Travel

နိုင်ငံပေါင်း ၈၀ ကျော်ကို ၅ နှစ်အတွင်း ခရီးသွားခဲ့ကြတဲ့ အငြိမ်းစားစုံတွဲ

Want create site? Find Free WordPress Themes and plugins.

Michael နဲ့ Debbie Campbell တို့စုံတွဲဟာ သူတို့ရဲ့အငြိမ်းစားယူပြီးချိန်တွေမှာ ကမ္ဘာအနှံ့ ခရီးသွားဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်အရ နှစ်နှစ်အတွင်းမှာ နိုင်ငံပေါင်း ၃၁ နိုင်ငံကို လှည့်လည် သွားလာနိုင်ခဲ့ကြပြီး အချိန်တော်တော်များများကိုတော့ အဝေးပြေး လမ်းမတွေပေါ်မှာနဲ့ လေဆိပ်မှာပဲ ကုန်လွန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဲဒီ ၂ နှစ်အတွင်းမှာ သူတို့ရဲ့အိမ်ကို ခရီးစရိတ်အတွက် ငှားရမ်းထားပြီး ဒီနောက်ပိုင်းမှာတော့ နိုင်ငံပေါင်း ၈၀ ဆီ ခရီးသွားလာနိုင်ဖို့အတွက် အပြီးတိုင်ရောင်းချခဲ့ပါတယ်။

ဒီစုံတွဲဟာဆိုရင် ခရီးသွားစရိတ်အဖြစ် တညကို ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၉၂ ဒေါ်လာကို အသုံးချခဲ့ကြပါတယ်။ သူတို့ရဲ့ အခုလို လှည့်လည်သွားလာနိုင်မှုအပေါ်ကို တခြားသော အငြိမ်းစားယူထားသူတွေက အားကျခဲ့ကြတာကြောင့် အီးမေးလ်တွေနဲ့ အကြံဉာဏ်တွေကိုလည်း တောင်းခံခဲ့ကြပါတယ်။

ဒီလိုခရီးတွေ အဆက်မပြတ်ဆိုသလို သွားလာနိုင်တဲ့ သူတို့စုံတွဲဟာဆိုရင် အသက်အရွယ်အားဖြင့် Michael က ၇၂ နှစ် ဖြစ်ပြီး ဇနီးဖြစ်သူ Debbie ကတော့ ၆၂ နှစ်ပဲ ဖြစ်ပါတယ်။ သူတို့ တယောက်ကို တယောက် မေးလေ့ရှိတဲ့ မေးခွန်းကတော့ “ငါတို့ ဒီနေရာကနေ ဘယ်ကို ဆက်သွားလို့ရမလဲ” ဆိုတာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ပထမဦးဆုံးခရီးစဉ်ကတော့ နယူးဇီလန်နိုင်ငံဖြစ်ပြီး အဲဒီကနေမှတဆင့် သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘေဂျင်း၊ ဟောင်ကောင်၊ ဆိုးလ်နဲ့ ခရီးစဉ်ရဲ့ အဆုံးသတ် ကတော့ တိုကျို ပဲဖြစ်ပါတယ်။

သူတို့ခရီးစဉ်တွေရဲ့ အဓိကသွားလာ ဖြစ်တဲ့ နေရာတွေကတော့ သမိုင်းဆိုင်ရာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာအများစုပဲဖြစ်ပြီး ရှာရှာဖွေဖွေအနေနဲ့ သင်္ချိုင်းဂူတွေဆီကိုပါ သွားရောက် လေ့လာခဲ့ကြပါသေးတယ်။

“လက်ထပ်ထားတဲ့စုံတွဲတွေ အများစုဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ နားလည်နိုင်စွမ်းတွေ လျော့နည်းလာတတ်ကြတယ်ဆိုပေမယ့် ကျမတို့အနေနဲ့ကတော့ ခရီးတွေသွားလာနေသမျှ ကာလပတ်လုံးမှာ တယောက်နဲ့တယောက် သည်းခံနိုင်စွမ်းနဲ့ အချစ်တွေပဲ တိုးတိုးလာတာချည်းပါပဲ။ ဒါကလည်း ခရီးတွေသွားလာနေတာနဲ့ သက်ဆိုင်မယ်လို့ ကျမ ထင်ပါတယ်”လို့ Debbie က ပြောပါတယ်။

အခုလို ခရီးတွေသွားလာနိုင်တဲ့ သူတို့စုံတွဲဟာဆိုရင် လူငယ်တွေနဲ့ လူကြီးတွေကြားထဲမှာ ရေပန်းအစားဆုံး အားကျစရာ ပုဂ္ဂိုလ်တွေအဖြစ်ရှိနေကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ဘလော့မှာ ဆိုရင်လည်း ခရီးသွားလာရေး အတေ့ွအကြုံတွေနဲ့ပတ်သက်ပြီး အမြဲလိုလို မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။

Ref ; www.nytimes.com

Did you find apk for android? You can find new Free Android Games and apps.
Loading