သဘာဝတရားကြီးဟာ သင်မထင်မှတ်ထားမိလောက်အောင် ဆန်းကြယ်လွန်းလှပါတယ်။ တခါတလေမှာ ဆန်းပြား လွန်းလို့ စိတ်ကူးယဉ်တွေလို့ ထင်ရပေမယ့် အပြင်မှာလည်း တကယ်ရှိနေတာတွေ့ရပါတယ်။ အခုဖော်ပြပေးမယ့် နေရာ ၅ ခုကတော့ အပြင်မှာတကယ်ရှိနေပြီး သင့်အနေနဲ့မယုံနိုင်လောက်အောင် အံ့သြသင့်သွားစေမှာပါ။
(၁) ရောင်ပြန်ဆားမျက်နှာပြင်
အင်္ဂလိပ်လို Salt flat လို့သိကြတဲ့ဒီနေရာဟာ ရောင်ပြန်ဟပ်နေတာကြောင့် အောက်ခြေမျက်နှာပြင်ကို ငုံ့ကြည့်လိုက်ရင် သင့်ကိုယ်သင်ပြန်တွေ့ရမှာပါ။ Salar de Uyuni လို့သိကြပြီး ကမ္ဘာ့အကြီးဆုံး Salt flat တခုလည်းဖြစ်ပါတယ်။ ဘိုလီးဗီးယား အနောက်တောင်ဘက်မှာ တည်ရှိပါတယ်။
(၂) သလင်းကျောက်ဂူ
သူကတော့ မက္ကဆီကိုမှာတည်ရှိပြီး ကမ္ဘာ့အကြီးဆုံး သလင်းကျောက်ဂူတခု ဖြစ်ပါတယ်။ အံ့အားသင့်စရာ ကောင်းလောက်အောင် လှပနေတဲ့ သဘာဝတရားကို အဲဒီ့နေရာမှာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၃) ပန်းရောင်ရေကန်
ဒီပန်းရောင်ရေကန်က ပင်လယ်သမုဒ္ဒရာထက် ၁၀ဆပိုငန်ပါတယ်။ သူက သြစတြေးလျမှာရှိပြီး ဘာကြောင့် ပန်းရောင် ဖြစ်ရသလဲဆိုတာ သိပ္ပံပညာရှင်တွေ အဖြေထုတ်နေဆဲပဲ ဖြစ်ပါတယ်။
(၄) အေးခဲနေတဲ့ ရေပူဖောင်းတွေ
Abraham Lake လို့ သိကြပြီး ကနေဒါမှာ ရှိပါတယ်။ ပူစီဖောင်းလေးတွေဟာ ပျောက်ကွယ် မသွားဘဲ အေးခဲနေတာကို အံ့အားသင့်ဖွယ်တွေ့ရမှာ ဖြစ်ပါတယ်။
(၅) တလက်လက်တောက်ပနေတဲ့ ကမ်းခြေ
ဖိုတိုရှော့ လုပ်ထားတာ မဟုတ်ဘဲ တလက်လက် တောက်ပနေတဲ့ ဒီစိတ်ကူးယဉ်ဆန်ဆန် ကမ်းခြေကို မော်ဒိုက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုတောက်ပနေရတာဟာ သေးငယ်တဲ့ Marine Microbes တွေဖြစ်တဲ့ Phytoplankton ကြောင့်ပဲဖြစ်ပါ တယ်။ အရမ်းကို ဆန်းကြယ်လွန်းတာကြောင့် အပြင်မှာသာတွေ့ရင် မှင်သက်မိမှာ မလွဲပါဘူး။
Ref : www.earthporm.com