Travel

ထိုင်းနိုင်ငံကို ဈေးသက်သက်သာသာနဲ့ ဘယ်လိုအလည်သွားမလဲ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားအများစု သွားရောက်လည်ပတ်ကြတဲ့ အကြောင်းရင်းတွေကတော့ လှပတဲ့ ကမ်းခြေနဲ့ ရှုခင်းတွေ၊ အရသာရှိတဲ့ အစားအသောက်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်း ယဉ်ကျေးမှုတွေကြောင့်လို့ပဲ ဆိုရမှာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ သွားရောက် လည်ပတ်ရတာ လွယ်ကူတဲ့အပြင် ခရီးသွားလာ ကုန်ကျ စရိတ်စကတွေကလည်း တခြားနိုင်ငံတွေထက် အများကြီး သက်သာတာကြောင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ အမြဲလိုလို စည်ကားနေပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ခရီးသွားတွေ သွားလာလည်ပတ်မှု အများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို ဈေးသက်သက်သာသာနဲ့ ဘယ်လို အလည်အပတ်သွားနိုင်မလဲဆိုတာ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လေယာဉ်လက်မှတ် လက်မှတ် ကြိုတင်ဝယ်ယူပါ

ဈေးသက်သက်သာနဲ့ ထိုင်းနိုင်ငံကို အလည်အပတ် သွားချင်သူတွေကို ပထမဦးဆုံးအနေနဲ့ အကြံပြုချင်တာကတော့ လေယာဉ်လက်မှတ်ကို ကြိုတင် ဝယ်ယူဖို့ပဲ ဖြစ်ပါတယ်။ ပွင့်လင်းလာတဲ့ ခရီးသွား ရာသီချိန်ခါတွေမှာ Travels & Tours Agency တွေ များစွာ ရှိပေမယ့် ကိုယ့်ဘာသာ ကိုယ် သွားရင်လည်း ထိုင်းနိုင်ငံက သွားရ လွယ်ကူတဲ့ နိုင်ငံဖြစ်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားဖို့ကို အကြံ ပြုချင်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ကို တိုက်ရိုက်ရောက်နိုင်တဲ့ လေကြောင်း လိုင်းများစွာရှိတဲ့အပြင် လေယာဉ်လက်မှတ်ခတွေကလည်း သက်သာတာကြောင့် လက်မှတ်ကြိုတင်ဝယ်ထားတာက ပိုပြီး သက်သာသလို ပိုပြီး စိတ်ချရပါတယ်။

(၂) တည်းခိုစရာ စီစဉ်ပါ

 

 

နေရာထိုင်ခင်းအတွက်ကတော့ ထိုင်းနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်မယ့် “Laksameenarai GH”, “Viman Gueshouse”, “Rang Kha Mhin”, “Korbua” စတဲ့ ဘတ်ဂျက် ဟိုတယ်တွေ များစွာရှိတဲ့အပြင် Couchsurfing နဲ့ Agoda.com ဆိုတဲ့ ဝက်ဘ်ဆိုက်တွေကနေ သင်လိုချင်တဲ့ ဈေးနှုန်းအတိုင်းအတာနဲ့ တည်းခိုနိုင်မယ့် ဟိုတယ်တွေကို ရှာဖွေကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ Home stay နေချင်သူတွေအနေနဲ့လည်း အဲဒီ ဝက်ဘ်ဆိုက်တွေကနေပဲ ရှာဖွေကြည့်ရှု နိုင်ပါတယ်။

နောက်တခုက ထိုင်းနိုင်ငံမှာ နောက်ပိုင်း တကိုယ်တော် ခရီးသွားတွေနဲ့ လူငယ်တွေကြားမှာ ခေတ်စားတာ Hostel (အဆောင်) နေခြင်းပါ။ Hostel တွေက တညကို အမေရိကန် ဒေါ်လာ ၁၀ ဝန်းကျင်ပဲ ရှိတာကြောင့် မြန်မာငွေ တသောင်းကျော် ဝန်းကျင်နဲ့ Facilities ကောင်းကောင်း တည်းခိုနိုင်ပါသေးတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေ များစွာ ရှိပြီး ဒီနေရာတွေကလည်း နေရာထိုင်ခင်းအတွက် အကူအညီပေးနိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေဆီမှာ တည်းခိုနိုင်ဖို့ သင်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်နေမှရယ် မဟုတ်ဘဲ တခြားဘာသာဝင်တွေလည်း တည်းခိုနိုင်ပါတယ်။

