Travel

ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ရင် ရှောင်ကြဉ်ရမယ့် အချက် ၆ ချက်

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် ရှောင်ကြဉ်ရမယ့် သတိထားစရာ အချက်တွေအများကြီး ရှိပါတယ်။ နိုင်ငံတခုနဲ့ တခုဟာ ယဉ်ကျေးမှုတွေ မတူကြသလို ဓလေ့ထုံးတမ်းတွေလည်း မတူညီကြပါဘူး။ ဒါကြောင့် သင်ဟာ ကိုယ့်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံတွေကို လည်ပတ်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေရဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို သိထားရပါမယ်။

ဒါကြောင့် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အိမ်ထဲကို ဖိနပ်စီးပြီး မဝင်ရပါဘူး

 

 

မြန်မာနိုင်ငံသားတွေ အတွက်ကတော့ ဒါဟာ သိပ်အထူးအဆန်းကြီး မဟုတ်လို့ လိုက်နာရ လွယ်ကူပါတယ်။ ဂျပန်တွေဟာ သူတို့အိမ်ထဲကို အပြင်ကဖိနပ်တွေ စီးပြီး ဝင်တာကို မနှစ်သက်ကြပါဘူး။ အကြောင်းရင်းကတော့ သန့်ရှင်းသပ်ရပ်နေ အောင် ပြုလုပ်ထားတဲ့ အိမ်ထဲကို အပြင်က ဖုန်တွေ အမှိုက်တွေကပ်နေတဲ့ ဖိနပ်ကို အဝင်မခံချင်ကြလို့ ဖြစ်ပါတယ်။ အိမ်နေရင်းဖိနပ်တွေ ပြုလုပ်ထားပေးပြီး အိမ်ထဲဝင်ရင် ဖိနပ်လဲမှ ကြိုက်ကြပါတယ်။

(၂) လမ်းသွားရင်း မုန့်မစားပါနဲ့

 

 

လမ်းလျှောက်ရင်း အစားစားတာဟာ ဂျပန်နိုင်ငံမှာ လုံးဝ လုပ်ခွင့် မရှိတဲ့ အရာပါ။ သင်လမ်းလျှောက်ရင်း အစားမစားရအောင် အသင့်စား အစားအသောက်တွေ ရောင်းတဲ့ဆိုင်တွေမှာ ခဏထိုင်ပြီးစားဖို့ ခုံတွေပြုလုပ်ထားပေးပါတယ်။ ဒီလို လမ်းလျှောက်ရင်း အစားစားခွင့်မရှိတာဟာ အစားအသောက်တွေကို လေးစားတဲ့ သဘောနဲ့ ဖြစ်ပါတယ်။

(၃) အရက်ဝိုင်းမှာ ကိုယ့်အတွက်ကို မငှဲ့ပါနဲ့

 

 

ဂျပန်လူမှုအဖွဲ့အစည်းမှာ အရေးအကြီးဆုံး စည်းကမ်းဖြစ်ပါတယ်။ အရက်ကို ဝိုင်းဖွဲ့သောက်တဲ့အချိန် တခြားတယောက်ရဲ့ ခွက်ကို ပြန်ဖြည့်ပေးတာဟာ သူ့ရဲ့ ပင်ပန်းထားတာတွေ အားအင်ပြန်လည် ဖြည့်တင်းပေးတဲ့ သဘောသက်ရောက်တာ ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတာကတော့ ကိုယ်နဲ့ အတူတူသောက်တဲ့ သူတွေကို လေးစားတဲ့ အနေနဲ့ အရက်ငှဲ့တဲ့ အခါ လက်နှစ်ဖက်နဲ့ ငှဲ့ဖို့လည်း မမေ့ပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

(၄) ဘောက်ဆူးမပေးပါနဲ့

 

ဘောက်ဆူးပေးတဲ့ အကျင့်ကို ဂျပန်နိုင်ငံမှာ မကျင့်သုံးကြပါဘူး။ ဒါအပြင့် ဘောက်ဆူးပေးတဲ့ အကျင့်ကို စော်ကားတဲ့ အမူအရာဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ် ။ စားပွဲထိုးတွေ၊ကားဒရိုင်ဘာတွေ စတဲ့ သူတွေဟာ သင့်တော်တဲ့ လစာကို ရရှိတဲ့ အတွက် သင့်ဆီက ဘောက်ဆူးကို မမျှော်လင့်ကြပါဘူး။ ဒါကြောင့် သင့်ရဲ့ ရက်ရောမှုကို ထိန်းသိမ်းထားဖို့ အကြံပြုချင်ပါတယ်။

(၅) ၄ ဂဏန်းကို ရှောင်ပါ

 

နိုင်ငံတကာမှာတော့ ၁၃ ဆိုတာကို ကံမကောင်းတဲ့ နံပတ်လို့ သတ်မှတ်ကြပေမယ့် ဂျပန်နိုင်ငံမှာ နံပါတ် ၄ ကို ကံမကောင်းတဲ့ နံပါတ်လို့ သတ်မှတ်ထားကြပါတယ်။ ဂျပန်စကားအရ နံပါတ် ၄ ကို Shi လို့ အသံထွက်ပြီး ဒီအသံထွက်ဟာ သေခြင်းဆိုတဲ့ စကားရဲ့ အသံထွက်နဲ့ တူလို့ ရှောင်ကြဉ်ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တိုက်ခန်းတွေရဲ့ နံပတ်တွေ၊ ထိုင်ခုံတွေရဲ့ နံပတ်တွေမှာလည်း ၄ ဂဏန်းကို ကျော်ပြီး ရေးကြတယ်လို့လည်း သိရပါတယ်။

(၆) မူးယစ်ဆေးဝါးသုံးစွဲခွင့် မရှိပါဘူး

 

 

ဂျပန်နိုင်ငံက မူးယစ်ဆေးဝါးဥပဒေဟာ အရမ်းကို တင်းကြပ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ခွင့်ပြုထားတဲ့ ဆေးခြောက်ကိုတောင် သယ်ဆောင်ခွင့်မရှိပါဘူး။ တကယ်လို့ ဆေးခြောက်ပမာဏအနည်းငယ်နဲ့ မိရင်တောင် အခန့်မသင့်ရင် ထောင်ကျတဲ့ အထိဖြစ်နိုင်ပါတယ်။

Ref;destinationtips.com

Did you find apk for android? You can find new Free Android Games and apps.
Loading