ခရီးသွားလာရေးလုပ်ငန်းဟာ အခုနောက်ပိုင်းမှာဆိုရင် ကျယ်ပြန့်လာတဲ့ လုပ်ငန်းတခု ဖြစ်ပြီး ခရီးသွားတွေဟာလည်း ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများကို ခြေဆန့်လာနေကြပါပြီ။ အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ နိုင်ငံတာကာက ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ်ဖို့ တင်းကျပ်လှတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) ဆော်ဒီအာရေဗျ
ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ဒေသခံနိုင်ငံသား တဦးဦးက စပွန်ဆာပေး ထောက်ပံ့ထားမယ်ဆိုရင်တောင်မှ မလွယ်ကူလှပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အဲဒီနိုင်ငံဟာ ဗီဇာနဲ့ ပတ်သက်ရင် အင်မတန်မှ တင်းတင်းကျပ်ကျပ် စိစစ်လေ့ရှိလို့ပဲ ဖြစ်ပါတယ်။
(၂) အီရန်
အီရန်နိုင်ငံရဲ့ ဗီဇာအတွက်ကတော့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ပါကစ္စတန်သံရုံးမှတဆင့် ရယူရမှာ ဖြစ်ပြီး အီရန်မှာ အမေရိကန်သံရုံး မရှိတာကိုလည်း သိကြမှာပါ။ သင့်အနေနဲ့ အီရန်နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ခရီးသွားအဖွဲ့တွေနဲ့ သွားရောက် လည်ပတ်မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။
(၃) မြောက်ကိုရီးယား
မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်သွားမယ့်သူတွေအနေနဲ့ တရုတ်နိုင်ငံကနေ တဆင့် Booking ပြုလုပ်ရမှာဖြစ်ပြီး လည်ပတ်မယ့် ခရီးစဉ်တလျှောက်မှာဆိုရင်လည်း မြောက်ကိုရီးယားနိုင်ငံသား ခရီးသွားဧည့်လမ်းညွှန်တွေနဲ့ အချိန်ပြည့်လည်ပတ်မှသာ နိုင်ငံအစိုးရအနေနဲ့ ခွင့်ပြုမှာဖြစ်ပါတယ်။
(၄) ဆီးရီးယား
နိုင်ငံရေးအခြေအနေ ရှုပ်ထွေးမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ ဆီးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ဗီဇာရရှိဖို့လည်း ခက်ခဲရှုပ်ထွေးတဲ့ အဆင့်တွေကို ဖြတ်ကျော်ရမှာဖြစ်ပြီး ရရှိဖို့ဆိုတာဟာလည်း မကျိန်းသေလှတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။
(၅) ကျူးဘား
လက်ရှိမှာ အမေရိကန်နဲ့ အနည်းငယ်ပြေလည်တဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ ရှိပေမယ့် ခရီးသွားတွေကိုတော့ ကျူးဘားနိုင်ငံအနေနဲ့ အပြည့်အဝခွင့်ပြုထားခြင်း မရှိသေးတာဘဲ ဖြစ်ပါတယ်။ သွားရောက်လည်ပတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တခု ရှိမှသာ အချိန် အတော်ကြာ စိစစ်ပြီးမှ သွားရောက်လည်ပတ်ဖို့ ခွင့်ပြုပေးမှာပဲဖြစ်ပါတယ်။
Ref: boredarticles.com