Travel

နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ဆွဲဆောင်ထားတဲ့ အိန္ဒိယနိုင်ငံမှ ကျေးရွာ

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာတည်ရှိတဲ့ “Mawlynnong” ဆိုတဲ့ ရွာငယ်လေးဟာ သန့်ရှင်းသပ်ရပ်မှုကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင် ထားနိုင်ပါတယ်။

Meghalaya ပြည်နယ်ရဲ့ Khasi တောင်တန်းတွေကြားမှာ ပျောက်ကွယ်နေခဲ့တဲ့ စိမ်းစိမ်းစိုစို ရွာလေးတရွာ ဖြစ်ပြီး ပထဝီဝင်အနေအထားအရ အိန္ဒိယနဲ့ ဘင်္ဂါးလားဒေ့ရှ် နယ်စပ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

နေ့စဉ်ခရီးသွားဦးရေ ၅၀၀ခန့် ရှိပြီး တရာသီထက် တရာသီ ခရီးသွားအရေအတွက်ဟာ မြင့်တက်လာခဲ့ပြီး အများစုဟာ စုံတွဲတွေနဲ့ ကြင်စဦး ဇနီးမောင်နှံတွေ ပါဝင်နေတာကို စစ်တမ်းများအရ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အထင်ကရမြို့ကြီးပြကြီးတွေဖြစ်တဲ့ ဒေလီ၊ မွန်ဘိုင်း၊ ကလက္ကတား အစရှိတဲ့ မြို့တွေမှာ လူဦးရေ ထူထပ်လာပြီး အိန္ဒိယနိုင်ငံရဲ့ ဒုသမ္မတဟာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း အတွက် ရွာငယ်လေးတွေအပေါ် သူ့အမြင်နဲ့ သဘောထားတွေကို ၂၀၁၅ ခုနှစ်မှာ ရေဒီယိုတခုကနေ အသံလွှင့်ခဲ့တာကြောင့်လည်း ယခု ရွာငယ်လေးဖြစ်တဲ့ Mawlynnong ဟာ ခရီးသွားအများစုကို ဆွဲဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒုသမ္မတက “ကျနော့်အနေနဲ့ Mawlynnong ရွာဟာ တနှစ်တာမှာ အသန့်ရှင်းဆုံးနေရာအဖြစ် တည်ရှိနေနိုင်ခဲ့တဲ့အတွက် အလွန်အမင်း ဝမ်းသာရပါတယ်။ အခြားသော မြို့ပြနဲ့ ကျေးလက်တွေလည်း အတုယူနိုင်ပါလိမ့်မယ်”လို့ ရေဒီယို အစီအစဉ်တခုမှာ ထည့်သွင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“အိန္ဒိယနိုင်ငံရဲ့ သန့်ရှင်းသောမြေနေရာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်မှုဟာ ၂၀၁၉ ခုနှစ်မှာ ရည်ရွယ်ထားတာလည်းဖြစ်ပြီး နှစ်၁၅၀မြောက် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဂန္ဓီအတွက် ရည်စူးထားခဲ့တာလည်းဖြစ်ပါတယ်။

 

 

တနိုင်ငံလုံး အတိုင်းအတာနဲ့စတင်ခဲ့တဲ့ ဦးတည်ချက်ဟာဆိုရင်နိုင်ငံရဲ့ဘယ်ကျေးလက် မဆို အိမ်သာများ တွင်တွင်ကျယ်ကျယ် အသုံးပြုရေးဟာလည်း စီမံကိန်းတခုအဖြစ် ပါဝင်လျက်ရှိပါတယ်။ Mawlynnong မှာဆိုရင် အိမ်တိုင်းအိမ်တိုင်းမှာ အိမ်သာတလုံးစီ ရှိနေကြပြီလည်း ဖြစ်ပါတယ်။

၂၀၀၄ခုနှစ် Discover India မဂ္ဂဇင်းရဲ့ ဆောင်းပါးတခုမှာဆိုရင် Mawlynnong ရွာလေးကို “အိန္ဒိယတနိုင်ငံလုံးမှာ အသန့်ရှင်းဆုံး”လို့ ဖော်ပြခဲ့ဖူးတဲ့ မှတ်တမ်းတမ်းတွေရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းရဲ့ဘေးတဖက် တချက်စီတိုင်းကို ဝါးလုံးလေးတွေနဲ့ စီတန်းကာရံထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကတည်းက တရွာလုံး ပလတ်စတစ် အသုံးမပြုကြဘူးလို့လည်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ရွာငယ်လေးရဲ့ ဓလေ့ထုံးတမ်းကတော့ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းဖြစ်ပြီး မျိုးဆက်တိုင်းကို လက်ဆင့်ကမ်းသယ်ဆောင် စေခဲ့တာလည်းဖြစ်ပါတယ်။

ယနေ့အခါမှာ ဆိုရင်တော့ “Mawlynnong” ရွာလေးဟာ နိုင်ငံခြားသား ခရီးသွားဧည့်သည် အများအပြားကို သူ့ရဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ ဆွဲဆောင်နေနိုင်ပြီဖြစ်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကို ဖန်တီးပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ခရီးသွားတွေကို အဓိကထားဆွဲဆောင်နိုင်တဲ့ အစီအစဉ်တွေကိုလည်း ရွာရဲ့ အဖွဲ့အစည်းတွေက ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ အမှိုက်များကို တနေ့တခါ လှဲကျင်းခြင်း ၊ လမ်းရဲ့ ထောင့်တိုင်း ထောင့်တိုင်းမှာ ဝါးအမှိုက်ပုံလေးတွေ ထားရှိထားပြီး အမှိုက်တွေကို စနစ်တကျ သိမ်းဆည်းခြင်းတို့ပဲ ဖြစ်ပါတယ်။

Ref :www.nytimes.com

Did you find apk for android? You can find new Free Android Games and apps.
Loading