(၃) Street Food အစားအစာတွေ မြည်းစမ်းမယ်

 

 

ထိုင်းနိုင်ငံဟာ Street Food (လမ်းဘေး သရေစာ) တွေ ပေါပေါများများ ရရှိနိုင်တဲ့ နိုင်ငံဖြစ်တဲ့အပြင် အစားအစာတွေကလည်း လမ်းဘေးမှာတင်ကို လတ်ဆတ်သန့်ရှင်းပြီး အရသာရှိမှု အရမ်းနာမည် ကြီးပါတယ်။ ဘန်ကောက် ညဈေးတိုင်းလိုလိုမှာ အစားအသောက် ကောင်းကောင်းတွေ ရတတ်တာမို့ ထိုင်းနိုင်ငံရောက်ရင် အစားအသောက် မြည်းစမ်းဖို့ကိုလည်း မမေ့ပါနဲ့။

အစားအသောက်အတွက် အကုန်အကျများမှာကို စိတ်ပူစရာ မလိုပါဘူး။ အရသာရှိတဲ့ အစားအစာ တွေကို စားသောက်နိုင်ဖို့ ထိုင်းဘတ်ငွေ ၃၀ ကနေ ၄၀ ကြား သုံးရုံနဲ့ ကောင်းကောင်းမွန်မွန် စားသောက်နိုင်မှာပဲ ဖြစ်ပါတယ်။

(၄) Local (ဒေသခံ) တွေအတိုင်း သွားလာမယ်

 

 

ထိုင်းနိုင်ငံမှာ သွားလာလည်ပတ်ဖို့အတွက် သင့်မှာ အချိန်လည်း ရှိမယ်၊ သက်သောင့်သက်သာ ဖြစ်ချင်တဲ့ ဆန္ဒလည်းရှိမယ် ဆိုရင်တော့ အဲဒီက ဒေသခံတွေလို မြေအောက်ရထား၊ BTS Sky Train စတာတွေကို စီးပြီး သွားလာလည်ပတ်ခြင်းက အကုန်အကျ သက်သာစေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထက်လည်း Transportation (သယ်ယူပို့ဆောင်ရေး) က အစစအရာရာ အများကြီး အဆင့်မြင့် သက်သာတာကြောင့် ဘန်ကောက်ရောက်ရင် Local (ဒေသခံ) တဦးလို ကိုယ်တိုင် ရထားစီး၊ ကားစီးပြီး ခရီးသွားခဲ့ဖို့ မမေ့ပါနဲ့။ အဲဒီ ခရီးစဉ်ဟာ သင့်အတွက်တော့ အကုန်အကျ သက်သာတဲ့ သွားလာမှုများအတွက် အထောက်အကူပေးမှာ အမှန်ပါပဲ။

(၅) ထိုင်းရိုးရာ အစားအစာတွေကို အဓိကစားမယ်

 

 

အထက်မှာ အကြံပြုခဲ့သလိုပါပဲ။ ထိုင်းနိုင်ငံကို အကုန်အကျသက်သက်သာသာနဲ့ သွားချင်သူတွေကို အကြံပြုလိုတဲ့ နောက်တချက်ကတော့ အစားအသောက်ပိုင်းမှာဆိုရင် ထိုင်းရိုးရာ အစားအစာတွေနဲ့ လမ်းဘေးဆိုင်တွေက အစားအစာတွေကိုသာ စားသောက်သင့်ပြီး နိုင်ငံတကာက ဟင်းလျာ တွေကတော့ အကုန်အကျများစေမှာ ဖြစ်ပါတယ်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာအများစုက ဝင်ကြေးကောက်ခံ နိုင်တာကြောင့် သင်ဟာ ဘတ်ဂျက်နဲ့ ခရီးသွားမယ်ဆိုရင် အဲဒီနေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မိမိရဲ့ရေဘူး ကို နေရာအနှံ့မှာ တွေ့နိုင်တဲ့ Water Filter စက်တွေမှာ ရေဖြည့်ထားခြင်းကလည်း သင့်ခရီးစဉ် အကုန်အကျ သက်သာစေမယ့် အချက်တချက်ပါပဲ။

Ref : travelhappy.info

Did you find apk for android? You can find new Free Android Games and apps.
Loading