နေရာဒေသ အသစ်တခုကို ရောက်တဲ့အခါတိုင်း တည်းခိုစရာ နေရာအဖြစ် ဟိုတယ်တွေက အရေးပါလှပါတယ်။ ဟိုတယ်တွေမှာလည်း သမိုင်းနဲ့ သက်ဆိုင်တဲ့ အငွေ့အသက်တွေ ရှိတာကြောင့် စိတ်ဝင်စားစရာ ကောင်းလှတဲ့ ကမ္ဘာ့သက်တမ်း အကြာဆုံး ဟိုတယ်တွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Nishiyama Onsen Keiunkan
ဂျပန်နိုင်ငံ Yamanashi မြို့မှာတည်ရှိတဲ့ ဒီဟိုတယ်ဟာ ဂရင်းနစ်စံချိန်မှတ်တမ်းတွေအရ ကမ္ဘာ့သက်တမ်း အကြာဆုံး ဟိုတယ်ဖြစ်ပြီး မျိုးဆက် ၅၂ ခုကနေ လက်ဆင့်ကမ်း ထိန်းသိမ်းလာကြတာ ဖြစ်ပါတယ်။
(၂) Hoshi Ryokan
ဒီဟိုတယ်ဟာ ဆိုရင်လည်း ဂျပန်နိုင်ငံမှာပဲ တည်ရှိတာဖြစ်ပြီး ဂျပန်ယဉ်ကျေးမှုအရ တည်းခိုခန်းတွေကို Ryokan လို့ ခေါ်ဆိုလေ့ရှိကြပါတယ်။ ဂျပန်ဗိသုကာပညာအတိုင်း ကြမ်းခင်းတွေကို အသုံးပြုထားပြီး ခေါက်လိပ်ပြီး သိမ်းထားနိုင်တဲ့ ဂျပန်မွေ့ရာနဲ့ ဒေသတွင်း အစားအသောက်တွေ ရနိုင်တဲ့ ဟိုတယ်တခုလည်း ဖြစ်ပါတယ်။ Hoshi Ryokan ဟိုတယ် ကိုတော့ မျိုးဆက် ၄၈ ခုက လက်ဆင့်ကမ်း ထိန်းသိမ်းလာကြတာပဲ ဖြစ်ပါတယ်။
(၃) TheMaids Head Hotel
ဒီဟိုတယ်ကတော့ UK နိုင်ငံရဲ့ Norwich မြို့မှာ တည်ရှိတာဖြစ်ပြီး ၁၀၉၀ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၀၉၀ ခုနှစ်ကနေစလို့ ယခုအချိန်အထိ ဧည့်သည်အမြောက်အမြားကို လက်ခံနေဆဲ ဖြစ်ပါတယ်။ ဒီဟိုတယ်ကို ဘာကြောင့်ေ ရွးချယ်ကြသလဲဆိုရင် အင်္ဂလန်ရဲ့လှပတဲ့ မြင်ကွင်းတွေကို မြင်တွေ့နိုင်လို့ပဲ ဖြစ်ပါတယ်။
(၄) Zum Roten Baren
ဂျာမနီနိုင်ငံရဲ့ Freiburg မြို့မှာ တည်ရှိတာဖြစ်ပြီး ၁၁၂၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီရဲ့ သက်တမ်းအရင့်ဆုံးဟိုတယ်တခုဖြစ်ပြီး Freiburg မြို့ကို စတင်မထူထောင်ခင် နှစ်ပေါင်း ၃၀၀ လောက်ကတည်းက တည်ရှိနေခဲ့တဲ့ ဟိုတယ်လည်းဖြစ်ပါတယ်။
(၅) The Old Bell
ဒီဟိုတယ်ကတော့ အင်္ဂလန်နိုင်ငံ Berkshire မှာ တည်ရှိတာဖြစ်ပြီး ၁၁၃၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၉၀၀ ခန့်သက်တမ်းရှိတဲ့ ဒီဟိုတယ်ရဲ့ အမှတ်တံဆိပ်မှာ ပါဝင်တဲ့ ခေါင်းလောင်းဟာ အရေးကြီးတဲ့ ဧည့်သည်တွေ တည်းခိုနေကြောင်း အသိပေးတဲ့ သဘောကိုဆောင်ပါတယ်။ သမိုင်းဆိုင်ရာအချက်အလက်တွေ သုတေသနပြုသူတွေ အတွက်တော့ အထောက်အကူပြုနိုင်တဲ့ ဟိုတယ်တခုပဲ ဖြစ်ပါတယ်။
Ref ; www.ba-bamail.com