အရှေ့တောင်အာရှ၌ ခရီးသွားလုပ်ငန်းကို ဖွံဖြိုးအောင် လုပ်ဆောင်၍ ထိပ်ဆုံးမှ နေရာယူထားသည့် ထိုင်းနိုင်ငံက လာ မည့်နှစ် တရုတ်ပြည်မကြီးမှ ခရီးသည်များ ပိုမိုလာရောက်မှုရန် အစီအစဉ်အမျိုးမျိုး ရေးဆွဲ၍ စုစည်းတင်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုသို့ တင်ဆက်ရာတွင် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက် အတွက် အနည်းဆုံး အစီအစဉ် ၃ ခု ရေးဆွဲထား ရာဇန်နဝါရီ လတွင် ကောက်ညှင်းနှင့် သရက်သီးပွဲတော်၊ ဧပြီလတွင် အပြေးပြိုင်ပွဲကြီးတခု၊ ဇွန်လ တွင်မူ မိတ်ကပ် ဖန်တီးသည့် ပွဲများ စီစဉ်ထားကြောင်း Bangkok Post သတင်းကဆိုသည်။
တရုတ်ခရီးသွားများ ပိုမိုလာရောက်ဖို့ အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ထိုင်းအမျိုးသား ဥပဒေပြု လွှတ်တော် ဥက္ကဋ္ဌ ပွန်ဖက် ဝီချစ်ချော့ချိုင်က တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးခြင်း၊ ဖူးခက်ကျွန်း စက်လှေမှောက်ရာတွင် တရုတ်ခရီးသွား များ ပါဝင်မှု၊ သုဝဏ္ဍဘူမိလေဆိပ်တွင် ထိုင်း လုံခြုံရေးက တရုတ်ခရီးသွားကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအဝင် တခြားအကြောင်းများ ကြောင့် ပြီးခဲ့သည့် လအနည်းက တရုတ်ပြည်မကြီးမှ ခရီးသည် အဝင်နည်းခြင်းကို ဆွဲဆောင်ရန်ဖြစ် ကြောင်း ပြောသည်။
We Care about You ဟုခေါင်းစဉ်တပ်ထားသော ပထမအစီအစဉ်တွင် တရုတ်လူမျိုးများအကြား နှစ်ခြိုက်ကြမည့် ကောက်ညှင်းနှင့် သရက်သီး အချိုပွဲ ဖြစ်ပြီး၊ လာမည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် ဘန်ကောက်မြို့အနီး နွန်သဘူရီ အရပ်ရှိ ကုန်စည်ပြပွဲ အမျိုးမျိုး ပြုလုပ်သည့် မောင်းထိုင်းဌာနီ ၌ တရုတ်ခရီးသွား ၁သောင်းဖြင့် ပြုလုပ်မည်ဖြစ်သည်။
ယင်းပြပွဲတွင် လူကြိုက်များသော တခြားသော ထိုင်းအစားအစာများဖြစ်သည့် တုန်ယမ်ကွန့် (ပုဇွန်ချဉ် စပ်ဟင်းရည်)၊ ထိုင်းကြက်ကြော် အပါအဝင် တခြား ထိုင်းအစားအစာများကိုလည်း ပြသရောင်းချမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်သည် ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန် အထောက်အကူပြုရုံမကဘဲ တရုတ် ခရီးသည်များ အကြားတွင် ထိုင်းရိုးရာမုန့်ပဲ သွားရည်စာများ အရောင်းမြှင့်တင်ရေးပါ ပါဝင်ကြောင်း ထိုင်းအမျိုးသား ဥပဒေပြု လွှတ်တော် ဥက္ကဋ္ဌ မစ္စတာပွန်ဖက်က ပြောသည်။
ထိုင်းခရီးသွားလုပ်ငန်း ကောင်စီ(TCT) ၊ ထိုင်းခရီးသွားအေးဂျင့်အသင်းနှင့် ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ တို့ သည် မကြာမီကာလ တရုတ်ခရီးသည်များ၊ ခရီးသွားကုမ္ပဏီများနှင့် တရုတ်နိုင်ငံ တွင်နာမည်ကြီးနေသည့် ထိုင်းအဆို တော် မီမီလေးစသည့် အနုပညာရှင်များကိုပါ အဆိုပါအစီ အစဉ်၌ ပါဝင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်သည်။
