Travel

ကမ်းခြေသွားတဲ့အခါ မမေ့မလျော့ ယူသွားသင့်တဲ့ အသုံးအဆောင်ပစ္စည်း ၅ မျိုး

Want create site? Find Free WordPress Themes and plugins.

မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်တာကြောင့် အားလပ်ရက်တွေမှာ ကမ်းခြေ ခရီးသွားမယ့်သူတွေ ကမ်းခြေသွားတဲ့အခါ ပစ္စည်းမေ့လျော့ ကျန်ခဲ့တာမျိုးတွေ မဖြစ်ရအောင် ယူသွားရမယ့် အသုံးအဆောင်ပစ္စည်း အချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) Sunscreen

ကမ်းခြေ ခရီးသွားတဲ့အခါ အရေးအကြီးဆုံးကတော့ နေရောင်ခြည်ဒဏ်ကို အလုံအလောက်ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် (Sunscreen) ဖြစ်ပါတယ်။ ကမ်းခြေကပြန်လာပြီး အသားအရေ ညိုမည်း ပျက်စီးတာမျိုးတွေ မဖြစ်ရအောင် Sunscreen ကို မဖြစ်မနေ ထည့်သွားသင့်ပါတယ်။

(၂) ဦးထုပ်

ကမ်းခြေမှာ ဓာတ်ပုံရိုက်တဲ့အခါ ရှိုးထုတ်လို့လည်း ရသလို နေရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပြီးသား ဖြစ်တာကြောင့် ဦးထုပ် ဒါမှမဟုတ် ပုဝါ တမျိုးမျိုးကို ပျိုမေတွေ အနေနဲ့ ယူဆောင်သွားဖို့ မမေ့သင့်ပါဘူး။

(၃) နေကာမျက်မှန်

အပူရှိန် ပြင်းထန်လှတဲ့ နေရောင်ခြည်ကြောင့် အမြင်အာရုံ ထိခိုက်ပျက်စီးတာမျိုး မဖြစ်ရအောင် ကမ်းခြေသွားတဲ့အခါ နေကာမျက်မှန်ကို မဖြစ်မနေ ယူဆောင်သွားသင့်ပါတယ်။

(၄) ခြေညှပ်ဖိနပ်

ကမ်းခြေမှာ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ စီးနိုင်မှာ ဖြစ်သလို သက်သောင့်သက်သာလည်းဖြစ်စေမယ့် ခြေညှပ် ဖိနပ်မျိုးကို ကမ်းခြေ ခရီးအတွက် မပါမဖြစ် ယူသွားသင့်ပါတယ်။

(၅) ရေစိုခံအိတ်

ဖုန်းနဲ့ တခြားသော အရေးကြီး စာရွက်စာတမ်းတွေ ရေစိုပျက်စီးတာမျိုး မဖြစ်ရအောင် ပိုပိုလိုလို အနေနဲ့ ရေစိုခံ အိတ်တအိတ်ကို ယူဆောင်သွားသင့်ပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading