ခရီးသွားတဲ့အခါ ပထဦးဆုံး ခေါင်းစားရလေ့ ရှိတာကတော့ သွားရမယ့်နေရာနဲ့ ကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။ တခါတရံံမှာ မိမိသွားချင်တဲ့ နေရာဒေသတခုကို ကုန်ကျစရိတ် အခက်အခဲကြောင့် မသွားလိုက်ရတာမျိုးတွေ ရှိကောင်းရှိကြမှာပါ။ ဒီလိုမျိုး ကုန်ကျစရိတ် ပြဿနာအတွက် ခေါင်းမစားရလေအောင် ခရီးသွားတဲ့အခါ ဘယ်လိုအချက်တွေကို လိုက်နာသင့်လဲဆိုတာ ပြန်လည်မျှဝေ လိုက်ပါတယ်။
(၁) ခရီးသွားရာသီကို ရှောင်ပါ
လူအများစု ခရီးသွားလေ့ ရှိကြတဲ့ ခရီးသွားရာသီမျိုးနဲ့ အားလပ်ရက်တွေမှာ ခရီးထွက်ခြင်းဟာ ပုံမှန်ထက် ကုန်ကျစရိတ် ပိုများနိုင်တဲ့ အဓိကအကြောင်းရင်းတခုပါ။ ဟိုတယ်ခတွေနဲ့ သွားလာစရိတ်တွေဟာ ခရီးသွားရာသီတွေမှာ ဈေးပိုမိုမြင့်တက်လေ့ ရှိတာကြောင့် သင့်အနေနဲ့ အေးအေးဆေးဆေး ခရီးထွက်ချင်တယ်ဆိုရင်တော့ လူသွားများတဲ့ ခရီးသွားရာသီမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၂) ရထားနဲ့ ခရီးသွားပါ
ခရီးသွားကြတဲ့အခါ အများစုဟာ ကားစီးတာမျိုးနဲ့ လေကြောင်းခရီးလမ်းကို ရွေးချယ်လေ့ရှိကြပြီး ဒါတွေထက် ပိုမိုကုန်ကျစရိတ်သက်သာတဲ့ လမ်းကြောင်းကတော့ ရထားစီးခြင်းပါ။ ရထားနဲ့ ခရီးသွားခြင်းဟာ သွားလာရတဲ့အချိန် အနည်းငယ်ကြန့်ကြာတယ် ဆိုပေမယ့် ဒေသန္တရ ဗဟုသုတတွေကို အသေးစိတ်ခံစားနိုင်တဲ့အပြင် Budget Trip သမားတွေအနေနဲ့လည်း အဆင်ပြေစေမယ့် ခရီးလမ်းကြောင်းပဲ ဖြစ်ပါတယ်။
(၃) ကြိုတင်လက်မှတ် ဝယ်ယူပါ
ဘယ်ခရီးသွားလာမှုမျိုးမဆို လက်မှတ် ကြိုတင် ဝယ်ယူထားခြင်းဟာ သွားလာရမယ့်နေ့အတွက် စိတ်အေးရသလို သွားလာမှုတွေများတဲ့အခါ လက်မှတ်ခတွေ ဈေးတက်တာမျိုးကိုလည်း စိတ်ချနိုင်ပါတယ်။
(၄) အစားအစာတွေ သယ်သွားပါ
သင်ဟာ ဗိုက်ခဏခဏ ဆာတတ်ပြီး သရေစာတွေလည်း မကြာခဏဆိုသလို စားတတ်သူ တဦးဆိုရင်တော့ လမ်းမှာဝယ်စားတဲ့ အစားအစာတွေက ကုန်ကျစရိတ် ပိုများစေနိုင်တာကြောင့် စားတတ်တဲ့ သရေစာတွေ၊ အစားအစာတွေကို တပါတည်း ဝယ်ယူ၊ သယ်ဆောင် သွားသင့်ပါတယ်။
(၅) ဟိုတယ်၊ တည်းခိုခန်းခတွေ ကြိုတင်စုံစမ်းပါ။
ခရီးသွားလာတဲ့ စားသောက်စရိတ်အပြင် နေထိုင်စရိတ်ဟာလည်း အရေးပါတာကြောင့် ဟိုတယ်ငှားရမ်းတဲ့အခါ တနေရာတည်းမှာပဲ စုံစမ်းမေးမြန်းပြီး တည်းခိုတာထက် သွားမယ့်နေရာရဲ့ အနီးအနား ပတ်ဝန်းကျင်က ဟိုတယ်တွေရဲ့ အခန်းခတွေကို မေးမြန်းစုံစမ်းပြီးမှသာ မိမိနဲ့ အဆင်ပြေ သင့်လျော်မယ့် ဟိုတယ်ဈေးနှုန်းမျိုးကို ရွေးချယ်သင့်ပါတယ်။
Ref : www.skyscanner.net