Cassie De Peco ဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသွားစံချိန်ကို ပထမဆုံးချိုးခဲ့တဲ့ အမျိုးသမီး ဖြစ်လာပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံအားလုံးကို တရားဝင်သွားခဲ့တဲ့ ပထမဆုံးအမျိုးတယောက်ပါ။
အချိန် ၁၈ လနဲ့ ၂၆ ရက်ကြာ ခရီးထွက်ခဲ့ပြီး ၁၉၆ နိုင်ငံလုံးကို လည်ပတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Cassie De Peco က ဒီခရီးတွေကိုသွားရောက်ခဲ့တာဟာ နိုင်ငံတကာကို လုံခြုံစွာခရီးသွားနိုင်ရေး သံတမန်ခရီးစဉ်ရဲ့ အစိတ်အပိုင်း တခုဖြစ်ခဲ့ပြီး ခရီးရဲ့ ရည်ရွယ်ချက်တွေထဲမှာ လုံခြုံစွာ ခရီးသွားလာဖို့နဲ့ ခရီးသွားရင်း အပင်စိုက်ပျိုးဖို့ စတာတွေ ပါဝင်ပါတယ်။
“တချို့နိုင်ငံတွေမှာ အပင်စိုက်ခွင့်ရဖို့ တော်တော်ခက်ခဲပါတယ်။ ဒါပေမယ့် ကျမ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားနိုင်ခဲ့ပါတယ်။ သွားခဲ့သမျှနိုင်ငံတွေမှာ အပင်ပေါင်း ၈၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အခုဆိုရင် အပင် ၅၀၀ လောက်ထပ်စိုက်ဖို့ ကြိုးစားနေပါတယ်။ ဆိုတော့ ဒါက ကျမရဲ့ ရည်ရွယ်ချက်ပါပဲ” လို့ သူမက ဆိုပါတယ်။
The International Peace Though Tourism အဖွဲ့က ဒီလို စိုက်ပျိုးရတာဟာ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်အတွက် ပါရှိခြင်းမရှိကြောင်း ဒီလို ခရီးသွားလာရင်း အပင်စိုက်ပျိုးခြင်းကြောင့် နိုင်ငံအချင်းချင်း စည်းလုံးမှုကို ပိုမိုရရှိနိုင်ကြောင်းနဲ့ သဘာပတ်ဝန်းကျင်တိုးတက်ဖို့ ရည်ရွယ်ကြောင်း စတာတွေ ပြောဆိုခဲ့ပါတယ်။
ဒီလို ခရီးသွားလာရင်း အပင် စိုက်ပျိုးခြင်းအားဖြင့် စိမ်းလန်းစိုပြေတဲ့ တောတောင်ရေမြေကို လူသားတွေ အနေနဲ့ ပိုမို ဖန်တီးလာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးသွားလာမှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
Ref;mmn.com