Travel

ဖိလစ်ပိုင်နိုင်ငံက လူကြိုက်များတဲ့ နေရာ ၈ ခု

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝန်းမှာ လှပတဲ့နေရာတွေရှိသလို စာဖတ်သူတွေလည်း သိချင်ကြလိမ့်မယ် ထင်ပါတယ်။ အခု ဖော်ပြပေး မယ့် နေရာတွေကတော့ ဖိလစ်ပိုင်နိုင်ငံမှာရှိပြီး Instagram မှာ ဓာတ်ပုံရိုက်တင်သူတွေ သဘောကျလေ့ရှိတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီနေရာတွေဟာ လတ်တလောမှာ ခေတ်စားနေတာကြောင့် တကယ်လှ၊ မလှကို ကြည့် ကြည့်လိုက်ပါ။

(၁) Dao Waterfall

 

 

ဖိလစ်ပိုင်နိုင်ငံ Cebu မြို့ကနေ ဘတ်စ်နဲ့သွားမယ်ဆိုရင် အခုလိုလှပပြီး သန့်ရှင်းသပ်ရပ်တဲ့ Dao ရေတံခွန်မှာ ပုံလှလှလေးတွေ ဓာတ်ဖမ်းနိုင်မှာ ဖြစ်ပါတယ်။

(၂) Tan-Awan, Oslob

 

 

Cebu မြို့နဲ့ နီးတဲ့ Oslob မှာ ငါးမန်းတွေသွားကြည့်နိုင်မဲ့ နေရာတခု ဖြစ်ပါတယ်။ ဧည့်သည်တွေကိုတော့ ရေငုပ်ပြီး လေ့လာကြည့်ရှုခွင့် ပေးထားပါတယ်။ အန္တရာယ်ရှိတဲ့ ရေအောက် သတ္တဝါတွေဖြစ်တာကြောင့် နည်းပြရဲ့စကားကိုတော့ သေချာလိုက်နာဖို့ လိုအပ်ပါတယ်။

(၃) Sumilon Island

 

 

Oslob မှာပဲ ရှိပြီး အေးအေးလူလူနဲ့ အနားယူချင်သူတွေ၊ ရှုခင်းကောင်းကောင်း ခံစားချင်သူတွေ အကြိုက်တွေ့စေမယ့် နေရာတခုပါ။ အဖြူရောင် သဲသောင်ပြင်က အလယ်မှာ လမ်းသဖွယ် ဖြစ်နေတာကြောင့် သဘောကျတဲ့သူများပါတယ်။

(၄) Tingko Beach

 

 

အားလပ်ရက်မှာ လူထူထပ်ပြီး လှပတဲ့ နေရာတခု ဖြစ်ပါတယ်။ ကမ်းခြေက ရေလှိုင်းပုံစံနဲ့ အရောင်က တမျိုးလေး ဖြစ်ပြီး လှနေပါတယ်။

(၅) Cebu Taoist Temple

ထိုင်ဝမ် (သို့မဟုတ်) ဟောင်ကောင်ကို ရောက်နေသလို ခံစားချင်ရင်တော့ Cebu မှာ ဒီနေရာလေး ရှိနေပါတယ်။ တာအိုဘုရားကျောင်း ဖြစ်တာကြောင့် ဘာသာရေးနဲ့ ပတ်သက်ပြီး သတိထားဖို့ အဝတ်အစားပိုင်း ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

(၆) Terrazas de Flores

 

 

အစီအရီ ကျပြီး လှပတဲ့ ပန်းခင်းတွေကြားမှာ ရောက်သွားတဲ့ သင်ဟာ ကာတွန်းကားထဲက ဥယျာဉ်ကမ္ဘာကြီးထဲ ရောက်သလို ခံစားရမှာပါ။ ပန်းခင်းတွေကြား မုန့်နဲ့ ကော်ဖီလည်း သောက်ပြီး အနားယူလို့ ရပါတယ်။

(၇) Adventure Parks

 

 

စွန့်စားခန်းတွေကို စိတ်ဝင်စားပြီး စိတ်လှုပ်ရှားတဲ့အရာတွေ ဖန်တီးချင်ရင်တော့ Danao မြို့မှာ Adventure Parks ရှိပါတယ်။ အမြင့်ပေ ၁၃၀ လောက်ကနေ ခုန်ချပြီး sky bike စတဲ့ ဂိမ်းတွေ ဆော့နိုင်မှာ ဖြစ်ပါတယ်။

(၈) 10,000 Roses Café

 

 

တောင်ကိုရီးယားက Dongdaemun အတိုင်း ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ အဖြူရောင် နှင်းဆီပန်းတွေက ဖန်တီးထားတာဖြစ်ပြီး ချစ်သူရှိတဲ့သူတွေ ရိုလို့ကောင်းမယ့် နေရာ တခုလည်း ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ အနားယူပြီး ပန်းတွေနဲ့ ဓာတ်ပုံ ရိုက်ဖို့ကို သွားတဲ့သူတိုင်း စိတ်ကူးမိမယ် ထင်ပါတယ်။

Ref; www.cosmo.ph/lifestyle

Did you find apk for android? You can find new Free Android Games and apps.
Loading