တယောက်တည်း ခရီးသွားဖို့ဆိုရင် မိမိသွားမယ့် နေရာဒေသဟာ ဘေးကင်းလုံခြုံမှုရှိရဲ့လား၊ အဆင်ပြေမှုရှိရဲ့လား ဆိုတာကို စဉ်းစားတတ်ကြပြီး အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ တကိုယ်တော်ခရီးသွားတွေ အများစုကို စစ်တမ်းကောက်ယူထားတဲ့ အကြိုက်နှစ်သက်ဆုံးနဲ့ လုံခြုံမှုအရှိဆုံး နိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) စပိန် (Spain)
လေ့လာစရာ ရှေးဟောင်းဗိသုကာ လက်ရာတွေနဲ့ အရသာရှိပြီး ဆန်းသစ်လှတဲ့ ရိုးရာအစားအစာတွေကြောင့် စပိန်နိုင်ငံဟာ နာမည်ကြီးလှသလို စပိန်လူမျိုးတွေဟာဆိုရင်လည်း အင်မတန်မှဖော်ရွေပြီး ခင်မင်စရာကောင်းတဲ့ လူမျိုးတွေပဲ ဖြစ်တဲ့အပြင် ညဘက်တွေမှာ လည်ပတ်သွားလာမယ်ဆိုရင်တောင် လုံခြုံမှုရှိတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။
(၂) တန်ဇန်းနီးယား (Tazania)
နေ့စဉ်မွန်းကြပ်လှတဲ့ နည်းပညာတိုးတက်မှုရဲ့ အောက်က ခဏလောက်ဖြစ်ဖြစ် ရုန်းထွက်ဖို့ဆိုရင်တော့ Tazania နိုင်ငံဟာ အသင့်တော်ဆုံးပဲဖြစ်ပြီး သင်ဟာ တောလည် ခရီးထွက်ဖို့ ဝါသနာပါသူဆိုရင်တော့ Tazania ဟာ သင့်အတွက် အကောင်းဆုံးနိုင်ငံတနိုင်ငံ ဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ရင်းနှီးဖော်ရွေမှုတွေကြောင့်လည်း တကိုယ်တော် ခရီးထွက်နေတယ်ဆိုတာကိုပါ မေ့ပျောက်သွားစေနိုင်မှာ ဖြစ်ပါတယ်။
(၃) ဖိလစ်ပိုင် (Philippines)
ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်တော့ လည်ပတ်သွားလာစရာ ကျွန်းပေါင်း ၇၁၀၇ ကျွန်းထိ ရှိပြီး ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဖော်ရွေမှုနဲ့ ဧည့်ဝတ်ပျူငှာမှုတွေကတော့ သင့်တသက်တာမှာ မေ့နိုင်စရာရှိမယ် မထင်ပါဘူး။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တကိုယ်တော် လည်ပတ်သွားလာဖို့ လုံခြုံတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့လည်း Travel website အများစုက ညွှန်းဆိုထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
(၄) နယူးဇီလန် (New Zealand)
ရွေးချယ်စရာ ဟိုတယ်တွေ၊ ကောင်းမွန်တဲ့ ခရီးသွားဝန်ဆောင်မှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြောင့် နယူးဇီလန်နိုင်ငံဟာ တကိုယ်တော် ခရီးသွားတွေ မျက်စိကျတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ဈေးနှုန်းသင့်တင်ပြီး အရသာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ဖော်ရွေကူညီတတ်တဲ့ ဒေသခံတွေကြောင့်လည်း ရွေးချယ်လည်ပတ်သင့်တဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။
(၅) သြစတြေးလျ (Austria)
စိတ်ဝင်တစားကြည့်ရှုစရာ အနုပညာလက်ရာတွေ၊ ဈေးဝယ်စရာနေရာတွေနဲ့ ပြည့်နှက်နေတဲ့ သြစတြေးလျနိုင်ငံဟာဆိုရင် တကိုယ်တော်ခရီးသွားတွေအတွက် လုံခြုံမှု ပေးနိုင်တဲ့အပြင် ရှုပ်ထွေးမှု မရှိတဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကြောင့်လည်း နေရာအနှံ့ကို သွားရောက်လည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်။
Ref. www.gapyear.com