Travel

လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

ခရီးသွားတဲ့အခါ လေဆိပ်မှာ အဆင်ပြေပြေနဲ့ ထွက်ဖို့ဆိုရင် ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်တွေကို သတိပြုဖို့ လိုပါတယ်။ လေဆိပ်လုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ခရီးမသွားခင် ကြိုတင်ပြင်ဆင်မှ လေယာဉ်အချိန်မီအောင် ဖြတ်ကျော်နိုင်မှာပါ။ လေဆိပ်မှာ အချိန်ကြန့်ကြာမှု မရှိအောင် ဘာတွေပြင်ဆင်သွားမလဲ။

အရည်တွေဆို လေယာဉ်ဝမ်းဗိုက်ထဲထည့်မယ့် ခရီးဆောင်အိတ်ထဲ ထည့်ပါ။ ကိုယ်နဲ့ တပါတည်း သယ်ခွင့်ပေးထားတဲ့ အိတ်နဲ့ဆို အရည်အများကြီး သယ်ခွင့် မရှိပါဘူး။ နိုင်ငံ တော်တော်များများမှာ အရည်အတွက် လက်တဆွဲ သယ်ခွင့် ၁၀၀ မီလီမီတာထက် မပိုရလို့ သတ်မှတ်ထားပါတယ်။ အရည်ပါတဲ့ ဘူးတွေကိုလည်း မြင်သာထင်သာရှိတဲ့ ပလတ်စတစ် အကြည်အိတ်တွေနဲ့ သယ်ရပါမယ်။

အရည်အဖြစ် သတ်မှတ်ထားတဲ့ပစ္စည်းတွေက သောက်ရေအပါအဝင်၊ ယို၊ ပျားရည်တို့လို အရည် အနည်းငယ်ပါတဲ့ အစားအသောက်များ၊ အလှကုန်ပစ္စည်းများ၊ စပရေးဗူးများ၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာရည်၊ မျက်ကပ်မှန်ဆေးရည်နဲ့ တခြားအရည်ပါတဲ့ပစ္စည်းတွေကို လက်တဆွဲ အများကြီး သယ်ခွင့်မ ရှိတာကို သတိပြုပါ။

 

 

အရည် မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ် ထားပါသေးတယ်။ ပေါက်ကွဲစေလွယ်တဲ့ ပစ္စည်းများ၊ အဆိပ်၊ ဖိအားများရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများ၊ သံလိုက်ဓာတ်ပါတဲ့ ပစ္စည်းများ၊ ရေဒီယိုသတ္တုကြွပါတဲ့ ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ ရှားပါးတိရစ္ဆာန်မျိုးစိတ်များ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း စတာတွေကိုတော့ လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားတာမို့ ဘယ်ခရီးဆောင်အိတ်နဲ့မှ သယ်ဆောင်ခွင့် မရှိပါဘူး။

ကိုယ်ပေါ်မှာ သတ္တုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ မဝတ်တာ အကောင်းဆုံးပါပဲ။ လက်ဝတ်ရတနာ၊ နာရီ နဲ့ ခါးပတ်တွေဟာ လုံခြုံရေးစက်တွေနဲ့ ရှာတဲ့အခါ အချက်ပေးသံမြည်လို့ ချွတ်ရတာမျိုးတွေ၊ တချို့အရမ်းသေးတဲ့ ပစ္စည်းတွေဆို တခါတည်းနဲ့ မပေါ်လို့ ၂ ခေါက် ၃ ခေါက် အစစ်ခံရတာတွေကြောင့် မကြာသင့်ဘဲ ကြန့်ကြာတတ်ပါတယ်။ တကယ်လို့ ဝတ်လာခဲ့မိရင်လည်း လုံခြုံရေးဂိတ် မဖြတ်ခင်ကတည်းက အကုန်ချွတ်ပြီး ဘေးဘက်ပုံးထဲ ထည့်ပေးလိုက်ပါ။

 

 

ချွတ်လို့၊ ပြန်စွပ်လို့ လွယ်တဲ့ ဖိနပ်မျိုး ဝတ်ပါ။ ရှုးဖိနပ်လို ခြေအိတ်တွေချွတ်၊ ဖိနပ်ကြိုးတွေ ဖြည်နေရမယ့် ဖိနပ်တွေက လုံခြုံရေးစစ်တဲ့အခါ သင့်ကို မကြာသင့်ဘဲ ကြန့်ကြာစေသလို၊ ဝတ်လိုက် ချွတ်လိုက်လုပ်နေရတာ စိတ်ရှုပ်ရပါတယ်။ ဒါကြောင့် အလွယ်တကူ ချွတ်လို့လွယ်တဲ့ ဖိနပ်မျိုးတွေကို စီးတာ အဆင်ပြေဆုံးပါပဲ။

ဒါ့ပြင် ကိုယ်နဲ့ တပါတည်း သယ်ဆောင်ခွင့်ပေးထားတဲ့ ဘက်ထရီ၊ လက်တော့ပ်နဲ့ တခြား တကိုယ်ရည်သုံး အီလက်ထရောနစ် ပစ္စည်းများ၊ power bank ၊ ငွေကြေးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကတော့ သယ်ဆောင်ခွင့် ရှိပါတယ်။ ကန့်သတ်ထားတဲ့ ပစ္စည်းတွေဟာ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ အနည်းငယ် ကွဲပြားနိုင်တာမို့ လေကြောင်းခရီး မသွားခင် အရင်ကြိုတင် လေ့လာထားပါမှ လေဆိပ်မှာ အချိန့်မကြာဘဲ ချောမောစွာ ဖြတ်သန်းနိုင်ကြမှာပါ။

Ref: Culture Trip

Did you find apk for android? You can find new Free Android Games and apps.
Loading