ကမ္ဘာပေါ်က ရေကန်တွေမှာ အစိမ်း ၊ အပြာစတဲ့ အရောင်တွေကို တော်တော်များများမြင်ဖူးကြမှာဖြစ်ပေမယ့် အခု ဖော်ပြပေးမယ့် သဘာဝရေကန်တွေကတော့ ပန်းရောင်ရှိပြီး ထူးခြားအံ့သြဖွယ်ကောင်းတာကို တွေ့ရှိကြရမှာဖြစ်ပါတယ်။
(၁) Laguna Colorada
ဒီရေကန်ဟာဆိုရင်တော့ Bolivia နိုင်ငံမှာတည်ရှိတာဖြစ်ပြီး Andes တောင်တန်းတွေရဲ့ နောက်ခံနဲ့အတူ လှပစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၃စတုရန်းမိုင် ကျယ်ဝန်းပြီး ၅ပေအနက်သာရှိတဲ့ ဒီပန်းသွေးရောင်ရေကန်ဟာဆိုရင် ကြိုးကြာငှက်တွေ ကျင်လည်ကျက်စားရာ ရေကန်တကန်လည်းဖြစ်ပြီး အနီးနားပတ်ဝန်းကျင်မှာ ရွာငယ်လေးတွေလည်း ရှိတာကြောင့် သွားရောက်လည်ပတ်သူတွေအနေနဲ့ ညအထိ လည်ပတ်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။
(၂) Lake Hilier
Australia နိုင်ငံမှာရှိတဲ့ Lake Hilier ရေကန်ဟာဆိုရင်တော့ ၁၈၀၂ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် အများအပြားလာရောက်လည်ပတ်လေ့ရှိတဲ့ သဘာဝရေကန်တခုလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ဘက် ကျွန်းတခု ပေါ်မှာတည်ရှိတာဖြစ်ပြီး အရှည် ၁၉၆၈ပေနဲ့ အကျယ် ၈၂၀ပေ ခန့် ကျယ်ဝန်းတာပဲဖြစ်ပါတယ်။
(၃) Las Salinas de Torrevieja
Spain နိုင်ငံမှာတည်ရှိတဲ့ Las Salinas de Torrevieja ရေကန်ဟာဆိုရင် ၃၄၅၉ဧကရှိပြီး လတ်ဆတ်လှတဲ့ လေကောင်းလေသန့််နဲ့အတူ အနားယူနိုင်မှာလည်း ဖြစ်ပါတယ်။ ၁၃ရာစုမှာ ပင်လယ်ဆားစုဆောင်းနိုင်ဖို့အတွက် သမုဒ္ဒရာနဲ့တွယ်ဆက်ကာ တူးမြောင်းတခု ဖောက်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေကန်မှာ ဆားဓာတ်တွေ ပျော်ဝင်နေတာဖြစ်ပြီး သွားရောက်လည်ပတ် သူတွေအနေနဲ့ သဘာဝ Spa တခုဆီရောက်ရှိနေသလို ခံစားရမှာလည်းဖြစ်ပါတယ်။
(၄) Lake Natron
ဒီရေကန်ဟာဆိုရင်တော့ Tanzania နဲ့ Kenya နှစ်နိုင်ငံထိစပ်နေတဲ့ နယ်နိမိတ်မှာတည်ရှိနေတာဖြစ်ပြီး Rift တောင်ကြား မှာ မီးတောင်ရှင်တလုံးနဲ့အတူ တွဲလျက်တည်ရှိနေတာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ရေကန်ရဲ့ အပူချိန်ဟာ ၁၄၀ဒီဂရီ ဖာရင်ဟိုက်နဲ့ အထက်မှာရှိပြီး အသားအရေနဲ့ မျက်လုံးတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် လည်ပတ်သူတွေ အနေနဲ့တော့ အဆင်မပြေလှတာပဲဖြစ်ပါတယ်။
Ref: www.rd.com