တယောက်တည်း ခရီးတွေထွက်ပြီး ပျင်းရိနေရတာထက်စာရင် သင့်ချစ်သူနဲ့အတူ ခရီးထွက်ကြည့်ပါ။ နေရာအသစ်မှာ စကားပြောဖော်၊ အားကိုးဖော်အားကိုးဖက်နဲ့ အမှတ်တရတွေ အတူဝေမျှဖို့အတွက် ချစ်သူနဲ့ ခရီးထွက်သင့်ပါတယ်။ ဒါ့အပြင် အခြား ဘာကြောင့်ချစ်သူနဲ့ ခရီးထွက်သင့်လဲဆိုတာ ပြောပြပေးပါမယ်။
(၁) ချစ်ခြင်းတွေ ပိုင်ခိုင်မြဲစေတယ်
သင့်ချစ်သူနဲ့ ခရီးထွက်တဲ့အတွက် တယောက်နဲ့ တယောက် အကြောင်းပိုသိပြီး အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေ အတူဖန်တီးနိုင်မှာပါ။ နေရာတခုမှာအခက်အခဲတွေ့လို့ ကျော်လွှားခဲ့တာနဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေကို အတူကြုံတွေ့ရခြင်းဟာ သင်တို့ရဲ့သံယောဇဉ်ကို ပိုခိုင်မြဲစေပါလိမ့်မယ်။
(၂) နှလုံးသား တည်ရှိတဲ့နေရာက အိမ်ပါ
ဘယ်နေရာပဲရောက်ရောက် သင်ချစ်သူနဲ့အတူရှိနေတယ်ဆိုရင် သင့်အတွက်က အိမ်မှာရှိနေသလိုပဲ ခံစားရမှာပါ။ ဒီအချက်နဲ့ သင်သူ့ကို တကယ်ချစ် မချစ် ဆန်းစစ်ကြည့်လို့ရတယ်နော်။
(၃) အတူဝေမျှုလို့ ရတယ်
သင်တို့ နဂိုလူမှုဘဝထဲပြန်ရောက်လို့ ငြီးငွေ့လာတဲ့အချိန် ခရီးထွက်တုန်းက အကြောင်းအရာတွေ ပြန်ပြောပြီး ပျော်ရွှင်စရာတွေ ဝေမျှလို့လည်း ရပါတယ်။
(၄) သင့်ချစ်သူအကြောင်း လေ့လာနိုင်တယ်
သူနဲ့ ခရီးထွက်တဲ့အခါ သူကဘယ်လိုလူစားမျိုးလဲဆိုတာ သိနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ သူဟာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားတယ်၊ ဒုက္ခရောက်တဲ့အချိန် သင့်ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ မျိုးကို လေ့လာနိုင်မှာပါ။
(၅) မငြီးငွေ့ဘူး
တနေ့တနေ့ တွေ့လိုက်၊ မုန့်စားလိုက်နဲ့ ဘယ်သွားလို့ သွားရမှန်းမသိတဲ့ စုံတွဲတွေအတွက် ခရီးထွက်ခြင်းက အကောင်းဆုံး နည်းလမ်းပါ။ ဒါ့အပြင် ရိုမန်တစ် ဆန်တဲ့ အခိုက်အတန့်တွေလည်း အတူဖန်တီး နိုင်တဲ့အတွက် သမရိုးကျ ဒိတ်လုပ်တာထက်စာရင် ပျော်စရာကောင်းမှာအမှန်ပါပဲ။
ခရီးထွက်ပြီးတဲ့စုံတွဲတိုင်း တယောက်အကြောင်း တယောက်နားလည်လာပြီး တွဲလက်တွေ ပိုခိုင်မြဲတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါကြောင့်ခရီးထွက်ဖို့ အကြံရှိတယ်ဆိုရင် ချစ်သူနဲ့အတူ သွားကြည့်ပါ။