TAT ၏ ကုန်စည် မြှင့်တင်ရေး အမှုဆောင် ဒါရိုက်တာ သာပနီး ကီယက်ဖိုင်ဘူးလ်က ကောက်ညှင်း နှင့် သရက်သီး အချိုပွဲ ကို ကောက်ညှင်းဆန် ကီလိုဂရမ် ၅ထောင်ကျော် အသုံးပြုချက်ပြုတ်၍ ကမ္ဘာ့ စံချိန်တင် ဂရင်းနစ် စာအုပ်တွင် ပါဝင်အောင် တင်ဆက်သွားမည်ဖြစ်ကြောင်း၊ အလားတူအချိုပွဲကို ၂၀၁၆ ခုနှစ်က ဒူဘိုင်းမြို့တွင် နောက်ဆုံးစံချိန်တင်ခဲ့ဖူးရာ ကီလိုဂရမ် ၂၈၀၀ ရှိကြောင်း ပြောကြား သည်။
ယမန်နှစ်က ထိုင်းအစိုးရက ပြည်တွင်း၊ ပြည်ပမှ အစားအသောက်ပေါင်း ၅၈၂၆ မျိုးကို ၂. ၅ ကီလို မီတာအရှည်ရှိ စားပွဲပေါ် တည်ခင်းထားလျက် အရှည်ဆုံး ဘူဖေးပွဲအဖြစ် ကော့စမွေကျွန်းတွင် တင်ဆက်ပြသခြင်းဖြင့် အိန္ဒိယနိုင်ငံက တင်ထား သည့် အစောပိုင်းစံချိန်ကို ချိုးခဲ့သည်။
ထိုင်းစားသောက်ဆိုင်အသင်း ဥက္ကဋ္ဌ သနီဝမ် ကွန်းမွန်ကွန်က ၎င်းတို့အသင်းအနေဖြင့် ကိုပနစ်၊ မဲခန်၊ ခေါင်းကန်၊ စွန်စုနန္ဒ ရာဂျာဘတ်တက္ကသိုလ်၊ ဘန်းကနွမ်ထိုင်းနှင့် သက်ချာရွန်ဈေး အမှတ် ၉ တို့မှ ကောက်ညှင်းနှင့် သရက်သီး ပြုလုပ်ရာ၌ နာမည်ကျော်သော အစားအသောက်ရောင်းချသူ အများ အပြားနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
အရည်အသွေးမြင့် သရက်သီးများကို ဘန်ခလာနှင့် ရက်ချ်ဘူရီပြည်နယ်တို့အပါအဝင် ဒေသအများ အပြားတွင် စိုက်ပျိုးသွားမည်ဖြစ်သည်။
ယင်းသို့ ကမ္ဘာလှည့်ခရီးသည်များကို ကြိုဆိုသည့်အနေဖြင့် လူကြိုက်များအစားအသောက်များ တင် ဆက်ပြသခြင်းအပြင် တရုတ်ခရီးသွားဈေးကွက်အတွက် ကြီးကျယ်ခမ်းနားသည့် နောက်ထပ်အစီ အစဉ်နှစ်ခု ရေးဆွဲပြင်ဆင်လျက်ရှိကြောင်း TCT ဥက္ကဋ္ဌ ချာရက်တရီတန်နာဂျာစပွန်က ပြောကြား သည်။
အစီအစဉ်တခုမှာ ဧပြီလ ဆွန်ခရမ်ကာလအတွင်း ပတ္တရားကမ်းခြေ တွင် စုပေါင်းပြေးပွဲ ကျင်းပဖွယ် ရှိပြီး တရုတ်နိုင်ငံမှ အပြေး သမား ၅ ထောင်ကျော်ကို ဒေသခံများနှင့် ပူးပေါင်းပါဝင်ရေး ဖိတ် ခေါ် သွားရန် စိုင်းပြင်းနေသည်။
အခြားပွဲအစီအစဉ်တခုမှာ အမျိုးသမီးဧည့်သည်များကို ဦးစားပေးထားပြီး အလှအပဆိုင်ရာဖန်တီး သည့်ပွဲဖြစ်သည်။ အလှအပဆိုင်ရာပွဲကို လာမည့်နှစ် ဇွန်လတွင် ကျင်းပရန် နေရာ၊ အချိန် စီစဉ်နေဆဲဖြစ်သည်။
ယခုနှစ်တွင် ထိုင်းခရီးသွားလုပ်ငန်းက တရုတ်ခရီးသွားများကို ဒူးရင်းသီးများဖြင့် Durian Festival ပြုလုပ်၍ စွဲဆောင်ခဲ့ရာ အောင်မြင်ခဲ့ပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင် Alibaba သူဌေး ဂျက်မ ထိုင်းနိုင်ငံသို့ လာရောက်စဉ် တမိနစ်အတွင်း ဒူးရင်း အလုံးပေါင်း ၈သောင်းကို အွန်လိုင်းဈေးကွက်မှ ရောင်းပြကာ မဟာဒူးရင်းသီးလမ်းမ ဖောက်လုပ်ခဲ့သည်။