ခရီးသွား နှစ်သက်သူတွေ မဖြစ်မနေ Follow လုပ်ထားသင့်တဲ့ Travel Page ၅ ခု
နိုင်ငံတကာကို ခရီးသွားလာရတာ နှစ်သက်သူတွေအနေနဲ့ ဘယ်နိုင်ငံမှာ ဘယ်လို ထူးခြားတဲ့ နေရာတွေ ရှိလဲ၊ စိတ်ဝင်စားစရာ ကောင်းလှတဲ့ နေရာတွေကို ဘယ်လိုစုံလင်အောင် လည်ပတ် သွားလာရမလဲ ဆိုတာတွေကို သိရှိနိုင်အောင်လို့ အထောက်အကူပြုမယ့် Travel Page တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁) Nas Daily
မြန်မာနိုင်ငံကို လွန်ခဲ့တဲ့လ အနည်းငယ်က လာရောက် လည်ပတ်ခဲ့တဲ့ Nas ရဲ့ “Nas Daily” ဆိုတဲ့ Page လေးမှာတော့ သူသွားခဲ့တဲ့ နေရာဒေသတွေရဲ့ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အကြောင်း တွေကို ၁ မိနစ် ဝန်းကျင်ခန့်သာရှိတဲ့ ဗီဒီယိုတွေနဲ့ ရိုက်ကူးပြသထားတာတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
(၂) Twenty Something Travel
ဒီ Page လေးကတော့ တကိုယ်တော်ခရီးသွားချင်သူတွေအတွက် ဘယ်နေရာရောက်ရင် ဘယ်လို စီစဉ်နေထိုင်ရမလဲ ဆိုတာတွေနဲ့ ခရီးသွားလာရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို Page မှာရော Website မှာပါ စုံစုံလင်လင် ဖော်ပြပေးနေတဲ့ Travel Page လေးတခုပဲ ဖြစ်ပါတယ်။
(၃) Postcards From Rachel
Rachel ဆိုတဲ့ စွန့်စားသွားလာရတာ နှစ်သက်တဲ့ အမျိုးသမီးတဦးရဲ့ Page ဖြစ်ပြီး သူမသွားခဲ့သမျှ ခရီးစဉ်တွေရဲ့ ကောင်းသည်၊ ဆိုးသည်ကို ရိုးရိုးသားသား ဝန်ခံရေးသားလေ့ရှိတဲ့ Blogger တဦးလည်း ဖြစ်ပါတယ်။
သူမ ရေးသားထားတဲ့ ခရီးသွားလာရေးဆောင်းပါးလေးတွေဟာ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရတာ ကောင်းလှ သလို ငွေကုန်ကြေးကျသက်သာစေတဲ့ နည်းလမ်းလေးတွေကိုလည်း ထည့်သွင်းဖော်ပြ ပေးတတ်တာကြောင့် Follow လုပ်ထားသင့်တဲ့ Page တခု ဖြစ်ပါတယ်။
(၄) Nomadic Matt
၂၀၀၆ ခုနှစ်လောက်တည်းကနေ Page ကိုစတင်တည်ထောင်ခဲ့ပြီး ရေရှည်မှာ ခရီးတွေများများ သွားချင်သူတွေအတွက်တော့ ဒီ Page က အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ခရီးစဉ် အတိအကျတွေ အပြင် နေရာဒေသတခုချင်းစီရဲ့ အကြောင်းအရာတွေကို ဓာတ်ပုံတွေစုံစုံလင်လင်နဲ့ သေချာရှင်းလင်း ဖော်ပြထားတာတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
(၅) Art Of Adventuring
ဒီ Page ပိုင်ရှင်ကတော့ စာရေးဆရာတယောက်ဖြစ်ပြီး သူဟာ ခရီးသွားလာရာမှာ အချိန်ပေးနိုင်ဖို့ အတွက် အလုပ်ကနေထွက်ပြီး ခရီးသွားလာရေး အတွေ့အကြုံတွေကို ဝေမျှနေသူပဲ ဖြစ်ပါတယ်။
Ref ; www.lifehack.org