Travel

ဓာတ်ပုံရိုက်ရင် ဥပဒေနဲ့ ညှိစွန်းနိုင်တဲ့ နိုင်ငံများ

Want create site? Find Free WordPress Themes and plugins.

ခရီးသွားတဲ့ အခါ ကိုယ့်ရဲ့ ခရီးစဉ်ကို အမှတ်တရဖြစ်အောင် ဓာတ်ပုံတွေနဲ့ပဲ မှတ်တမ်းတင်လေ့ရှိကြပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာ ကိုယ်စိတ်ထင်တိုင်း ဓာတ်ပုံရိုက်လိုက်ခြင်းကြောင့် ဥပဒေနဲ့ ညှိစွန်းတတ်ပါတယ်။

တချို့နိုင်ငံတွေမှာ ခရီးသွားတွေကို သေချာရှင်းပြထားလို့ ကိစ္စမရှိပေမယ့် တချို့နိုင်ငံတွေမှာတော့ မထင်မှတ်ဘဲ ဓာတ်ပုံရိုက်လိုက်တာကြောင့် ပြစ်ဒဏ်ပေးခြင်းကို ခံရတဲ့ ခရီးသွားတွေ ရှိနေပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ရင် ဥပဒေနဲ့ ညှိစွန်းနိုင်တဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) မြောက်ကိုးရီးယား

တကယ်လို့သင်ဟာ မြောက်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် လိုက်နာရမယ့် ဥပဒေတွေက တပုံတပင် ပါပဲ။ ဒါတွေထဲက တခုကတော့ သင်ဟာ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်ခွင့် လုံးမရှိတာဖြစ်ပါတယ်။ သင်တည်းခိုတဲ့ နေရာ ကနေ သင့်ရဲ့ ခရီးသွားလမ်းညွှန်မပါဘဲ အပြင်ထွက်ခွင့် မရှိသလို သင့်စိတ်ကြိုက်ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။

တကယ်လို့ သင်က ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်ခဲ့တယ်ဆိုရင် ဒဏ်ငွေ အများကြီးဆောင်ရနိုင်တဲ့အပြင့် အခန့်မသင့်ရင် ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ကို ခံရမှာ ဖြစ်ပါတယ်။

(၂) အင်္ဂလန်

အင်္ဂလန်နိုင်ငံကို သွားရောက်လည်ပတ်ရင် နိုင်ငံရဲ့ နေရာ တော်တော်များများမှာ ဓာတ်ပုံရိုက်ခွင့်ရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုဓာတ်ပုံရိုက်ခွင့်ဟာ အပျော်တမ်းဓာတ်ပုံရိုက်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ စီးပွားရေးအရ ဓာတ်ပုံတွေ ရိုက်ကူးချင်တယ်ဆိုရင်တော့ ခွင့်ပြုချက်ကို တောင်းခံမှသာ ရိုက်ကူးခွင့်ရှိတာဖြစ်ပါတယ်။

လန်ဒန်မြို့ရဲ့ အထင်ကရ နေရာတွေမှာ သင်ဟာ စီးပွားရေးအရ ဓာတ်ပုံရိုက်ကူးချင်တယ်ဆိုရင်တော့ မြို့တော်ဝန်ရဲ့ ခွင့်ပြုချက်ပါမှသာရမှာ ဖြစ်ပါတယ်။

(၃) တောင်ကိုးရီးယား

တောင်ကိုးရီးယားနိုင်ငံမှာ အမျိုးသမီးတွေကို အခွင့်မရှိဘဲ ဓာတ်ပုံရိုက်ကူးခွင့်မရှိပါဘူး။ အများပြည်သူသွားလာနေတဲ့ နေရာ တွေမှာတောင် လမ်းမှာတွေ့တဲ့ ကိုးရီးယားမလေးချောတယ်ဆိုပြီး ဓာတ်ပုံခိုးရိုက်ဖို့တော့ စိတ်တောင် မကူးပါနဲ့။

တောင်ကိုးရီးယားနိုင်ငံမှာ အခွင့်မရှိဘဲ အမျိုးသမီးတွေကို ဓာတ်ပုံရိုက်တာကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုလို့ သတ်မှတ်ထားပြီး သင်ဓာတ်ပုံခိုးရိုက်တာကို မိသွားခဲ့ရင် ထောင်ဒဏ်ငါးနှစ် (သို့) ငွေဒဏ် အမေရိကန်ဒေါ်လာ ၈၈၀၀ အထိ ပြစ်ဒဏ်ကျသင့်မှာ ဖြစ်ပါတယ်။

(၄) အမေရိကန်

အမေရိကန်နိုင်ငံရဲ့ ဓာတ်ပုံမရိုက်ရ ဥပဒေတွေက ကိုးရီးယားနိုင်ငံလောက် မပြင်းထန်ဘူးဆိုပေမယ့် ဓာတ်ပုံမရိုက်ဖို့ ကန့်သန်ထားတဲ့ နေရာတွေ ရှိပါတယ်။ အဲ့ဒါကတော့ သူများရဲ့ ပိုင်ဆိုင်မှုတွေကို ရိုက်ခွင့်မရှိတာပါပဲ။

အစိုးရပိုင်ဆိုင်တဲ့ Public Area တွေမှာ သင့်စိတ်ကြိုက်ဓာတ်ပုံရိုက်ခွင့်ရှိပေမယ့် လူတဦးတယောက်ချင်းရဲ့ ပိုင်ဆိုင်မှု တွေကို ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် တားမြစ်ထားတဲ့ ဆိုင်းဘုတ်တွေကို ဂရုတစိုက်ဖတ်ရှုကြဖို့လည်း အကြံပြုချင်ပါတယ်။

Ref;Brightside.com

Did you find apk for android? You can find new Free Android Games and apps.
Loading