ထိုင်းနိုင်ငံဟာ လည်ပတ်စရာနေရာပေါ်များတဲ့အပြင် အစားအသောက်နဲ့ အပန်းဖြေစရာ နေရာများလည်း အလွန်ပေါများပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းရိုးရာ အနှိပ်ခန်းတွေလည်း နာမည်ကြီး ခရီးသွား ဆွဲဆောင်မှုတွေထဲမှာ တခု အပါအဝင်ပါ။
ထိုင်းနိုင်ငံ နေရာ အနှံ့အပြား မှာ ရှိတဲ့ အနှိပ်ခန်းတွေကမှ လည်ပတ်ရင်း ဝင်ရောက်အပန်းဖြေလို့ ကောင်းမယ့် မြို့တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဘန်ကောက်
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ကို ဈေးဝယ်သူတွေအတွက် နိဗ္ဗာန်လို့တောင်မှ ပြောလေ့ ရှိကြပါတယ်။ ဘန်ကောက်ဟာ ဈေးဝယ်သူတွေအတွက်မှ မဟုတ်ပါဘူး။ အပန်းဖြေ အနှိပ်ခံချင်တဲ့ သူတွေအတွက်ပါ လည်ပတ်သင့်တဲ့ နေရာဖြစ်ပါတယ်။ ထိုင်းရိုးရာ အနှိပ်ခန်းတွေမှာ သွားရောက် အနှိပ်ခံမယ်ဆိုရင် အညောင်းညာပြေစေတဲ့ ဆီလိမ်းခြင်း၊ မျက်နှာသီးသန့်အနှိပ်ခံခြင်း၊ ခြေထောက် သီးသန့် အနှိပ်ခံခြင်းဆိုပြီး ကိုယ်အနှိပ်ခံချင်တဲ့ ပုံစံ အလိုက် ဈေးနှုန်းတွေရှိပါတယ်။
အထူးကျော်ကြားတာကတော့ “Wat Pho” ဆိုတဲ့ ကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းဟာ ထိုင်းဘုရင်တွေ အနှိပ်ခံခဲ့တဲ့ ထိုင်းရိုးရာ နည်းစစ်စစ်နဲ့ နှိပ်ပေးတာကြောင့် နာမည်ကြီးတာပါ။ ဘန်ကောက်မှာရှိတဲ့ Massage (အနှိပ်ခန်း) တွေကတော့ အဆင့်မြင့် ဟိုတယ်တွေမှာဆိုရင် ဘတ် ၂၀၀၀ ကျော်မှစပြီး ဈေးအမျိုးမျိုး ရှိပါတယ်။
(၂) ပတ္တရား ကမ်းခြေ
ကမ်းခြေမှာ လည်ပတ်ရင်းနဲ့ ပင်ပန်းလာတဲ့အခါ ထိုင်းရိုးရာအနှိပ်ခန်းတွေမှာ သွားရောက် အနှိပ်ခံ အပန်းဖြေသင့်ပါတယ်။ ပတ္တရားမှာက ဘန်ကောက်နဲ့ မတူတာ ဈေးပိုပြီး သက်သာတာပါ။ အနှိပ်ခံခြင်း ဝန်ဆောင်မှု တမျိုးကို ဘတ် ၂၀၀/၃၀၀ (မြန်မာငွေ ၈ ထောင် ၁ သောင်း) ဝန်းကျင် လောက်နဲ့ အနှိပ်ခံလို့ ရပါတယ်။
(၃) ချင်းမိုင်
ထိုင်းနိုင်ငံကို ရောက်ခဲ့ရင် နေရာတိုင်းမှာ မြင်ရတာက ရိုးရာအနှိပ်ခန်းပဲ ဖြစ်နေလို့ တနိုင်ငံလုံးကို အလည်အပတ် မသွားနိုင်ခဲ့ရင်တောင် ရောက်တဲ့မြို့မှာ ဝင်အနှိပ်ခံလို့ရတဲ့အထိကို အဆင်ပြေပါတယ်။ ချင်းမိုင်ဟာ တော်တော်ဈေး သက်သာပြီး ဘာမဆို ရနိုင်လို့ အနှိပ်ခန်းတွေဟာလည်း ဈေးသက်သာတာ အသေချာပါပဲ။
Ref; bangkok.com