Travel

အရှေ့တောင်အာရှရဲ့ အလှပဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက Palawan ကျွန်း

Want create site? Find Free WordPress Themes and plugins.

Palawan ကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံထဲမှာပါဝင်ပြီး ကြီးမားတဲ့ ကျွန်းတကျွန်းဖြစ်ပါတယ်။ ဒီကျွန်းစုရဲ့ တဝက်လောက်ကတော့ သဲမြေတွေဖြစ်ပြီး ခုထိတော့ မဖွံ့ဖြိုးသေးတဲ့ဒေသတခုပါ။ ဒီကျွန်းကိုသွားမယ်ဆိုရင်တော့ တောနက်နက်ကြီးတွေ ၊ တောင်စွယ်တောင်ချွန်းတွေနဲ့ အဖြူရောင်ကမ်းခြေတွေကို မြင်ရမှာဖြစ်ပါတယ်။

ဒီကျွန်းဟာ ၂၀၀၇ ခုနှစ်က National Geographic Traveler Magazin ကပေးအပ်ခဲ့တဲ့ အရှေ့တောင်အာရှရဲ့ အလှပဆုံးနေရာဆုကို ရရှိခဲ့ဲပြီး ကမ္ဘာ့ ၁၃ ခုမြောက် အလှဆုံး ကျွန်းပဲဖြစ်ပါတယ်။

ဒီကျွန်းဟာ ကျွန်းပေါင်း ၁၇၈၀ ရှိတဲ့ archipelago ကျွန်းဇုံထဲက ကျွန်းတကျွန်းပါပဲ။ Palawan ကျွန်းဟာ ၄၅၀ကီလိုမီတာ ( ၂၈၀မိုင် ) ရှည်လျားပြီး ၅၀ကီလိုမီတာ ( ၃၁ မိုင် ) ကျယ်ဝန်းပါတယ်။

လူအများစုကတော့ Palawan ကျွန်းကို အလည်လာတဲ့အခါ Puerto Princesa မြို့တော်ကနေ လေယာဉ်စီးလေ့ ရှိကြပါတယ်။ ကမ်းခြေကိုသွားမှာဖြစ်တဲ့အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို Puerto Princesa မှာ တခါတည်း ဝယ်ယူခဲ့ဖို့တော့ လိုအပ်ပါတယ်။

ဒီကနေထွက်လာခဲ့ပြီး Palawan ကျွန်းကိုရောက်ပြီဆိုရင်တော့ ATM ကတ်တွေ ၊ credit card တွေက အသုံးမဝင်တာ့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကျွန်းမှာက ငွေသားသက်သက်ကိုသာပေးနိုင်လို့ပါပဲ။

ဒီကျွန်းကိုလည်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဖုန်းအားသွင်းဖို့ power bank ကိုဆောင်လာတာက ပိုကောင်းပါ လိမ့်မယ်။ ဘာလို့လဲဆိုတော့ Puerto Princesa အပြင်ဖက်က ဒေသအများစုဟာ မီးပုံမှန်ရတဲ့ဒေသတွေမဟုတ်လို့ပါပဲ။

ခရီးသွားတွေဟာ Palawan ကို လည်ပတ်ပြီးရင်တော့ မြောက်ဘက်မှာရှိတဲ့ El Nido ဆီ ခရီးထွက်လေ့ရှိကြပါတယ်။ နှစ်ရက်ကနေ သုံးရက်အထိ ဒီမြို့ငယ်လေးမှာလည်ပတ်နိုင်ပါသေးတယ်။ ဒီဒေသမှာဆိုရင်တော့ဈေးပေါပြီး သွားလာရ လွယ်ကူတဲ့ သုံးဘီးဆိုင်ကယ်တွေရှိပါတယ်။

အလုပ်သင့်ဆုံးကတော့ ဈေးဝယ်ထွက်ဖို့ပါပဲ။ ခရီးသွားတွေလုပ်လေ့ရှိတာကတော့ မြေအောက်မြစ်ကြောင်း ခရီးသွားလမ်းလို့ ပြောလို့ရတဲ့ Sabang မြို့ကနေ လှေစီးကြတာပါပဲ။

Cabayuganမြစ်ဟာ Saint Paul တောင်အောက်မှာ ရှိနေတဲ့မြစ်ဖြစ်ပြီး ဟက်တာ ၂၂၀၀၀ ကျယ်တဲ့ Puerto Princesa Subterranean မြစ်ထဲပါဝင်ပါတယ်။ ဂူအောက်ကနေ လှေစီးပြီးခရီးသွားနိုင်တဲ့ Cabayugan မြစ်က ငါးမိုင်ရှည်လျား ပါတယ်။

Ref: theculturetrip

Did you find apk for android? You can find new Free Android Games and apps.
Loading