Travel

တရုတ်နိုင်ငံသည် ခရီးသွားဧည့်သည် လာရောက်မှု အများဆုံးဖြစ်လာနိုင်ဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

အာရှဒေသတွင် ခရီးသွားလာမှု ငွေကြေးသုံးစွဲနိုင်သည့် လူလတ်တန်းစားဦးရေ တိုးပွားလာနေရာ တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံကို ကျော်လွန်၍ ကမ္ဘာ့နံပါတ် ၁ ခရီးသွား ဦးစား ပေး လည်ပတ်ရာနေရာဖြစ်နိုင်ကြောင်း ဥရောပစောင့်ကြည့်ရေးနိုင်ငံတကာအဖွဲ့၏ ဈေးကွက်သုတေသ နပြုချက်အရ သိရသည်။

လန်ဒန်တွင် အင်္ဂါနေ့က ကျင်းပသည့် ခရီးသွားလုပ်ငန်းညီလာခံတခု၌ ထွက်ပေါ်လာသော အစီရင် ခံစာ တစောင်တွင် ဥရောပစောင့်ကြည့်ရေး(Euromonitor)အဖွဲ့က ၂၀၁၈ ခုနှစ်၌ ခရီးသွားလာမှုပေါင်း ၁.၄ ဘီလီယံရှိမည်ဖြစ်ပြီး ယခင်နှစ် ကထက် ၅ ရာခိုင်နှုန်းတက်လာမည်ဟု ခန့်မှန်းတွက်ချက်ထား သည်။ ခန့်မှန်းထားသည့် ၁၁ ရာခိုင်နှုန်းအရ အဓိက စီးပွားရေး အများအပြား အားကောင်းလာခြင်း ကြောင့် ခရီးသွားလုပ်ငန်း တွင်ကျယ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၃၀ ပြည့်နှစ် အရောက်တွင် နိုင်ငံတကာမှ ခရီးသွားရောက်ရှိမှုများမှာ နောက်ထပ်ဘီလီယံနှင့်ချီ၍ တိုးတက်လာမည်ဟု မှန်းဆထားပြီး ခရီးသွားဝင်ငွေ ဒေါ်လာ ၂.၆ ထရီလီယံရနိုင်ဖွယ်ရှိ သည်ဟု ဆို သည်။ တရုတ်သည် ပြင်သစ်ကို ကျော်၍ ကမ္ဘာ့နံပါတ် ၁ ခရီးသွားဦးတည်ရာဖြစ်လာရန် မျှော်လင့် နေသည်။

ခရီးသွားလုပ်ငန်း အောင်မြင်လာသည်နှင့် အမျှ ၈ နှစ်တာအတွက် ကမ္ဘာ့စီးပွားရေး တပန်းသာလာ မည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသအတွက် ယခုနှစ်အတွင်း ခရီးသွားလာမှုပေါင်း ၁၀ ရာခိုင်နှုန်းတိုးတက် လာမည်ဟု ယူဆထားသည်။

အဆိုပါဒေသအတွက် စီးပွားရေးရုတ်ချည်းတိုးတက်လာမှုအကျိုးဖြစ်ထွန်းလာသည့်အပြင် လူလတ် တန်းစား တိုးပွား လာခြင်းက ငွေကုန်ခံ၍ ခရီးသွားခြင်းတွင် ပိုမိုတိုးတက်လာမည်ဖြစ်သည်။

ဥရောပစောင့်ကြည့်ရေးအဖွဲ့၏ ဝါရင့် ခရီးသွားသုတေသီ ဝူတာဂါ့စ်က အာရှ-ပစိဖိတ်ဒေသတွင်း ဗီဇာ ကန့်သတ်မှု တဖြည်းဖြည်း ဖြေလျော့လာပေးခြင်းက ခရီးသွားလုပ်ငန်းအတွက် ပိုမိုအဆင်ပြေလာ စေကြောင်း၊ ယင်းဒေသမှ အာရှတိုက်အတွင်းသို့ ခရီးသည်ရောက်ရှိမှု ၈၀ ရာခိုင်နှုန်းရှိနေကြောင်း ပြောသည်။

