အချိန်ကုန်သက်သာခြင်း၊ လူပင်ပန်းသက်သာခြင်းတွေကြောင့် လေယာဉ်နဲ့ ခရီးသွားခြင်းကို ပိုမို ရွေးချယ်လာတဲ့ ယနေ့ခေတ်မှာ လေကြောင်းလိုင်းတွေဟာ သူ့ထက်ငါ သာအောင် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ဝန်ဆောင်မှုတွေ ပေးလာကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ ဝန်ဆောင်မှု အကောင်းဆုံး လေကြောင်းလိုင်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Emirates
ဒူဘိုင်းအခြေစိုက် လေကြောင်းလိုင်းတခုဖြစ်တဲ့ Emirates လေကြောင်းလိုင်းကတော့ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းတခု ဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းဟာ နိုင်ငံပေါင်း ၁၄၀ ကျော်ကို ပြေးဆွဲတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ လေယာဉ်ထဲမှာ အဆင့်မြင့် နားနေခန်းတွေပါရှိပြီး လေယာဉ်ကို စီးနင်းလိုက်ပါလာသူတွေဟာ နိုင်ငံတကာက နာမည်ကြီး စားစရာတွေကိုသာ စားသောက်ရမှာဖြစ်ပါတယ်။ အဖျော်ယမကာ ဝန်ဆောင်မှုတွေသာမက ပထမတန်းမှာ စီးနင်း လိုက်ပါလာသူတွေအတွက် လေယာဉ်ပေါ်မှာပဲ ဝန်ဆောင်မှုပေးတဲ့ Spa တွေပါ ပါရှိပါတယ်။
(၂) Qatar Airway
ယခင်နှစ်တွေမှာ ပထမနေရာမှာ ရှိခဲ့တဲ့ Qatar Airway ဟာ စီးနင်းသူတွေရဲ့ နှစ်သက်မှုကို တခဲနက် ရထားတဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းဟာ ဝန်ဆောင်မှုတွေဟာ သင်စိတ်ကူးယဉ်ထားတာတွေထက်တောင် ပိုကောင်းမွန်ပါသေးတယ်။
Economy Class မှာတောင် လေယာဉ်မောင်မယ်တွေဟာ တက်ကြွပြုံးရွှင်စွာ လုပ်ကိုင်ကြပြီး အရည်အသွေးအကောင်းဆုံး အစားအသောက်များကိုသာ တည်ခင်းခြင်း၊ တိုင်းပြည်နဲ့ လိုက်ဖက်တဲ့ ဖျော်ဖြေမှုများ ပါဝင်တဲ့ အပြင် လေယာဉ်ပေါ်မှာ ဝိုင်ဖိုင် အသုံးပြုခွင့်ကိုလည်း ပေးထားပါတယ်။ Luxury Class တွေမှာတော့ Ferragamo Attimo မှ ထုတ်တဲ့ ပစ္စည်းများ၊ အီတလီနိုင်ငံထုတ် အိပ်ရာတွေနဲ့ နာမည်ကြီး ညအိပ်ဝတ်စုံတွေကိုပါ ပေးပါတယ်။
(၃)Singapore Airlines
ဒီလေကြောင်းလိုင်းကတော့ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဒီလေကြောင်းလိုင်းဟာ ဖော်ရွေပျူငှာတဲ့ လေကြောင်းလိုင်းဝန်ထမ်းတွေရဲ့ တာဝန်ယူတတ်မှုတွေကြောင့် လူကြိုက်များတဲ့ လေကြောင်းလိုင်းတခု ဖြစ်နေရတာပါ။
Economy class တွေ အတွက်တောင်မှ ကောင်းမွန်တဲ့ ဝန်ဆောင်မှုရှိပြီး လေယာဉ်ပေါ်က ဆင်းတဲ့ အချိန်တွေမှာ Hot Towel ဝန်ဆောင်မှု ပါရှိပါတယ်။ Upper Class မှာတော့ ဝေဟင်မှာ ခရီးသွားရင် အိပ်စက်ဖို့ အဆင်ပြေစေမယ့် တကိုယ်စာ အိပ်ယာအဖြစ် ပြောင်းလဲအသုံးပြုနိုင်တဲ့ ခုံတွေ ပါရှိပါတယ်။
Ref; destinationtips.com