• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

အပြာဆုံးရေကန်နဲ့ အပြာဆုံးကမ်းခြေများ

by ချစ်ဖေ (တောင်တွင်းမြေ)
20 April 2018
in Travel
A A
အပြာဆုံးရေကန်နဲ့ အပြာဆုံးကမ်းခြေများ
46.7k
VIEWS
Share on FacebookShare on Twitter

အိပ်မက်နယ်မြေထဲမှာ ရောက်နေတဲ့ သလိုမျိုး၊ ကြည်လင်နေရုံသာမက ပြာလဲ့နေတဲ့ ရေပြင်ကျယ်ကြီးကို ကြည့်ရှုရင်း အပန်းဖြေမယ်၊ စိတ်ပါရင် ရေပြင်ပြာထဲကို ဆင်းကူးပြီး အပန်းဖြေချင်သေးတယ် ဆိုရင်တော့ ကမ္ဘာပေါ်က ရေပြာဖြစ်နေတဲ့ ကန်တွေ၊ ကမ်းခြေတွေကို သိထားဖို့ လိုပါလိမ့်မယ်။ အခုပြောမှာက ကမ္ဘာပေါ်မှာ သဘာ၀ အတိုင်း ရေပြာပြာနဲ့ သာယာလှတဲ့ အပြာဆုံး ကမ်းခြေတွေ အကြောင်းပါ။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
235
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
307
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
758

(၁) အီဂရမ်နွိုင် ကမ်းခြေ (Egremnoi) ။ ။ ဒီကမ်းခြေက ဂရိမှာ ရှိပါတယ်။ လက်ခါဒါကျွန်းပေါ်က ကမ်းခြေ တခုပါ။ အိုင်အိုးနီးယန်း (Ionian) ပင်လယ်ရဲ့ ကမ်းခြေပေါ့။ အခြား ပင်လယ် ကမ်းခြေတွေလို ကမ်းခြေ မြေနေရာ များများ စားစား မရှိပေမယ့် တနေကုန် အနားယူ နေပူဆာလှုံ နိုင်လောက်အောင် သာယာလှပပါတယ်။

(၂) ခရိတ်တာ ရေကန် (Crater Lake) ။ ။ အော်ရီဂွန်ပြည်နယ်မှာ ရှိပါတယ်။ Mazama မီးတောင်ဟောင်း တောင်ထိပ်က အပြာရင့်ရောင် ရေတွေနဲ့ ပြည့်နေတဲ့ အမေရိကန်မှာ အလှပဆုံး ရေကန်တွေထဲက တခုပါ။ ရေလည်း ကြည်ပါတယ်။ မြစ်ရေ ဝင်ရောက်မှု ရှိနေတာကြောင့် ရေလဲ သဘောမျိုး ဖြစ်နေပါတယ်။ အမေရိကန်မှာ အနက်ဆုံး ရေကန်လို့ သတ်မှတ်ထားပြီး အနက် ၁၉၄၃ ပေ ရှိပါတယ်။ နေရောင်က ရေအောက် ပေ ၄၀၀ လောက်ထိ ရောက်ပါတယ်။

(၃) ကွန်ဆွန်း ကမ်းခြေ (Con Son) ။ ။ အရှေ့တောင်အာရှက ဗီယက်နမ်မှာ ရှိပါတယ်။ ထုံးကျောက်ရည် ဆန်ဆန် အပြာရောင် ရေပြင်တွေ အနီးမှာ ကျွန်းငယ်လေး ၁၆ ခု ရှိနေပါတယ်။ ဗီယက်နမ် အရှေ့တောင်ပိုင်း ကမ်းခြေကနေ မိုင် ၁၁၀ အကွာမှာပါ။ ကမ်းခြေက ရွှေရောင်သဲပြင်တွေနဲ့ အပြာရောင်ရေပြင်က လိုက်ဖက် လှပ လွန်းပါတယ်။

(၄) နတ်ဆိုးရဲ့ ပင်လယ်အော် (Devil’s Bay) ။ ။ အင်္ဂလန်အပိုင် Virgin ကျွန်းမှာ ရှိပါတယ်။ နာမည်က နတ်ဆိုးရဲ့ ပင်လယ်အော် လို့ ဆိုပေမယ့် ကမ်းခြေ သဲပြင်က ဖြူလွနေတယ်။ ကျောက်တုံးတွေနဲ့ ကမ်းခြေက ပနံရ ဆွဲဆောင်နေပါ တယ်။ ကျောက်တုံးတွေပေါ်ကို တက်ကစားနိုင်၊ လျှောက်သွားနိုင်တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး မျက်စိတဆုံး မြင်နိုင်ပြီး လူသူဝေးတဲ့ ကျွန်းဖြစ်လို့ အေးအေးလူလူ လည်ချင်သူတွေ အတွက် စိတ်ကြိုက် ဖြစ်မှာပါ။

