Travel

ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနဲ့ အငြိမ်းချမ်းဆုံးနိုင်ငံ ၄ နိုင်ငံ

Want create site? Find Free WordPress Themes and plugins.

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတွေ တော်တော်များများမှာ ရာဇဝတ်မှုတွေ (လူသတ်မှု ၊ အကြမ်းဖက်မှု)ဟာ အနည်းနဲ့အများ ဆိုသလို ရှိတတ်ကြပြီး အခြား ရာသီဥတု သဘာဝဘေးအန္တရာယ်တွေလည်း ကြုံတွေ့ရပါသေးတယ်။

အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ လုံခြုံမှု အရှိဆုံးနဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတွေအဖြစ် ရပ်တည်နေနိုင်တဲ့နိုင်ငံတွေပဲဖြစ်ပြီး ၂၀၁၇ ခုနှစ် နှစ်စပိုင်းထဲက The Global Peace Index အပေါ်မူတည်ကာ စစ်တမ်းကောက်ယူထားတဲ့ နိုင်ငံများပဲ ဖြစ်ပါတယ်။

(၁) Iceland

ကမ္ဘာပေါ်မှာ လုံခြုံမှုအရှိဆုံးနဲ့ အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေတဲ့ Iceland ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အခုလို ရပ်တည်လာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အသန့်ရှင်းဆုံးနဲ့ အကျန်းမာဆုံး နိုင်ငံ ၁ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

(၂) New Zealand

New Zealand နိုင်ငံကတော့ သွားရောက်လည်ပတ်ဖို့ စံနမူနာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မတော်တဆ ဖြစ်မှုတွေအတွက် အဖွဲ့တခုလည်း ဖွဲ့စည်းထားတာဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆေးဝါးထောက်ပံ့မှုတွေနဲ့ အတူ အခြားအကူအညီတွေလည်း ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

(၃) Portugal

Portugal နိုင်ငံဟာ ဥရောပတိုက်အတွင်းမှာရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး စစ်တမ်းတွေအရ ကမ္ဘာ့အနားယူလို့ အကောင်းဆုံး နိုင်ငံတနိုင်ငံ အဖြစ်လည်း ရပ်တည်နေပါတယ်။ Portugal နိုင်ငံရဲ့ Passport ဟာ ကမ္ဘာလှည့်ခရီးသွားဖို့ အတွက် အထောက်အပံ့ပေးထားပြီး ၁၄၁ နိုင်ငံမှ ၁၇၂ နိုင်ငံအထိ Visa ရောက်ရှိနိုင်ဖို့အတွက်လည်း လွယ်ကူတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

(၄) Austria

၂၀၁၆ ခုနှစ်မှာ အလုံခြုံဆုံးနဲ့ အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် နံပါတ်(၁)နေရာမှာ ရပ်တည်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်တဲ့ Mozart , Strauss နဲ့ Freud တို့ရဲ့ မွေးရပ်မြေတခုလည်း ဖြစ်ပါတယ်။

Ref: listaka.com

Did you find apk for android? You can find new Free Android Games and apps.
Loading