ကိုယ်ချစ်ရသူနဲ့အတူ Romantic (စိတ်ကူးယဉ်ဆန်) တဲ့ နေရာတွေမှာ ဒိတ်လုပ်ဖို့ လူတိုင်း ဘဝမှာ တခါတော့ စိတ်ကူးယဉ်မိကြမှာပါ။ အချစ်က လူတိုင်းနဲ့ မကင်းတာကြောင့် ကမ္ဘာတဝန်းမှာ ရိုမန့်တစ်ဆန်တဲ့ နေရာလေးတွေ ဖန်တီးထားလေ့ ရှိပါတယ်။
အခုဖော်ပြပေးမယ့် နေရာ ၅ ခုကတော့ ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်ဆန်ဆန် လှတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
(၁) Paris (ပဲရစ်)
ပဲရစ်ဆိုတာနဲ့ ရိုမန့်တစ်ဆန်ပြီး ချစ်သူနဲ့ သွားဖို့ကို စိတ်ကူးပြီးသားဖြစ်မှာပါ။ မီးမှိန်မှိန်၊ ကော်ဖီဆိုင်လှလှလေးတွေ၊ ဝိုင်နဲ့ အခြားသော အနုပညာတွေက ပဲရစ်ကို စိတ်ကူးယဉ်ဆန်စရာ အချစ်မြို့တော်အဖြစ် ပုံဖော်ထားတာကြောင့် ပိုက်ဆံရှိတယ်ဆိုရင်တော့ အီဖယ် တာဝါအောက်မှာ အနမ်းတွေဖလှယ်ရင်း အမှတ်တရတွေ ဖန်တီးသင့်ပါတယ်။
(၂) Santorini (ဆန်တိုရီနီ)
ဂရိက ဆန်တိုရီနီဟာလည်း အရမ်းကို လှတဲ့ နေရာတခုပါ။ ဆန်တိုရီနီကျွန်းပေါ်ကနေ နေဝင်ချိန်ကြည့်တာကို ချစ်ရတဲ့သူနဲ့အတူ လုပ်ဆောင်ခြင်းအားဖြင့် မေ့မရတဲ့နေ့ရက်တွေ ဖန်တီးနိုင်ပါတယ်။
(၃) Venice (ဗင်းနစ်)
အီတလီက ဗင်းနစ်ဟာလည်း ရေပေါ်အိမ်နဲ့ လမ်းတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်သလို လှပတာကြောင့် စုံတွဲတွေ သွားလေ့ရှိပါတယ်။
(၄) Maldives (မော်လ်ဒိုက်)
ကဲ နောက်ထပ် ရိုမန့်တစ်ဆန်တဲ့ အချိန်တွေကို ဖန်တီးဖို့အတွက် ဆိုရင် မော်လ်ဒိုက်ကမ်းခြေကိုလည်း မေ့ထားလို့ မရပါဘူး။ ကြည်ပြာပြာ ရေပြင်၊ အဆုံး မရှိတဲ့ ဖြူလွှလွှ သဲသောင်ပြင်မှာ ချစ်သူလက်ကိုတွဲကာ လမ်းလျှောက်လို့ ရတာကြောင့် အဲဒီနေရာဟာလည်း ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်တဲ့ နေရာတွေထဲက တခုပေ့ါ။
(၅) Casablanca (ကာဆာဘလန်ကာ)
မော်ရိုကိုက ကာဆာဘလန်ကာဟာလည်း ရုပ်ရှင်တွေထဲမှာ အချစ်မြို့တော်အဖြစ် ဖန်တီးထားတာ တွေ့ရမှာပါ။ သူ့ရဲ့ ကမ်းခြေ၊ ချစ်စဖွယ် ကျေးလက်နဲ့ အခြားသော အရာတွေဟာလည်း စုံတွဲတွေအတွက် ခံစားချက်တခုကို ပေးစွမ်းနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်ဆန်ပြီး လှတဲ့ နေရာတွေ နောက်ထပ် အများကြီးရှိသေးပေမယ့် အခုဖော်ပြထားတဲ့ နေရာတွေက စာဖတ်သူ ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်။