(၅) ပလစ်ဗိုက်စ်ကန်တော်ကြီး၊ အမျိုးသားပန်းခြံ (Plitvice Lakes National Park) ။ ။ ခရိုအေးရှားမှာ ထိန်းသိမ်းထားတဲ့ ရေကန်နယ်မြေပါ။ စက်မှုမြို့တော် ဇာဂရပ်ကနေ ၂ နာရီကြာ ခရီးပဲ ဝေးပါတယ်။ သစ်တောဥယျာဉ်တခု ဖြစ်ပြီး ၁၉၇၉ ခုနှစ် ကတည်းက ENESCO ကနေ ထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ထားတာပါ။ ရေပြာကန်ပေါင်း ၁၆ ခုလောက် တစုတည်း ရှိနေတာပါ။ ရေတံခွန်တွေလည်း ရှိပါတယ်။ ရေလမ်းကနေ မော်တော်တွေနဲ့လည်း သွားရောက် လည်ပတ် နိုင်ပါတယ်။

(၆) အမ်းဘားဂရစ်စ်ကေး (Ambergris Caye) ။ ။ သြစတြေးလျနိုင်ငံ၊ Belize နယ်မှာ ရှိပါတယ်။ ရေကူးချင်သူ၊ ရေလွှာလျှောစီးပြီး ကမ်းခြေ အရသာ ကောင်းကောင်း ခံစားချင်သူတွေ စိတ်ကြိုက် ဖြစ်မှာပါ။ ရောင်စုံငါးတွေ ရှိလို့ ရေငုပ်ချင်ရင်လည်း ရတယ်၊ ရေအောက် လိုဏ်ဂူပြာ Blue Hole လည်း ရှိသေးတယ်။ သဲပြင်ကလည်း နေဆာလှုံလို့ အထူးကောင်းမွန်ပါတယ်။

(၇) ပန်းငါးပွင့် ရေကန် (Five-Flower Lake) ။ ။ တရုတ်နိုင်ငံ Jiuzhaigou အမျိုးသားပန်းခြံမှာ ရှိပါတယ်။ UNESCO ရဲ့ ထိန်းသိမ်းရေး နယ်မြေတခုပါပဲ။ ရေတံခွန်ကနေ စီးဆင်းလာတဲ့ ရေတွေကနေ အပြာရောင် ရေကန် ဖြစ်နေတာပါ။ ထုံးကျောက် ရေကန်လို့ သတ်မှတ်နိင်ပြီး ပန်းငါးပွင့်ကန်ဆိုတဲ့ အခုကန်က လာရောက်လည်ပတ်သူ အများဆုံး နေရာပါ။ ရေက ကြည်လွန်းလို့ ရေထဲကနေတောင် ဘေးက သစ်ပင်တွေ တောင်တွေကို ကြည့်နိုင်ပါတယ်။

(၈) ဟက်ဗ်လော့်ခ်ကျွန်း (Havelock Island) ။ ။ အိန္ဒိယနိုင်ငံက ပိုင်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲက အသာယာဆုံး ကျွန်းလေးတခုပါ။ သွားရေး လာရေးက အရမ်းတော့ မလွယ်ကူလှပါဘူး။ ကမ်းခြေမှာ ထန်းပင်တွေ၊ ညနေ ဆည်းဆာ အလှ ကြည့်ရှုခံစားနိုင်ဖို့ နေရာကောင်းကောင်းတွေ ရှိလို့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်တာ များပါတယ်။

(၉) အီလပ်စ်ဒီရိုဆာရီယို (Islas de Rosario) ။ ။ ကတ်တာဂီနာကမ်းရိုးတန်က ကျွန်းတခုပါ။ ကိုလံဘီယာမှာ ရှိပါတယ်။ သဲတွေက အဖြူရောင်၊ ရေပြင်က အပြာရောင်၊ လိုက်ဖက်လွန်းလှပါတယ်။ အပူပိုင်း ဒေသ သားရဲနဲ့ အပင်ပေါင်း ထောင်နဲ့ ချီပြီး ရှိနေလို့ လေ့လာချင်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ဟိုတယ်တွေက ကျွန်းမကြီး ဖြစ်တဲ့ Isla Grande ပေါ်မှာ ရှိပြီး အခုကျွန်းလေးကို မော်တော်နဲ့ လာရောက် လည်ပတ်နိုင်ပါတယ်။

