Travel

ခရီးသွားတဲ့အခါ Hostel တွေမှာ တည်းခိုသင့်တဲ့ အကြောင်းအရင်း

Want create site? Find Free WordPress Themes and plugins.

ယခုနောက်ပိုင်း ခရီးတွေ သွားတဲ့အခါမှာ လူငယ်တွေတော်တော်များများက စရိတ်ကြီးတဲ့ ဟိုတယ်တွေအစား စရိတ်စက သက်သာတဲ့ Hostel (အဆောင်) တွေမှာ ပိုမို တည်းခို လာကြပါတယ်။ ဒါ့ကြောင့်မို့လို့ ပြည်တွင်း၊ ပြည်ပ ခရီးတွေသွားတဲ့အခါ Hostel တွေမှာ တည်းခိုသင့်တဲ့ အကြောင်းအရင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Hostel ဆိုတာ ဘာလဲ

Hostel ဆိုတာ ဈေးသက်သာတဲ့ တည်းခိုစရာ နေရာထိုင်ခင်း တခုပဲ ဖြစ်ပါတယ်။ ဟိုတယ်တွေမှာ တည်းခိုတဲ့ စရိတ်ထက် တဝက်လောက် သက်သာပါတယ်။ သင်ဟာ ပြည်ပနိုင်ငံကို ခရီးသွားမယ် ဆိုပါစို့။

စရိတ်ထောင်းတဲ့ နေရာတွေမှာ တည်းခို မယ်ဆိုရင် သင့်ခရီးသွားစရိတ်တွေ ကုန်ကျမှု ပိုမို များပြားတာကို လျော့ချပေးဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခန်း တခန်းထဲမှာ နှစ်ထပ် ကုတင်တွေနဲ့ အိပ်စက်ရတာ ဖြစ်ပြီး တခြားသူတွေနဲ့ အပေါ်အောက် အိပ်စက်ရတာ ဖြစ်ပါတယ်။

(၂) အားသာချက်တွေက ဘာတွေလဲ

Hostel မှာ နေသင့်တဲ့ အကောင်းဆုံး အကြောင်းအရင်းကတော့ ဈေးသက်သာလို့ပဲ ဖြစ်ပါတယ်။ Hostel တခုနဲ့ တခု၊ နိုင်ငံ တခုနဲ့တခုတော့ ဈေးတွေလိုက်ပြီး ကွာခြားသွားနိုင်ပါတယ်။ နောက်တခုကတော့ Hostel အများစုဟာ အခန်းတခန်းမှာ လူ ၄ ယောက်လောက် တည်းခိုနိုင်လို့ သင့်သူငယ်ချင်းတွေနဲ့ စုပြီး ခရီးသွားတဲ့အခါ အဆင်ပြေပြေ တည်းခို နိုင်ပါတယ်။

 

အိပ်ခန်းတွေမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြားထားပေးတဲ့အတွက် တယောက်တည်း ခရီးသွားမယ့် မိန်းကလေးတွေအတွက်လည်း အရမ်း သင့်တော်ပါတယ်။ တကယ်လို့သင်ဟာ တယောက်တည်း ခရီးသွားပြီး Hostel မှာ တည်းမယ် ဆိုရင်လည်း သင်နဲ့ အတူတူနေတဲ့ အခန်းဖော်တွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်ကောင်းပါပဲ။

Hostel အများစုဟာ မြို့ကြီးတွေရဲ့ သွားရလာရ လွယ်ကူတဲ့ နေရာတွေမှာ ရှိနေတာကလည်း သင့်ကို အဆင်ပြေ စေပါတယ်။ Hostel တွေမှာ ချက်ပြုတ်စားသောက်ဖို့ မီးဖိုချောင်တွေပါ ပါရှိလို့ သင်စိတ်ပါရင် ရောက်တဲ့ နိုင်ငံမှာ ကိုယ်တိုင်ဈေးသုံးပြီး ချက်ပြုတ်စားသောက်လို့ ရပါသေးတယ်။ နောက်ထပ် ဝမ်းသာစရာတခုကတော့ Hostel တိုင်းမှာ မနက်စာ ကျွေးမွေးခြင်း ဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း Hostel မှာ တည်းခိုသူတွေဟာ ညဘက် ပါတီကျင်းပတာ၊ ပျော်ပွဲစားတာတွေ ပြုလုပ်ကြလို့ သင့်ရဲ့ ခရီးစဉ်တွေမှာ ပျင်းဖို့ အချိန်တောင်ရမှာ မဟုတ်ပါဘူး။ တခုရှိတာကတော့ Hostel တွေမှာ နေထိုင်ရင် သင်သီးသန့်နေထိုင်ဖို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

Hostel တော်တော်များများရဲ့ အိပ်ခန်းတွေမှာ နှစ်ထပ်ကုတင်တွေ ရှိတာကြောင့် သူစိမ်းတွေကတော့ ဝင်ထွက် သွားလာမှုတွေ ရှိနေမှာပါပဲ။ ဒါပေမယ့် သင့်ရဲ့ လုံခြုံရေးအတွက် Hostel တွေရဲ့ အဝင်ဝမှာ အစောင့်တွေကို ထားရှိပေးထားပြီး သင်အိပ်ခန်းထဲကို မယူသွားချင်တဲ့ တန်ဖိုးရှိပစ္စည်းတွေကို ထိန်းသိမ်းဖို့ Locker တွေလည်း ပေးထားတတ်ကြပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံက ခရီးသွားလာမှုများတဲ့ မြို့တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ စတဲ့ မြို့တွေမှာလည်း Hostel တွေကို ဖွင့်လှစ်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် တယောက်တည်း ခရီးသွားလိုတဲ့ မိန်းကလေးတွေအနေနဲ့ လုံခြုံစိတ်ချစွာ ခရီးသွားချင်တယ်ဆိုရင် Hostel တွေမှာ တည်းခိုဖို့ အကြံပေးချင်ပါတယ်။

Ref; moneycrashers.com

Did you find apk for android? You can find new Free Android Games and apps.
Loading