ဒီနေ့ခေတ် လူငယ်တော်တော်များများကြားမှာ ရေပန်းစားလာတာကတော့ ကျောပိုးအိတ်တလုံးနဲ့ သွားတဲ့ ဘတ်ဂျက်ခရီးတွေပါ။ မြန်မာနိုင်ငံက လူငယ်တွေလည်း စတင်ပြီး သွားနေကြပြီဖြစ်လို့ အာရှတိုက်မှာ ဘတ်ဂျက်ခရီးသွားလို့ရတဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။
အခု တွက်ပြထားတဲ့ ဘတ်ဂျက်ခရီးစဉ်တွေဟာ အသက်သာဆုံးနေရာတွေက တညတာ တည်းခိုစရိတ်၊ လူနှစ်ယောက်စာ သွားလာစရိတ်၊ နာမည်ကျော်နေရာတွေကို တနေ့ တနေရာ ဝင်ခွင့်စရိတ်၊ ဈေးသက်သာတဲ့ စားသောက်ဆိုင်များမှာ တနေ့ သုံးနပ်စာ စားစရိတ် စတာတွေ ပါရှိပါတယ်။
(၁) Hanoi (ဗီယက်နမ်)
ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံထက် ငွေကြေးတန်ဖိုးနိမ့်တာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ သွားရောက် လည်ပတ်ရ အဆင်ပြေပါတယ်။ မြန်မာကျပ်ငွေ တကျပ်ဟာ ဗီယက်နမ်ငွေကြေး 14 Dong နဲ့ ညီမျှပါတယ်။ ပြင်သစ် လက်အောက်ခံဖြစ်ခဲ့ဖူးတဲ့ ဒီနိုင်ငံမှာ လည်ပတ်စရာတွေ အရမ်းကို ပေါများပါတယ်။ ဗီယက်နမ်ကို လည်ပတ်မယ် ဆိုရင်အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေဖြင့်
တည်းခိုစရိတ်(Hostel) တည = တသောင်းကျပ်ခန့်
သွားလာစရိတ် လူ၂ဦး တနေ့တာ= ရှစ်ထောင်ခန့်
စားစရိတ် သုံးနပ်စာ = နှစ်သောင်းခန့်
လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = သုံးထောင်ခန့်
ဖျော်ဖြေရေး(အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်) = ငါးထောင်ခန့် ကုန်ကျနိုင်ပါတယ်။
(၂) Vientiane (လာအို)
လာအိုနိုင်ငံဟာ ယဉ်ကျေးမှုအမွေအနှစ် အလွန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ လည်ပတ်စရာ၊လေ့လာစရာနဲ့ အနားယူစရာ တွေ ပေါများတဲ့ လာအိုနိုင်ငံဟာ သွားရောက်လည်ပတ်သင့်တဲ့ အာရှနိုင်ငံတွေထဲက တခုပဲဖြစ်ပါတယ်။ မြန်မာကျပ်ငွေ တကျပ်ဟာ လာအို ငွေကြေး (3) Kipနဲ့ ညီမျှပါတယ်။ လာအိုကို လည်ပတ်မယ်ဆိုရင် အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေဖြင့်
တည်းခိုစရိတ်(Hostel) တည = တသောင်းကျပ်ခန့်
သွားလာစရိတ် လူ၂ဦး တနေ့တာ = ငါးထောင်ခန့်
စားစရိတ် သုံးနပ်စာ =တသောင်းနှင့်ငါးထောင်ခန့်
လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = နှစ်ထောင်ခန့်
ဖျော်ဖြေရေး (အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်) = ခြောက်ထောင်ခန့် ကျသင့်နိုင်ပါတယ်။
(၃) Chiang Mai (ထိုင်းနိုင်ငံ)
ထိုင်းနိုင်ငံကို ဘတ်ဂျက်ခရီးအနေနဲ့ သွားရောက်လည်ပတ်မယ်ဆိုရင် ဘန်ကောက်ကို မသွားပဲ ချင်းမိုင်ကိုသွားဖို့ တိုက်တွန်းချင်ပါတယ်။ ချင်းမိုင်ဟာ ဘန်ကောက်ထက် သွားလာရပိုမိုလွယ်ကူပြီး စားသောက်စရိတ်၊ နေထိုင်စရိတ်တွေ သက်သာပါတယ်။
လည်ပတ်စရာတွေ ပေါများပြီး အစားအသောက်တွေဟာလည်း ဈေးသက်သာပါတယ်။ ချင်းမိုင်ကို လည်ပတ်မယ်ဆိုရင် အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေ
တည်းခိုစရိတ် (Hostel) တည = တသောင်းခန့်
သွားလာစရိတ် လူ၂ဦး တနေ့တာ = ငါးထောင်ခန့်
စားစရိတ် သုံးနပ်စာ = တသောင်းခန့်
လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = ငါးထောင်ခန့်
ဖျော်ဖြေရေး (အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်)= နှစ်သောင်းခန့် ကုန်ကျနိုင်ပါတယ်။
(၄) Manila (ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် Manila ဟာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ ကမ်းခြေတွေ အပန်းဖြေစခန်းတွေ ရှိတဲ့ ဒီမြို့မှာ လည်ပတ်အနားယူမယ်ဆိုရင် အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေ
တည်းခိုစရိတ် (Hostel) တည =တသောင်းနှစ်ထောင်ခန့်
သွားလာစရိတ် လူ၂ဦး တနေ့တာ = နှစ်ထောင်ခန့်
စားစရိတ် သုံးနပ်စာ = တသောင်းငါးထောင်ခန့်
လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = ငါးထောင်ခန်
ဖျော်ဖြေရေး (အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်) = ခြောက်ထောင်ခန့် ကုန်ကျနိုင်ပါတယ်။
ယခုတွက်ပြထားတဲ့ ငွေကြေးတွေဟာ ယနေ့(နိုဝင်ဘာလ ၆ ရက်နေ့၊၂၀၁၈) မြန်မာ့ငွေဈေးနဲ့ တွက်ချက်ထားတာဖြစ်လို့ ငွေကြေးကွာဟမှုတွေ ရှိနိုင်ပါတယ်။
ဒါ့အပြင် တွက်ချက်ထားတဲ့ ကုန်ကျစရိတ်တွေဟာလည်း ဈေးအသက်သာဆုံးဖြစ်အောင် ချွေတာတွက်ချက်ထားတာ ဖြစ်ပါတယ်။
Ref;Priceofthavel.com