(၁၀) ပေတူရေကန်သာ (Peyto Lake) ။ ။ ကနေဒါနိုင်ငံ၊ အယ်ဘာတာမှာ ရှိပါတယ်။ Banff အမျိုးသား ဥယျာဉ်ရဲ့ အစိတ်အပိုင်း တခုပါ။ ရေခဲတောင်တွေကနေ အရည်ပျော်ကျပြီး မြစ်နေက အပြာရောင် ဆန်နေတာပါ။ သူ့လိုပဲ အခြား ရေပြာတွေနဲ့ ပြည့်နေတဲ့ ရေကန်ပေါင်း များစွာ တဆက်တည်း ရှိနေပါသေးတယ်။ ဒါပေမယ့် Peyto ကတော့ အလှဆုံးပါ။ ရေကန် ဝန်းကျင်မှာ တောင်တက်၊ စက်ဘီးစီး စသဖြင့်လည်း သွားလာ လည်ပတ်နိုင်ပါတယ်။

(၁၁) မော်လ်ဒိုက်ဗ် ကျွန်း (The Maldives) ။ ။ ကမ္ဘာပေါ်က အလှဆုံး ကျွန်းတခုပါ။ ဆယ်လီတွေ အလာဆုံး ကျွန်းလို့ ဆိုနိုင်ပါတယ်။ အင်ဒီးယန်းနဲ့ အာရေဘီယံ ပင်လယ်အကြား ဘန်ဂလိုတွေ အစီအရီနဲ့ ကျွန်းလေးပါ။ ရေပြာတွေ၊ သဲသောင်ဖြူ အနားကွပ်တွေနဲ့ လှပပါတယ်။ ရေငုပ်ချင်သူတွေ အတွက်ရော ဘန်ဂလိုလေးရဲ့ အမိုးလေးအောက်မှာ လဲလျောင်းရင်း ပတ်ဝန်းကျင်အလှကို ခံစားချင်သူတွေ အတွက်ပါ အကောင်းဆုံး နေရာပါ။

(၁၂) ပါလာဝမ်သီးခြားကမ္ဘာ (Palawan) ။ ။ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာကနေ လေယာဉ်လေး ခဏတာ စီးလိုက်ရုံနဲ့ ရောက်နိုင်တဲ့ နေရာပါ။ တောတောင်တွေ အပြည့်နဲ့ ကျွန်းပါ။ ကြည်လင်နေတဲ့ ရေတွေ ပတ်လည် ဝိုင်းနေပါ တယ်။ ကျွန်းပတ်လည်မှာ ကမ်းခြေတွေ ရှိပါတယ်။ ကျွန်းစုလေးတွေ စုဝေးနေရာ အစုအဝေး ဖြစ်ပြီး El Nido က ပတ်ဝန်းကျင် ကြည့်လို့ လှပတယ်၊ ရေကစားချင်ရင် Linanacan ကို သွားရမယ်၊ တနေရာတည်းမှာ ကျွန်းအများကြီး လည်ပတ်နိုင်မှာပါ။

(၁၃) တူဆူးပင်လယ်ရေလက်ကြား (To Sua Ocean Trench) ။ ။ တွင်းပေါက်ကြီး (The Big Hole) လို့ လူသိများတဲ့ ဒီ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ရေကန်က တောင်ပစိဖိတ်ဒေသရှိ ဆာမိုအာကျွန်းနိုင်ငံလေးထဲမှာပါ။ Upolu ကျွန်းလေး ပေါ်မှာ ရှိပြီး Lotofoga ရွာလေးကနေ တောတောင်တွေကို ဖြတ်သန်းပြီးမှ အခု ရေကန်လေးကို လာရောက် လည်ပတ်နိုင် မှာ ဖြစ်ပါတယ်။ ရေကန်လေးက သေးငယ်ပေမယ့် ပေ ၁၀၀ လောက် အနက်ရှိပါတယ်။ ရေကန်က ပတ်လည်က တောတောာင်တွေ၊ ကျောက်ဆောင် သစ်ပင်တွေ ဝန်းရံထားပြီး ရေကန်ရဲ့ အောက်ခြေက ပင်လယ်နဲ့ ဆက်စပ်နေတာကြောင့် ပင်လယ်ရေတွေက မြေအောက် ရေလမ်းကြောင်းတွေကနေ စိမ့်ဝင်နေတာ လို့ သိရပါတယ်။ ။

Ref: www.businessinsider.com

Your Thoughts …
Tags: အပြာဆုံးရေကန်နဲ့ ကမ်းခြေများ
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

No Content Available
Next Post
ဘဝခြားကြသူများ

ဘဝခြားကြသူများ

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီ / ဧရာဝတီ

ယန်ဟီးလီ သတင်းမှား ဖြန့်၍ တောင်းပန်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate