Travel

သင်မသိသေးတဲ့ ဂျာမနီနိုင်ငံရဲ့ ထူးခြားချက် ၇ ချက်

Want create site? Find Free WordPress Themes and plugins.

စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေပြီး အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ ဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ ဂျာမနီနိုင်ငံရဲ့ လူသိနည်းကြတဲ့ ထူးခြားချက်တွေပဲ ဖြစ်ပါတယ်။

(၁) ဂျာမနီလူမျိုးတွေဟာ အိုင်းရစ်လူမျိုးတွေပြီးရင် ကမ္ဘာပေါ်မှာ ဘီယာအသောက်သုံးနိုင်ဆုံးလူမျိုးတွေ ဖြစ်ကြပါတယ်။ ဂျာမနီနိုင်ငံမှာ Oktoberfest လို့ခေါ်တဲ့ ဘီယာသောက်ပွဲတော်ဟာဆိုရင်တော့ ကမ္ဘာ့အကြီးမားဆုံး ပျော်ပွဲရွှင်ပွဲတခုဖြစ်ပြီး စက်တင်ဘာလမှာ ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။

(၂) ဂျာမနီနိုင်ငံမှာ အကျဉ်းသားတယောက်ယောက်ဟာ ထောင်ဖောက်ပြီး လွတ်မြောက်သွားတဲ့အခါမျိုးမှာ ပြန်လည် ရှာဖွေ ဖမ်းဆီးခြင်းကို မပြုလုပ်ကြပါဘူး။ ဒါဟာ ပြစ်မှုတခုလို့ မယူဆကြဘဲ နောက်ထပ်ပြစ်မှုတွေ မကျူးလွန်ဘဲ ပြင်ပမှာ အေးအေးဆေးဆေးနေမယ်ဆိုရင်တော့ ထောင်ဖောက်ပြီး လွတ်မြောက်သွားသူကို မဖမ်းဆီးကြပါဘူး။

(၃) ဂျာမနီနိုင်ငံရဲ့ မြို့တော် ဘာလင်မြို့ဟာဆိုရင်တော့ ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီထက် ၉ ဆ ခန့်ကြီးတဲ့ မြို့ကြီး တမြို့ဖြစ်ပြီး ဘာလင်မြို့မှာရှိတဲ့ တံတားအရေအတွက်ဟာ ဗင်းနစ်မြို့မှာရှိတဲ့ တံတားအရေအတွက်ထက် ပိုမိုများပြား ပါတယ်။

(၄) YouTube မှာ မကောင်းသတင်းနဲ့ ကျော်စောတဲ့ ဗီဒီယိုမှန်သမျှကို ဂျာမနီနိုင်ငံမှာ ကြည့်ရှုခွင့်ပိတ်ပင်ထားပြီး ဟောလိဝုဒ်ရုပ်ရှင်မှန်သမျှကိုလည်း ဂျာမန်နောက်ခံအသံနဲ့ပဲ ပြန်လည်ထုတ်လွှင့်ပြသလေ့ရှိပါတယ်။

(၅) ဂျာမနီလူမျိုးတွေဟာ စပါကလင်ကို ရေအစား နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြလေ့ရှိပါတယ်။ နာမည်ကြီး အချိုရည်တခုဖြစ်တဲ့ Fanta အချိုရည်ရဲ့ မူလအစဟာဆိုရင်လည်း ဂျာမနီနိုင်ငံဖြစ်ပြီး ကိုကာကိုလာတင်သွင်းဖို့ အခက်အခဲကြောင့် တီထွင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(၆) ဂျာမနီနိုင်ငံဟာ ကမ္ဘာပေါ်မှာ တီထွင်ဖန်တီးမှုတွေ အများဆုံးပြုလုပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ဂဏန်းပေါင်းစက်၊ တီဗီ၊ အိတ်ဆောင်နာရီနဲ့ Walkman တို့ကို တီထွင်ပြုလုပ်ခဲ့ပါတယ်။

(၇) ဂျာမနီနိုင်ငံမှာ နာဇီတွေအလေးပြုသလို လက်တဖက်ဆန့်တန်းပြီး အလေးပြုတဲ့ ပုံစံမျိုးပြုလုပ်ရင် ထောင်ဒဏ်သုံးနှစ် အထိ ကျခံနိုင်တဲ့ ဥပဒေတရပ်ရှိပါတယ်။

Ref. www.alux.com

Did you find apk for android? You can find new Free Android Games and apps.
Loading