မြန်မာနိုင်ငံသားတော်တော်များများဟာ အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ရင် ဗုဒ္ဓဂါယာကို သွားရောက် လည်ပတ်ကြတာ များပါတယ်။ ဒါကြောင့် ဒီတခါမှာ ဘာသာခြား မြန်မာနိုင်ငံသားတွေ လည်ပတ်ဖို့ အဆင်ပြေစေပြီး အခြားသူတွေလည်း အပန်းဖြေခရီး ထွက်လို့ရအောင် အိန္ဒိယနိုင်ငံက အခြားလည်ပတ်စရာ နေရာတွေကို ဖော်ပြပေး ချင်ပါတယ်။
(၁) Zanskar Valley
Zansker Velly ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့ပိုင်းမှာရှိတဲ့ Jammu and Kashmir ပြည်နယ်ထဲမှာ တည်ရှိပါတယ်။ ဒီလွင်ပြင်မှာ ကြည့်ရှုလည်ပတ်စရာ ရေကန် ၊မြစ်၊ ရေခဲမြစ်၊ လျှိုမြောင်တွေနဲ့ ချောက်ကမ်းပါးတွေ အားလုံးကို တခါထဲမြင်ရမှာဖြစ်လို့ ကမ္ဘာပေါ်က အလှတရားတွေ အားလုံးကို စုစည်းထားတဲ့ နေရာတခုလို့ သတ်မှတ်ထားကြပါတယ်။
(၂) Mcleodgani
Mcleodgani ဟာ Himachal Pradesh ပြည်နယ်မှာရှိတဲ့ Dharamashala မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တခု ဖြစ်ပါတယ်။ ဒေလီကနေ ဒီမြို့ကို သွားမယ်ဆိုရင်၁၂ နာရီလောက်ကားစီးပြီး သွားရပါမယ်။ ရထားလမ်း ကားလမ်းတွေလည်း ကောင်းတာကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတဲ့ နေရာတခု ဖြစ်ပါတယ်။
ဒီမြို့ကနေ ဟိမဝန္တာတောင်တန်းကြီးကို လှမ်းမြင်နေရပြီး ရာသီဥတု သာယာတာကြောင့် နွေရာသီမှာ သွားရောက် လည်ပတ်ဖို့ကောင်းတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမြို့မှာရှိတဲ့ ဒလိုင်းလားမား ဘုရားကျောင်း၊ မာဆောဘုရားကျောင်း၊ တိဘတ်ပြတိုက်၊ Bhagsu ရေတံခွန်စတဲ့ နေရာတွေကို လည်ပတ်လို့ ရပါသေးတယ်။
(၃) Silk Route
Silk Route ဟာ အိန္ဒိယနိုင်ငံ Sikkim ခရိုင်ကနေ တရုတ်ပြည်နယ်စပ်ကို ချိတ်ဆက်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ Kanchandzongha တောင်တလျှောက် ဖောက်ထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ထဲက ရှိခဲ့တဲ့ လူသွားလမ်းကို ပြန်လည်မွန်းမံထားတဲ့ လမ်းတခုဖြစ်ပြီး ဒီလမ်းကို “Old Silk Route” လို့ လူသိများကြပါတယ်။ ဒီလမ်းမှာ ကားစီးရင်း ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို သွားရောက် ကြည့်ရှုသင့်ပါတယ်။
(၄) Dawki,Meghalaya
ဒါကတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ စီးဆင်းနေတဲ့ မြစ်ပါ။ ဒီမြစ်က ရေတွေဟာ ကြည်လင်နေပြီး လှေလည်းပတ်စီးလို့ ရတယ်လို့ ဆိုပါတယ်။ ဒီမြစ်ထဲမှာ လှေစီးရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။
(၅) Hampi,karnataka
Hampi ဟာ သမိုင်းဝင်နေရာတခုဖြစ်ပါတယ်။ ဒီမြို့ဟာ ကမ္ဘာ့အကြီးဆုံး ယဉ်ကျေးမှုပြတိုက်ကြီးသဖွယ် ဖြစ်တယ်လို့ တင်စားထားကြပါတယ်။ သဲကန္တာရမှာ တည်ဆောက်ခဲ့ပြီး ရှေးယခင်က အိန္ဒိယနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီမြို့ကို ကားနဲ့သွားရောက်လို့ရပြီး မြို့ဟောင်းကို လည်ပတ်ဖို့ ဆိုင်ကယ်အငှားဆိုင်တွေ ရှိတယ်လို့ သိရပါတယ်။
Ref;lifehacks.com