွန်းရဲ့ အပြင်ဘက်မှာ ရှိပြီး လေကြောင်းလိုင်း ၂၄ လိုင်း ပျံသန်းပြေးဆွဲနေပါတယ်။ လှပတဲ့ အဆောင်အဦ ပြင်ဆင်မှုများနဲ့အတူ ရှော့ပင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေရှိပါတယ်။ ဒါ့အပြင် ကိုရီးယားယဉ်ကျေးမှု ပြတိုက်အဖြစ်လည်း သတ်မှတ်ကြပါတယ်။
(၃) တိုကျိုဟာနဲဒါ အပြည်ပြည်ဆိုင်ရာ လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၇၉ ဒဿမ ၉ သန်း
တိုကျို ဧရိယာမှာ တည်ရှိပြီး စီးပွားရေးသမားနဲ့ ခရီးသွားတွေ အများစု ဖြတ်သန်းတဲ့ နေရာတခု ဖြစ်ပါတယ်။ ကမ္ဘာ့အစည်ကားဆုံး လေဆိပ်အဖြစ် နံပါတ် ၅ နေရာမှာ တည်ရှိပြီး သူ့ရဲ့ သန့်ရှင်းမှု၊ ဈေးဝယ်ထွက်လို့ရတဲ့နေရာတွေကြောင့် နာမည်ကြီးပါတယ်။
(၄) ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၇၀ ဒဿမ ၃ သန်း
ဟောင်ကောင် ကမ်းရိုးတန်းက လူတွေဖန်တီးထားတဲ့ ကျွန်းတခု အပေါ်မှာ တည်ရှိပြီး ၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အာရှရဲ့ အစည်ကားဆုံး လေဆိပ်တခုလည်း ဖြစ်ပါတယ်။ Cathay Pacific, Hong Kong Airlines, Dragoair တို့ အခြေစိုက်ရာလည်း ဖြစ်ပါတယ်။
(၅) ဟားမက် (Hamad) အပြည်ပြည်ဆိုင်ရာ လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၃၇ ဒဿမ ၃ သန်း
၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး Qatar Airways ရဲ့ အခြေစိုက် ဖြစ်ပါတယ်။ ၅၄၀၀ ဧက ကျယ်ဝန်းပြီး ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၆ ဘီလီယမ် ရှိပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ဗိသုကာလက်ရာ အကောင်းစားတွေ ရှိတယ်လို့ Skytrax က ဖော်ပြထားပါတယ်။
(၆) မျူးနစ်လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၄၂ ဒဿမ ၃ သန်း
မျူးနစ်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး ဥရောပမှာ နာမည်ကြီး လေဆိပ်တွေထဲက တခုပါ။ ဖန်တွေနဲ့ တည်ဆောက်ထားပြီး ဧည့်သည်တွေအတွက် ဂေါ့ဖ်ကွင်း အသေးစားနဲ့ သမိုင်းဝင် လက်မှုပစ္စည်းတွေ ကြည့်လို့ရမယ့် ပန်းခြံလည်း ရှိပါတယ်။
(၇) စင်ထရယ် ဂျပန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၉ ဒဿမ ၈ သန်း
နာဂိုယာမြို့အနားမှာ တည်ဆောက်ထားပြီး ဂျပန်လေကြောင်းလိုင်းတွေ အဓိက ပျံသန်း ပြေးဆွဲနိုင်ပါတယ်။ စင်ထရယ်ဟာ ကမ္ဘာ့အကောင်းဆုံး ဒေသဆိုင်ရာ လေဆိပ်အဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ နာဂိုယာ ဆိပ်ကမ်းက ပြေးဆွဲနေတဲ့ သဘောၤတွေကို ကြည့်ရှုနိုင်ပြီး ဂျပန်ရိုးရာ ရေချိုးခန်းတွေလည်း ရှိပါတယ်။
(၈) London Heathrow လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၇၅ ဒဿမ ၇ သန်း
ကမ္ဘာ့ သတ္တမမြောက် နာမည်ကြီး လေဆိပ်ဖြစ်ပြီး လန်ဒန်ရဲ့ အဓိကလေဆိပ် ၅ ခုမှာ အကြီးဆုံး ဖြစ်ပါတယ်။ Birtish Airways နဲ့ Virgin Atlantic လေကြောင်းလိုင်းတွေ အဓိကပြေးဆွဲပါတယ်။
(၉) ဇူးရစ်လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၂၇ ဒဿမ ၇ သန်း
Swiss International Airlines အဓိက အခြေစိုက်ပြီး ဆွစ်ဇာလန်ရဲ့ အကြီးဆုံးမြို့တော်နဲ့ အခြားပြည်နယ် တွေကိုု ဆက်သွယ်ပေးနိုင်တဲ့ အဓိကနေရာ ဖြစ်ပါတယ်။ ခရီးသွားနဲ့ သက်တမ်းတိုး အလုပ်သမားတွေအတွက် စကိတ်နဲ့ စက်ဘီးကိုု လေဆိပ်အတွင်းမှာ ငှားရမ်းပေးပြီး ပြတိုက်ကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။
(၁၀) Frankfurt လေဆိပ်
နှစ်စဉ် ခရီးသည် ပမာဏ – ၆၀ ဒဿမ ၈ သန်း
ဥရောပမှာ စတုတ္ထမြောက် အကောင်းဆုံး လေဆိပ်ဖြစ်ပြီး ဂျက်လေယာဉ်ပေါင်း ၂၈၀ ကျော် ပျံသန်းပြေးဆွဲနေပါတယ်။ သူ့ရဲ့ရှော့ပင်းစင်တာတွေနဲ့ စားသောက်ဆိုင်တွေကိုလည်း ခရီးသွားအများစုက နှစ်ခြိုက်ကြပါတယ်။
ကဲ ဒါတွေကတော့ ကမ္ဘာ့အကောင်းဆုံးလေဆိပ် ၁၀ ခု အကြောင်းပဲ ဖြစ်ပါတယ်။
Ref ; businessinsider.com