ကမ္ဘာပေါ်မှာ ရေတံခွန်များဟာ သဘာဝက ပေးထားတဲ့ အလှတရားတခုဖြစ်ပြီး ရေတံခွန်တွေကို ရောက်သွားရင် လူတွေရဲ့ စိတ်ကို ကြည်လင် လန်းဆန်းစေသလို ရေတံခွန်းတွေကလည်း ခရီးသွား ဧည့်သည်တွေကို လာရောက်လည်ပတ်ချင်အောင် ဆွဲဆောင်ထားပါတယ်။
ကမ္ဘာပေါ်က နိုင်ငံအသီးသီး၊ အရပ်ဒေသ အသီးသီးမှာ ရေတံခွန်များစွာရှိပြီး ကမ္ဘာပေါ်မှာ အလှဆုံးလို့ သတ်မှတ်ထားကြတဲ့ ရေတံခွန် ၇ ခု ကို ဧရာဝတိ စာဖတ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) Angel Fall
ဒီရေတံခွန်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးရေတံခွန်ဖြစ်ပြီး အမြင့်ပေ ၃၂၁၂ ပေ မြင့်ပါတယ်။ ဒီရေတံခွန်ဟာ ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ Auyantepui တောင်ရဲ့ အစွန်မှာ ရှိပါတယ်။
(၂) Blood Fall
ဒီရေတံခွန်ကတော့ အန္တာတိကတိုက်မှာ တည်ရှိတာဖြစ်ပြီး သွေးလို နီတဲ့ ရေတွေ စီးဆင်းနေတာ ဖြစ်လို့ လူအများက စိတ်ဝင်စားကြပါတယ်။ သုသေသနတွေအရတော့ ဒီရေထဲမှာ ဆားတွေပါရှိပြီး ဆားရည်တွေဟာ အိုင်းယွန်းအောက်ဆိုဒ်နဲ့ ထိသွားတဲ့အခါမှာ အနီရောင်အဖြစ် ပြောင်းသွားတာလို့ ဆိုပါတယ်။
(၃) Ban Gioc-Detain Fall
ဒါကတော့ တရုတ်နဲ့ ဗီယက်နမ်နယ်စပ်မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေတံခွန်တွေထဲက ၄ ခုမြောက် ရေတံခွန် ဖြစ်ပါတယ်။ ဒီရေတံခွန်မှာ တွေ့ရတဲ့ သတ္တဝါမျိုးစိတ်တွေကို ကမ္ဘာရဲ့ ကျန်တဲ့ နေရာတွေမှာ မတွေ့နိုင်ဘူးလို့ သိရပါတယ်။
(၄) Dettifoss
ဒီရေတံခွန်ဟာ Iceland နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး ဥရောပမှ အကြီးဆုံး ရေတံခွန် ဖြစ်ပါတယ်။ ဒီရေတံခွန်ကို အစိုးရက ထိန်းသိမ်းထားပြီး အသုံးမပြုရသေးတဲ့ စွမ်းအား အရင်းအမြစ်တွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။
(၅) Gocta Cataracts
ဒီရေတံခွန်ဟာ ပီရူးနိုင်ငံမှာ တည်ရှိနေပြီး နိုင်ငံသားတွေဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာထဲက သိရှိနေကြပေမယ့် ၂၀၀၅ ခုနှစ်ရောက်မှ ဂျာမန်ခရီးသွားတဦးက တွေ့ရှိပြီး ကမ္ဘာကို ပြသခဲ့တာပါ။ ဒေသခံတွေကတော့ ဒီရေတံခွန်ရဲ့ အောက်ဖက် ကြမ်းပြင်မှာ ရေသူမတွေ နေထိုင်တယ်ဆိုတဲ့ အယူရှိတယ်လို့လည်း အဲ့ဒီ ဂျာမန်ခရီးသွားက ပြောပါတယ်။
(၆) Niagara Fall
အမေရိကန်နိုင်ငံနဲ့ ကနေဒါနိင်ငံ နယ်စပ်မှာ တည်ရှိနေတဲ့ ဒီရေတံခွန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အကျော်ကြားဆုံး ရေတံခွန်ဖြစ်ပါတယ်။ ဒီရေတံခွန်က ရရှိတဲ့ လျှပ်စစ်စွမ်းအင်ကို ၂နိုင်ငံလုံးက အသုံးပြုကြရပါတယ်။
(၇) Plitvice Falls
သင့်စိတ်ကူးထဲမှာ တွေးထားဖူးတဲ့ နတ်ဘုံနတ်နန်းလို့တောင် တင်စားထားကြတဲ့ ရေတံခွန်ကတော့ ခရိုအေးရှား နိုင်ငံမှာရှိတဲ့ Plitvice falls ပါ။ ရေတံခွန် သေးသေးလေးတွေကိုပေါင်းစပ်ပြီး ရေကန်ကြီးသဖွယ် ဖြစ်နေတာပါ။ ရေညှိတွေ ဘတ်တီးရီးယားတွေ စတာတွေကို သဘာဝအလျောက် ဖြစ်နေတဲ့ ရေကာတာမှာ မွေးမြူထားပါသေးတယ်။
Ref;mnn.com