မြန်မာလို ဥတ္တရအလင်းတန်းလို့ခေါ်လေ့ရှိကြတဲ့ Northern Lights တွေကို ကမ္ဘာ့မြောက်ဖက်စွန်းပိုင်းနဲ့ ကမ္ဘာ့တောင်ဖက်စွန်းပိုင်းတွေမှာသာ တွေ့ရလေ့ရှိပါတယ်။ Northern Lights ကို Aurora Borealis လို့လည်း ခေါ်တတ်ကြပါသေးတယ်။
Northern Lights ကောင်းကင်မှာ ပေါ်လာတတ်တဲ့ အချိန်ဟာ ခဏလေးပါပဲ။ ဒါကြောင့် လည်း သန်းပေါင်း များစွာသောလူတွေဟာ Northern Lights ကို မြင်တွေ့ဖု့ိ ခရီးထွက်လေ့ရှိတတ်ကြ ပါတယ်။ Northern Lights ကို အဓိကမြင်တွေ့နိုင်တဲ့နေရာတွေကတော့ Alaska နဲ့ ကနေဒါအရှေ့ပိုင်းပါပဲ။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ အိုက်စ်လန် ၊ နော်ဝေ ၊ ဖင်လန်နဲ့ စကင်ဒီနေးဗီးယား နိုင်ငံတွေပါပဲ။
တကယ်တော့ Northern Lights ဟာ ညဉ့်ကောင်းကင်ယံမှာ အရောင်စုံစုံတောက်ပနေတဲ့ အလင်းတန်းတွေပါပဲ။ မြင်ရမယ့်အရောင်တွေကတော့ အစိမ်းရောင် ၊ အဝါရောင် ၊ ပန်းရောင် ၊ အနီရောင်နဲ့ အပြာရောင်တွေဖြစ်ပြီး ဒီအရာင်တွေအားလုံး ကောင်းကင်မှာ ရောယှက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ပုံမှန်အတိုင်းဆိုရင်တော့ အနီရောင်ကို မြင်ရလေ့မရှိဘဲ ကမ္ဘာမြေပြင်အထက် မိုင် ၁၅၀ လောက်မှာမှ အနီရောင်ကိုမြင်ရလေ့ရှိပါတယ်။ Northern Lights ဟာ ကမ္ဘာမြေမြင် အထက် မိုင် ၆၀ နဲ့ ၁၅၀ လောက်မှာ ဖြစ်ပေါ်လေ့ရှိကြပါတယ်။
Northern Lights ကို ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနိုင်ငံတွေကတော့ Alaska ၊ ကနေဒါ ၊ အိုက်စ်စလန် ၊ နော်ဝေ ၊ ဆွီဒင် ၊ ဖင်လန်နဲ့ ရုရှားနိုင်ငံတွေ ပါပဲ။ အဲဒီနေရာတွေအပြင် နောက်ထပ်တနေရာ ရှိပါသေးတယ်။ အဲဒါကတော့ အာတိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာကြားမှာရှိတဲ့ Greenland ပါပဲ။ ဒီဒေသကလေးဟာ ဒိန်းမတ်နိုင်ငံထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသပါပဲ။
ဒီဒေသတွေအားလုံးထဲကမှ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာကတော့ နော်ဝေနိုင်ငံထဲက Lofoten ကျွန်းစုပါပဲ။ Lofoten ကျွန်းစုကို ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးလို့ရွေးချယ်ရတာကတော့ Lofoten ကျွန်းစုဟာ ဆောင်းရာသီတွေ မှာ တအားမအေးတဲ့အတွက်ကြောင့်ပါပဲ။
ဒါကြောင့်လည်း ဓာတ်ပုံဆရာအများစုဟာ Nothern Lights ကို ဓာတ်ပုံရိုက်နိုင်ဖို့အတွက် Lofoten ကျွန်းစုတွေဆီ ကို ချီတက်ကြပါတယ်။
Northern Lights တွေဟာ အလွန်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ Benelux ဒေသ အပါအဝင် တခြားသော အရပ်တွေမှာလည်း Northern Lights ကို မြင်နိုင်သေးတယ်ဆိုပေမယ့် ဓာတ်ပုံရိုက်ဖို့ကတော့ ဘယ်လိုမှ အဆင်ပြေ နိုင်ပါမှာမဟုတ်ပါဘူး။
အဲဒီဒေသတွေမှာဆိုရင်တော့ အသက်ရှုရပ်လောက်မတတ်အောင်လှပတဲ့ ၊ ကောင်းကင်ထဲမှာ ခဏလေးသာ ပေါ်လာမယ့် Northern Lights တွေကို မြင်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် တခုတည်းသောလုပ်စရာကတော့ မြောက်ဖက်အရပ်တွေဆီကိုသာ သွားရောက်ကြရမှာပါ။
အဲဒီဒေသတွေဆီရောက်တဲ့အခါမှာတော့ ဒေသခံတွေရဲ့အသံကိုတော့ နားစွင့်တတ်ဖို့ လိုပါ လိမ့်မယ်။ Northern Lights တွေကို အလှဆုံးမြင်ခွင့်ရတဲ့အချိန်ဟာ ဘယ်အချိန်လဲဆိုတာ သိဖို့လိုပါတယ်။
ဒေသခံတွေရဲ့အပြောအရကတော့ အောက်တိုဘာ လကွယ်ညဝန်းကျင်နဲ့ မတ် လကွယ်ည ဝန်းကျင်တွေဟာ Northern Lights တွေကို အလှဆုံးမြင်ခွင့်ရတဲ့အချိန်လို့ သိရပါတယ်။ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးလကတော့ မတ်လအချိန်ပဲ ဖြစ်ပါတယ်။
မြောက်ပိုင်းဒေသမှာ Northern Lights တွေကို အကောင်းဆုံးဓာတ်ပုံရိုက်ကူးနိုင်မယ့်အချိန် ကတော့ ည ၉ နာရီနဲ့ မနက် ၁ နာရီအကြားပါပဲ။
ဒါကြောင့် မြောက်ပိုင်းနိုင်ငံတွေတခုခုဆီကို Northern Lights တွေ မြင်ရဖို့သွားတဲ့အခါ အားကောင်းတဲ့ ရောင်စဉ်တန်းတွေ ကောင်းကင်ပေါ်မှာ ခုန်ပေါက်နေတာကို တွေ့ရမှာ အမှန်ပါပဲ။
ဒါပေမယ့်လည်း သင်ရောက်သွားချိန်ဟာ Northern Lights တွေ အားပျော့ပျက်ပြယ်ချိန်နီးပြီဆိုရင် လည်း စိတ်မကောင်းဖြစ်မနေပါနဲ့။ Northern Lights တွေအားပျော့နေချိန်ဟာ ပိုပြီးတည်တည်ငြိမ် ငြိမ်ရှိတဲ့အတွက် Northern Lights တွေရဲ့ အကာင်းဆုံးအနေအထားတစ်ခုကို အလွယ်တကူ မြင်တွေ့နိုင်ချိန်ပါပဲ။
ဒီအချိန်တွေကသာ အလှဆုံးနဲ့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီအချိန် ဟာ Panorama ရိုက်ဖို့လည်း အကောင်းဆုံးအချိန်ပါပဲ။