အားကစားပွဲတော်ကျင်းပပေးခြင်းသည် ဒေသတွင်း ခရီးသွားလာရောက်မှုတိုးမြှင့်ပေးသည်ဟုလည်း ၎င်းက ပြောကြား လိုက်ပြီး တိုကျိုတွင် ၂၀၂၀ နွေရာသီအိုလံပစ်ပွဲတော်နှင့် ဘေဂျင်းတွင် ၂၀၂၂ ဆောင်းရာသီအားကစား ပွဲတော်တို့ ကျင်းပရန်ရှိနေသည်။

“ခရီးသွားလုပ်ငန်းဟာ တရုတ်စီးပွားရေးအတွက် အဓိကသော့ချက်တခုပါ။ ရင်းနှီးမြှုပ်နှံမှုအများစုဟာ အခြေခံ အဆောက် အဦနဲ့ အဆင့်အတန်း တိုးတက်ဖို့ လုပ်ပြီးပါပြီ။ ဒါ့အပြင် ခရီးသွားလုပ်ငန်းနဲ့ အဆင်ပြေမယ့်မူဝါဒချမှတ်ခြင်းနဲ့ အစပျိုးပေး ခြင်းတို့လည်း ပါဝင်ပါတယ်” ဟု သူက ပြောသည်။

အီဂျစ်၊ တူနီရှားနှင့်တူရကီကဲ့သို့ နာမည်ကြီးခရီးသွားဦးတည်နေရာများအတွက်မူ လုံခြုံရေးစိုးရိမ်ရ မှုများကြောင့် ဧည့်သည်အရေအတွက်မှာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျဆင်းသွားခဲ့ရသည်။

.
၂၀၁၁ ခုနှစ်က အီဂျစ်နိုင်ငံတွင် လူထုဆန္ဒပြပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် IS တို့လက်ချက် ကြောင့် ရုရှားခရီးသည်တင်လေယာဉ်တစင်း အီဂျစ်ပိုင် ဆီနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့ရာ လူ ၂၂၄ ဦး သေဆုံးခဲ့သည်။

အီဂျစ်အစိုးရ၏စာရင်းဇယားများအရ ၂၀၁၀ ပြည့်နှစ်က ၁၄ သန်းအထိပင် ရှိခဲသော်လည်း ယမန်နှစ် ကမူ လာရောက်သူ ကမ္ဘာလှည့်ခရီးသည်ဦးရေမှာ ၈ သန်းသာ ရှိခဲ့ကြောင်း သိရသည်။

မကြာသေးမီနှစ်များက အစွန်းရောက်တိုက်ခိုက်မှုများနှင့် နိုင်ငံအချို့တွင် စီးပွားရေး၊ နိုင်ငံရေးဂယက် များ ပြင်းထန်ခဲ့သော် လည်း ဥရောပဒေသအတွက် ခရီးသွားလုပ်ငန်းမှာ ကြံ့ကြံ့ခံရပ်တည်နေဆဲဖြစ်ပြီး အားကောင်းကောင်းဖြင့် ဖွံ့ဖြိုးနေသည်။

Brexit ဟုခေါ်သည့် အီးယူ(ဥရောပသမဂ)မှ ဗြိတိန်နုတ်ထွက်သည့်ဖြစ်စဉ်မှာလည်း ဥရောပခရီးသွား လုပ်ငန်း ကဏ္ဍ အတွက် မရေမရာဖြစ်စေသည့် ရင်းမြစ်တစ်ခုဖြစ်သည်။

အကယ်၍ အမေရိကန်နှင့်တရုတ်တို့ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်တင်းမာမှုသည် အမေရိကန်ခရီး သွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း ဥရောပစောင့်ကြည့်ရေးအဖွဲ့(Euromonitor) က သတိပေးထားသည်။

Bangkok Post သတင်းပါ China to become most visited country ကို ဘာသာပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading