ခရီးသွားတယ်ဆိုတာဟာ မိမိသွားရောက်လည်ပတ်တဲ့ နေရာမှာ စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ရရှိပြီး ကြည်နူးဖွယ် အခိုက်အတန့်တွေကို ပိုင်ဆိုင်ချင်ကြတာဟာ လူတိုင်းလိုလိုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအပေါ်ကို ဖော်ရွေမှု မရှိဆုံး မြို့တွေပဲ ဖြစ်ပြီး အံ့အားသင့်စရာ ကောင်းတာတခုကတော့ ဒီထဲက မြို့အများစုမှာ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်မှု အများဆုံးမြို့တွေ ပါဝင်နေလို့ပဲဖြစ်ပါတယ်။
(၁) Paris
ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံးမြို့တမြို့ဖြစ်ပြီး မြို့တော်လည်းဖြစ်တဲ့ Paris မြို့ဟာဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးသွားလာကြတဲ့ မြို့တမြို့ဖြစ်ပါတယ်။
ဒီလိုမျိုး ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားလာရောက်ကြတာ ကြောင့်လည်း မြို့နေလူထုအတွက် ခရီးသွားတွေဟာ အမြဲလိုလိုမြင်တွေ့နေရပြီး အထူးတဆန်းလည်း မဟုတ်တာကြောင့် ရင်းနှီးဖော်ရွေမှု မရှိကြပါဘူး။ အေးတိအေးစက် ဆက်ဆံရေးတွေနဲ့ ကူညီပေးဖို့ လက်တွန့်တတ်ကြပြီး ညအချိန်မှာဆိုရင်လည်း Paris မြို့ရဲ့ တချို့သောနေရာတွေဟာ သွားလာဖို့ မလုံခြုံပါဘူး။
(၂) Mumbai
Mumbai ဟာ အိန္ဒိယနိုင်ငံရဲ့ လူနေထူထပ်မှုအများဆုံး မြို့ဖြစ်ပေမယ့် ရည်ရည်မွန်မွန်ရှိတဲ့ မြို့သူမြို့သားတွေကတော့ အင်မတန်မှ နည်းပါးတဲ့ မြို့တမြို့ဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ယဉ်ကျေးတဲ့ လောကဝတ်စကားဆိုဖို့ အတွက် မြို့သူမြို့သားတွေအနေနဲ့ အချိန်မပေးနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စစ်တမ်းကောက်ယူသူတွေက ဆိုပါတယ်။
(၃) London
နိုင်ငံတကာ ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်လေ့ရှိတဲ့ လန်ဒန်မြို့ဟာဆိုရင်တော့ အေးစက်စက်ရာသီဥတုနဲ့ လိုက်ဖက်စွာပဲ မြို့သူမြို့သားတွေဟာ အေးစက်စက် ဆက်ဆံရေးမျိုးတွေနဲ့သာ ဆက်ဆံလေ့ရှိကြပါတယ်။ တခြားနိုင်ငံကလာတဲ့ ခရီးသွားတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံဖို့ တုံ့ဆိုင်းကြသူတွေဖြစ်ကြပြီး စစ်တမ်းတွေအရဆိုရင်တော့ စိတ်ခံစားချက်ပြင်းပြပြသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
(၄) Miami
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင်းက Miami မြို့ဟာ ကြီးကျယ်သားနားတဲ့ မြို့တမြို့ဖြစ်ပြီး မြို့သူမြို့သားအများစုဟာ ချမ်းသာကြွယ်ဝကြပေမယ့် နိုင်ငံတကာ ခရီးသွားတွေကို ဆက်ဆံတဲ့အခါမှာတော့ ခွဲခြားဆက်ဆံလေ့ရှိတယ်လို့် စစ်တမ်းတွေအရ သိရပါတယ်။
(၅) Cincinnati
အိုဟိုင်းယိုးပြည်နယ်ရဲ့ မြို့တမြို့ဖြစ်တဲ့ Cincinnati မြို့ဟာဆိုရင်တော့ အခုနောက်ပိုင်းမှာ နိုင်ငံတကာခရီးသွားတွေ ရွေးချယ်သွားလာမှု နည်းပါးလာတဲ့ မြိုတမြို့ဖြစ်ပြီး ဒါဟာဆိုရင်လည်း ယဉ်ကျေးဖော်ရွေမှုနဲ့ ကူညီဖို့ ဝန်လေးကြတဲ့ အလေ့အထတွေကြောင့်ဖြစ်တယ်လို့ စစ်တမ်းကောက်ယူချက်တွေမှာ ဖော်ပြထားပါတယ်။
Ref: timesofindia.indiatimes.com