ကမ္ဘာပေါ်မှာတိုးတက်ပြီး စည်ကားနေတဲ့ မြို့ကြီးတွေ အများကြီးရှိပါတယ်။ ဒီထဲကမှာ နေ့ရော ညပါ စည်ကားပြီး ညမအိပ်တဲ့ မြို့တွေလို့ ပြောလို့ရတဲ့ မြို့ကြီးတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
၁။ New York City , New York
နယူးယောက်မြို့ဟာ ဘယ်တော့မှ ညမအိပ်တဲ့မြို့ပါ။ နယူးယောက်ရဲ့ မြေအောက်ရထားတွေဟာ ရပ်နားနေရတယ် လို့ မရှိပါဘူး။ စားသောက်ဆိုင်တွေ အရက်ဘားတွေကလည်း တညလုံးလောက်နီးနီး ဖွင့်လေ့ရှိပါတယ်။ ညဘက်တွေမှာ နယူးယောက်မြို့ထဲလျှောက်သွားလို့ ဗိုက်ဆာလာတယ်ဆိုရင်လည်း ပြဿနာတော့ မရှိပါဘူး။ အပျော်အပါးရှာမယ်ဆိုရင်လည်း စိတ်ပူစရာ မရှိပါဘူး။
နယူးယောက်ကိုရောက်နေရင်တော့ ဘာပဲလိုလို စိတ်ပူစရာမရှိပါဘူး။ တကယ်တော့ နယူးယောက်ဆိုတာ ညမအိပ်တဲ့မြို့တမြို့ ဖြစ်နေလို့ပါ။
၂။ Buenus Aires , Argentina
အာဂျင်တီးနားရဲ့ မြို့ တော် ၊ Buenus Aires ဟာလည်း ဘယ်တော့မှ ညမအိပ်တဲ့မြို့ပါပဲ။ ညဖက်တွေမှာ သီချင်းနားထောင်ချင်တာပဲဖြစ်ဖြစ် ၊ အရသာရှိတဲ့အစားအသောက်တမျိုးမျိုးကို စားချင်လာရင်ပဲဖြစ်ဖြစ် ၊ တန်ဂိုအက ကချင်လာရင်ပဲဖြစ်ဖြစ် ဘယ်နေရာမဆိုသွားလိုက်ပါ။ အဲဒါတွေအားလုံး ရှိတဲ့ မြို့တမြို့ပါ။
၃။ Cairo , Egypt
ညအတွက်တော့ အရက်ဆိုတာက အမှတ်လက္ခဏာတခုလို့ ဆိုနိုင်ပါတယ်။ လူဦးရေ သန်း ၂၀ ကျော်ရှိ တဲ့ Cairo မြို့ ရဲ့ ညတွေမှာတော့ အာရေဗျကော်ဖီကိုသောက်နိုင်မှာဖြစ်သလို ညအမှတ်လက္ခဏာ တခုဖြစ်တဲ့ အရက်ကိုလည်း Cairo ရဲ့ Juzz club တွေမှာ Juzz သီချင်းနားထောင်ရင် လွတ်လပ်စွာ သောက်နေနိုင်ပါတယ်။
၄။ Tokyo , Japan
နောက်ထပ် ညမအိပ်တဲ့မြို့ကတော့ အာရှရဲ့ ဂျပန်ပါပဲ။ ဂျပန်တွေကတော့ ဘားတွေမှာ ကော့တေးလ် သောက်တတ်ကြသလို ကလပ်သေးသေးလေးတွေတက်ရင်း သီချင်းနားထောင်ချင်လည်း နားထောင်နေလို့ ရပါတယ်။ ကာရာအိုကေ ဆိုရင်လည်းရနိုင်ပါတယ်။ တိုကျိုညကိုလည်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ တနေရာပြီး တနေရာ လျှောက်သွားရင် အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့ပါပဲ။
၅။ Beirut , Lebanon
လုပ်စရာကိစ္စတွေမရှိတော့ဘူးဆိုရင်တော့ Beirut လမ်းမတွေပေါ် လျှောက်သွားကြည့်နိုင်ပါတယ်။ ဘယ်တော့မှ ညမပိတ်တဲ့ Shopping mall တွေကိုတွေ့ရပါလိမ့်မယ်။ ပျော်စရာတွေအများ ကြီးရှိတဲ့အထဲကမှ အခုပြောခဲ့တာက တခုလောက်ပဲရှိပါသေးတယ်။
တကယ့်ပျော်စရာတွေကတော့ Beirut ညတွေမှာ အမြဲရှိနေတတ်ပါတယ်။ အထိမ်းအမှတ်ပွဲတော် တခု ဒါမှမဟုတ် နှစ်ခု လောက်ကတော့ အမြဲရှိနေတတ်ပါတယ်။ တနှစ်မှာ အထိမ်းအမှတ်ပွဲတော်က ဘယ်လောက် ဆိုတာမျိုး ကန့်သတ်ထားတာမရှိပါဘူး။ တကယ်ပျော်ချင်ရင်တော့ Lebanon က Beirut ကိုသာ သွားဖို့ ပြောချင်ပါတယ်။