ကမ္ဘာပေါ်မှာ သွားလာလည်ပတ်နိုင်တဲ့ နိုင်ငံတွေအများကြီးထဲကမှ ခရီးသွားလာရတာ နှစ်သက်သူတွေ သတိပြုသင့်တဲ့ အန္တရာယ် အရှိဆုံး နိုင်ငံ ၇ နိုင်ငံကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြ လိုက်ပါတယ်။
(၁) အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံဟာ အခုနောက်ပိုင်းမှာ လေထုညစ်ညမ်းမှုနဲ့ ရေကြောင့်ကူးစက် ပံျ့နှံတတ်တဲ့ရောဂါတွေ ဖြစ်ပွားမှုဟာ မြင့်တက်လာတာကြောင့် နိုင်ငံတကာအရေးပေါ် ဆေးကုသဝန်ဆောင်မှု အေဂျင်စီတွေက သွားရောက်ဖို့ သတိထားသင့်ကြောင်း ပြောဆိုထားတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။
(၂) ဟာဝါရီကျွန်း
ဟန်းနီးမွန်း ထွက်သူတွေအများစု ရွေးချယ်သွားရောက်လေ့ရှိကြတဲ့ ဟာဝါရီက Kilauea မီးတောင်ဟာ ၂၀၁၇ ခုနှစ်မှာ ထပ်မံ ပေါက်ကွဲခဲ့ပြီး ချော်ရည်ပူတွေကြောင့် အနီးအနားကနေထိုင်သူတွေ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ မကြာခဏ ဆိုသလို ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်တတ်တာကြောင့် သွားရောက်လည်ပတ်ဖို့ သတိပြုသင့်တဲ့နေရာပဲ ဖြစ်ပါတယ်။
(၃) ဘရာဇီးနိုင်ငံ
ဘရာဇီးနိုင်ငံဟာ ရာဇဝတ်မှုတွေ ပေါများတဲ့ နိုင်ငံဖြစ်တဲ့အပြင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပေါ်တာကြောင့် သွားလာလည်ပတ်ဖို့ သတိထားသင့်ပါတယ်။
(၄) အီဂျစ်နိုင်ငံ
အိဂျစ်နိုင်ငံက ခရီးသွား ဧည့်သည်အများစု လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ မကြာခဏ ကြုံတွေ့ရတဲ့ နိုင်ငံဖြစ်တာကြောင့် ယုံကြည်ရတဲ့ ခရီးသွား အေဂျင်စီတွေနဲ့သာ သွားရောက် လည်ပတ်သင့်တဲ့ နိုင်ငံဖြစ်ပါတယ်။
(၅) ဘော်နီယိုကျွန်း
သဘာဝ အလှအပတွေကြောင့် ကျော်ကြားလှတဲ့ မလေးရှားနိုင်ငံက ဘော်နီယိုကျွန်းဟာ လှပပေမယ့် ရွေးကောက်ပွဲ ကာလတွေတုန်းက ကမ္ဘာလှည့် ခရီးသွားတွေကို ပြန်ပေးဆွဲတာမျိုးတွေ ရှိတာကြောင့် နိုင်ငံရေး မတည်ငြိမ်တဲ့ကာလ တွေမှာတော့ သွားရောက်လည်ပတ်ဖို့ သတိပြုသင့်ပါတယ်။
(၆) ယီမင်နိုင်ငံ
နိုင်ငံရဲ့နေရာတော်တော်များများမှာ အကြမ်းဖက်သမားတွေ အုပ်စိုးနေပြီး လူစည်ကားတဲ့ ဘတ်စ်ကားဂိတ်တွေ၊ ဘူတာနဲ့ Shopping Centre တွေမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ပွားလေ့ရှိတာကြောင့် သွားရောက်မယ်ဆိုရင်တောင် ပြန်လည် စဉ်းစားသင့်ပါတယ်။
(၇) ရုရှားနိုင်ငံ
နိုင်ငံရဲ့ နေရာတော်တော်များများက အန္တရာယ်ရှိတယ်လို့ ပြောလို့မရပေမယ့် အကြမ်းဖက်သမားတွေ အများစုဟာ ရဲဌာနတွေကို အဓိကထား တိုက်ခိုက်လေ့ရှိတာကြောင့် သွားရောက်လည်ပတ်ဆိုရင်တော့ နိုင်ငံတွင်းသတင်းတွေကို မျက်ခြည် မပျက်ဖို့ လိုပါတယ်။
Ref ; www.rd.com