ရာသီဥတုက တဖန် ပြောင်းလဲလာခဲ့ပါပြီ။ မိုးကုန်လို့ ဆောင်းကို သေသေချာချာ ရောက်လာတဲ့အခါ အရမ်းအေးတဲ့ နိုင်ငံတွေမှာ ရာသီဥတု အခြေအနေ ဘယ်လိုရှိနေလဲဆိုတာ သိသင့်တဲ့အရာ မဟုတ်လား။
ရုရှားနိုင်ငံက မြို့ အချို့မှာ အပူချိန်က အနှုတ် ၇၀ ကျော်ထိ ရောက်လေ့ ရှိတာကြောင့် မြို့သူမြို့သားတွေဟာ အလုပ်အကိုင်တွေ အတော်ပျက်ကြတယ်လို့ ဆိုပါတယ်။ အရိုးခိုက်အောင် အေးလေ့ရှိတဲ့ ကမ္ဘာအနှံ့က မြို့တွေကို စာဖတ်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။
(၁) Verkhoyansk (ရုရှား)
ရုရှားနိုင်ငံက ဒီမြို့ဟာ မြောက်ဝင်ရိုးစွန်း အအေးဆုံးမြို့များ အသင်းဝင်မြို့တမြို့ဖြစ်ပါတယ်။ ဆောင်းရာသီမှာ အပူချိန်ဟာ အနှုတ် ၉၀ ဒီဂရီဖာရင်ဟိုက် ရှိတယ်လို့ သိရပါတယ်။ နှစ်စဉ်အောက်တိုဘာလကနေ ဧပြီလအထိ အပူချိန် အနှုတ် ၉၀ ဒီဂရီဖာရင်ဟိုက်မှာ ရှိနေတတ်ပါတယ်။ ဒီအချိန်ကို ရောက်ရင် အထူဆုံးဆိုတဲ့ သားမွှေးအနွေးထည်တွေနဲ့ နေရပြီး ဗော့ကာလို့ ခေါ်တဲ့ ရုရှား အရက်ကို လက်က မချတမ်း သောက်လေ့ ရှိကြပါတယ်။ အပူချိန် အနှုတ် ၅၀ ဒီဂရီဖာရင်ဟိုက်အတွင်း ဆိုရင်တော့ ကျောင်းတွေကို မပိတ်ပေးသေးဘူးလို့လည်း သိရပါတယ်။
(၂) International Falls (အမေရိကန်)
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်က International Falls ဆိုတဲ့ မြို့ဟာ ရုရှားနိုင်ငံက မြို့တွေလောက် မအေးဘူးလို့ စောဒက တက်နိုင်ပေမယ့် ဒီမြို့က အမေရိကန်ပြည်ထောင်စုမှာတော့ အအေးဆုံးမြို့ဖြစ်ပါတယ်။ လူဦးရေ ၆ထောင်ကျော်နေထိုင်တဲ့ ဒီမြို့က နယ်စပ်မြို့ တခုလည်း ဖြစ်ပါတယ်။ ဒီမြို့မှာ ဆောင်းရာသီက ရှည်လျားပြီး အေးတဲ့ အချိန်လည်း ကြာမြင့်ပါတယ်။ ပျှမ်းမျှ အပူချိန် အနှုတ် ၁၈ ဒီဂရီလောက်ရှိပြီး ကျဆင်းတဲ့ နှင်းထုက ၆၅ လက်မလောက် ရှိပါတယ်။
(၃) Hell (နော်ဝေး)
Hell ဟာ မြန်မာလို “ငရဲ”လို့ အဓိပ္ပာယ် ရပါတယ်။ Hell မြို့ဟာ အရမ်း အေးလွန်းလို့ Hell မြို့သားတွေက အချင်းချင်း ငရဲက ခဲနေပြီလို့ စနောက်လေ့ ရှိပါတယ်။ အအေးက ပျှမ်းမျှ အနှုတ် ၅ ဒီဂရီသာ ရှိပေမယ့် ရေခဲတာတွေ ရှိပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းက စပြီးခရီးသွားဝင်ရောက်မှု မြင့်တက်လာတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားတွေက မြို့အဝင် ရထားဘူတာမှာ ရှိတဲ့ ဆိုင်းဘုတ်နဲ့ ဓာတ်ပုံရိုက်ရတာကို အထူးနှစ်သက်ကြတယ်လို့ သိရပါတယ်။
(၄) Snag (ကနေဒါ)
ဒီမြို့ဟာ ကနေဒါမှာ အအေးဆုံးမြို့ ဖြစ်ပါတယ်။ ဒါကို ဂုဏ်ယူတဲ့ အနေနဲ့ အအေးဆုံးနေရာဆိုတဲ့ ဆိုင်းဘုတ်တခုကိုလည်း ထောင်ထားပါသေးတယ်။ မှတ်သားထားတဲ့ အပူချိန်အရ Snag မြို့မှာ အပူချိန် အနှုတ် ၈၇ ဒီဂရီဖာရင်ဟိုက်အထိ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီမြို့မှာ ဆောင်းတွင်းဟာ နေထိုင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။
(၅) Vostok Station
ကမ္ဘာအအေးဆုံး နေရာတွေမှာ လူသားတွေ အတည်တကျ နေထိုင်ခြင်း မရှိပေမယ့် သုသေသနပြုလုပ်သူတွေကတော့ နေထိုင်ကြပါတယ်။ ဒီ Station မှာ ပုံမှန်အချိန်တွေမှာ နေထိုင်သူ ၃၀ ဦးလောက်ရှိပေမယ့် ရာသီဥတု ဆိုးဝါးချိန်မှာတော့ ၁၀ဦးကျော်ပဲ ရှိပါတယ်။ အရမ်းအေးချိန်တွေမှာ ရေဘူးကနေ အပြင်ကို ရေပက်ရင်တောင် လေထဲမှာတင် ရေတွေ ခဲသွားတတ်တယ်လို့ ဆိုပါတယ်။
Ref ; mmn