Travel

ခရီးတိုင်းကို လုံခြုံစိတ်ချစွာ သွားနိုင်မယ့် နည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

မကြာခင်မှာ ကလေးရှိတဲ့ မိဘတွေ ခရီးအများဆုံးထွက်ဖြစ်ကြတဲ့ ဒီဇင်ဘာ ပိတ်ရက်ကို ရောက်လာပါတော့မယ်။ ခရစ်စမတ်ပိတ်ရက်မှာ နိုင်ငံခြားကို ခရီးထွက်ချင်သူတွေအတွက် ခရီးတိုင်းကို လုံခြုံစိတ်ချစွာ သွားလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အထွေထွေ လုံခြုံမှု

ဒါက အရေးအကြီးဆုံးဖြစ်ပါတယ်။ သင့်မှာ ဒါမှမဟုတ် သင်နဲ့ သက်ဆိုင်သူ တယောက်ယောက်မှာ ဓာတ်မတည့်တာတွေ ရှိတယ်ဆိုရင် အဲဒီ ဓာတ်မတည့်တဲ့ အစားအသောက်ကို သွားမယ့်နိုင်ငံမှာ သုံးတဲ့ ဘာသာစကားနဲ့ ရေးမှတ်တတ်အောင် လေ့လာထားဖို့ လိုပါတယ်။ နောက်ပြီး အင်တာနက် မဖွင့်လည်း အသုံးပြုလို့ ရမယ့် မြေပုံ၊ ဘာသာပြန် Application တွေကို Download လုပ်ထားပါ။

သွားလာလည်ပတ်တဲ့ အခါမှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်တွေကို အသုံးပြုတာ က ပိုမိုလုံခြုံပြီး ငွေကုန်ကြေးကျလည်း သက်သာပါတယ်။ ဒါတွေကို သုံးမယ်ဆိုရင် ကားချိန်၊ရထားချိန်တွေကို လေ့လာထားဖို့ လိုပါတယ်။

ပိုက်ဆံအိတ် ၂မျိုးကိုင်ပါ။ ဈေးကြီးပုံပေါ်တဲ့ ပိုက်ဆံအိတ်ကို လူမြင်သာတဲ့ နေရာမှာ ထားပြီး အမှန်တကယ် ပိုက်ဆံထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုတော့ ဈေးပေါတဲ့ ပုံစံမျိုးကို ကိုင်ပါ။ နည်းနည်းတော့ ရယ်ချင်စရာကောင်းပေမယ့် သင် ပစ္စည်း အလုခံရတာမျိုး၊ခါးပိုက်နှိုက်ခံရတာမျိုးတွေ ဖြစ်တဲ့ အခါ ဈေးကြီးပုံပေါ်တဲ့ ပိုက်ဆံအိတ်ပဲ ပါသွားမှာ ဖြစ်လို့ ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

အရမ်းဈေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အိမ်မှာပဲ ထားခဲ့ဖို့လည်း တိုက်တွန်းချင်ပါတယ်။ သာမန်ပုံစံ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ဖို့ လည်ပတ်တာက သင့်ကိုယ်သင် ကာကွယ်နည်း တမျိုးလို့ ဆိုနိုင်ပါတယ်။

(၂) တည်းခိုတဲ့ နေရာ လုံခြုံမှု

အပေါ်မှာ ဖော်ပြတဲ့ အထွေထွေလုံခြုံရေးအကြောင်း ပြောပြီးတဲ့ အခါ ဟိုတယ် လုံခြုံရေးကို ပြောပြပေးချင်ပါတယ်။ ဟိုတယ်ရွေးချယ်တဲ့ အခါ တတိယထပ်နဲ့ စတုထ္တထပ်တို့ဟာ လုံခြုံမှုအရှိဆုံးဖြစ်ပါတယ်။ လုယက်မှုတွေဖြစ်ရင်လည်း သင့်နားကို ရောက်ဖို့ အချိန်နည်းနည်းလိုသလို မီးလောင်တာတွေ ဖြစ်ရင်လည်း ဆင်းပြေးရလွယ်ကူပါတယ်။

ဟိုတယ်က ထွက်ပြီး လည်တဲ့အချိန်မှာလည်း Do not Disturb ဆိုတဲ့ စာတန်းကို ချိတ်ခဲ့ပါ။ ဒါမှသာ အခန်းထဲမှာ လူရှိနေတယ်ထင်ပြီး သင့်အခန်းကို လူမဝင်ရဲမှာပါ။

ဟိုတယ်ခန်းတွေမှာ ပေးလေ့ရှိတဲ့ မီးခံသေတ္တာ စတာတွေကိုလည်း မသုံးပါနဲ့။ ဒါတွေဟာ ဟိုတယ်က ပေးထားတာဖြစ်လို့ ဟိုတယ်ဝန်ထမ်၊သူဌေး စတဲ့ သူတွေက သင့်ရဲ့ အချက်အလက်တွေကို ခိုးနိုင်ပါတယ်။ ဟိုတယ်မှာ Check In ဝင်တဲ့ အခါ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အသံကျယ်ကျယ်နဲ့ မပြောဖို့လည်း လိုအပ်ပါတယ်။

အိပ်နေတဲ့ အချိန်မှာ အခန်းကို လာနှောက်ယှက်သူရှိမှာ ကြောက်ရင် တံခါးလက်ကိုင်မှာ ဖန်ခွက် တပ်ထားလိုက်ပါ။ သင့်အခန်းတံခါးကို တယောက်ယောက်က လာထိတာနဲ့ ခွက်က ကျကွဲသွားမှာ ဖြစ်လို့ သင်နိုးလာပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါပြီ။

ဒီအချက်တွေဟာ တယောက်တည်း ခရီးသွားမယ့် မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ် လိုက်နာသင့်တဲ့ အချက်တွေ ဖြစ်သလို သင်ဟာ သားသမီးရှိသူဆိုရင် သင့်သားသမီး တယောက်တည်း ထွက်တဲ့ ခရီးမှာ အမှာတော်ပါးဖို့ အသင့်တော်ဆုံး အချက်တွေပဲဖြစ်ပါတယ်။

Ref;Brightside

Did you find apk for android? You can find new Free Android Games and apps.
Loading