Travel

ဒီဇင်ဘာလမှာ အပန်းဖြေခရီး ထွက်သင့်သော နိုင်ငံများ

Want create site? Find Free WordPress Themes and plugins.

ဒီဇင်ဘာလရောက်လာရင် လမ်းဘေးစတိုးဆိုင်တွေဟာ အားလပ်ရက် ပျော်ပွဲရွှင်ပွဲ ကျင်းပဖို့ အတွက် ပြင်ဆင်လာကြပါပြီ။ ခရစ်စမတ် လက်ဆောင်ပေးဖို့ ပြင်ဆင်ကြသူတွေ၊ ခရီးထွက်ဖို့ ပြင်ဆင်ကြသူတွေနဲ့ ဒီဇင်ဘာဟာ ပျော်စရာပါပဲ။ နှင်းတွေကလည်း ကောင်းကင်ကနေ တဖွဲဖွဲကျလို့။ တချို့လူတွေကလည်း ပါတီပေးဖို့ ပြင်ဆင်လို့။

တကိုယ်ရည်၊ တကာယ လွတ်လွတ်လပ်လပ်သမားတွေကတော့ ဒီဇင်ဘာ ပထမပတ်လောက်ကတည်းက ခရီးထွက်ဖို့ ပြင်ကြပါပြီ။ ဒီဇင်ဘာအားလပ်ရက် ခရီးထွက်လာသူတွေကိုလည်း ခရီးသွားကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်အသီးသီးက အပြိုင်အဆိုင် ဝန်ဆောင်မှုတွေပေးကုန်ကြပါပြီ။

ခရစ်စမတ် ဝိညာဉ်လို့လည်းဆိုနိုင်တဲ့ တောင်အမေရိကမြို့ကလေးတွေဟာ ဒီဇင်ဘာအားလပ်ရက်တွေအတွက် ထူးခြားတဲ့ လက်ဆောင်တွေကို ပြင်ဆင်နေတတ်ပါတယ်။ ထိုင်းနိုင်ငံက ဖူးခက်ကမ်းခြေမှာတော့ ပါတီပွဲတွေက နေ့ကောညပါ ကျင်းပလို့ပေါ့။ မိုင်ယာမီ (Miami) ဒီဇင်ဘာမှာတော့ ရာသီဥတု ကောင်းမွန်နေတဲ့အတွက် ခရစ်စမတ်ကာလကို နွေးနွေးထွေးထွေး ကျော်လွန်နိုင်ပါတယ်။

ဆန်တာဘာဘရာ (Santa Barbara) မှာဆိုရင်တော့လည်း အားလပ်ရက်ပွဲတော်တွေကို ပါဝင်ဆင်နွှဲနိုင်ပါသးတယ်။ ကယ်လီဖိုးနီးယားက သမင်းတောင်ကြားမှာလည်း တိတ်ဆိတ်တဲ့နေ့တွေနဲ့ ကြယ်တွေစုံတဲ့ညကို ဖြတ်သန်းနိုင်ပါသေးတယ်။ ဒါပေမယ့် တကယ်သွားလည်သင့်တဲ့နေရာတွေကတော့ ဘယ်နေရာတွေလဲဆိုတာ ဖော်ပြပေးပါမယ်။

(၁) စပိန်

စပိန်ရဲ့ ခရစ်စမတ်ညတွေဟာ အရောင်စုံတဲ့ညတွေပါ။ ဈေးဝယ်ထွက်ဖို့ဈေးတွေက စည်ကားသလို လမ်းတွေကိုလည်း အမိုက်စားပြင်ဆင်ထားပါတယ်။ ဒီဇင်ဘာ ခရစ်စမတ်ကို စပိန်မှာ အချိန်ကုန်လိုက်တာ အကောင်းဆုံးပါပဲ။ စပိန်ဟာ ဥရောပနိုင်ငံတွေထဲမှာ တအားမအေးတဲ့ နိုင်ငံဆိုတော့ လည်ပတ်လို့တော့ ကောင်းမှာပါ။

နောက်ပြီး ကမ္ဘာ့အကောင်းဆုံးလက်ရာတဲ့ စပိန်ဗိသုကာပညာရှင် Gaudi တည်ဆောက်ခဲ့တဲ့ အဆောက်အဦကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဘာစီလိုနာမှာဆိုရင်တော့ အဆောက်အဦ လှလှတွေကို မြင်နိုင်မှာဖြစ်သလို ကက်သလစ်သာသနာမှာ အကြီးဆုံးဖြစ်တဲ့ la Agrada Familia ဘုရားကျောင်းကိုလည်း လေ့လာနိုင်ပါသေးတယ်။

(၂) မက္ကဆီကို

မက္ကဆီကိုက နေရောင်ကိုမြင်ရရင်တော့ အိပ်မွေ့ချခံထားရသလို ခံစားရပါလိမ့်မယ်။ မက္ကဆီက ယဉ်ကျေးမှု အစဉ်အလာတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံပါ။ အပူချိန်တွေကတော့ ဒေသတခုနဲ့တခု ကွာခြားနိုင်ပါတယ်။ ပင်လယ်ကမ်းခြေဖက်မှာ နွေးထွေးနေပေမယ့် ကုန်းတွင်းပိုင်းဒေသတွေမှာတော့ အေးနေပါလိမ့်မယ်။

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မက္ကဆီကိုစီးတီး (Mexico City) ဟာ ခရီးသွားတွေကို အများဆုံးဆွဲဆောင်ထားပါတယ်။ အဲဒီနေရာကိုသာ သွားမယ်ဆိုရင် အားလုံးက လည်ပတ်စရာနေရာတွေချည်းပါပဲ။ ဒါကြောင့်လည်း “မက္ကဆီကိုစီးတီး သွားရင် လက်ချောင်းအပိုယူလာခဲ့”လို့ ပြောစမှတ်တွင်နေပါတယ။ ဘာလို့လဲ ဆိုတော့ လည်စရာနေရာတွေက လက်ဆယ်ချောင်းနဲ့တင် မလုံလောက်လို့ပါ။

မက်ထရိုပိုလီတန် ဘုရားရှိခိုးကျောင်း၊ အမျိုးသားနန်းတော်နဲ့ ချာပူတက်ပစ်ပန်းခြံကတော့ ခရီးသွားတွေ အများဆုံးသွားလေ့ ရှိတဲ့နေရာတွေပါပဲ။

(၃) ဒိုမီနီကန် သမ္မတနိုင်ငံတော်

ကာရစ်ဘီယန် ပင်လယ်ထဲက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဒိုမီနီကန် သမ္မတနိုင်ငံတော်ကလည်း ဒီဇင်ဘာမှာ သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတနိုင်ငံပါ။ စွဲမက်စရာကောင်းအောင်လှ ပတဲ့ နိုင်ငံတနိုင်ငံဖြစ်တာနဲ့အညီ သဘာဝအလှအပတွေကြားမှာ ယစ်မူးချင်စရာပါ။ နိုင်ငံရာသီဥတုကတော့ ဒေသကိုလိုက်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ မပူလွန်း မအေးလွန်း ရာသီဥတုကို ပိုင်ဆိုင်ားပါတယ်။

ဒီဇင်ဘာမှာ မိသားစုအပျော်ခရီးတွေအတွက် သင့်လျော်တဲ့ ဒေသတခုပါပဲ။ Santo Domingo မြို့ကတော့ ကမ္ဘာသစ်ထဲက မြို့ဟောင်းလေးပါ။ ဒီမြို့လေးဟာ နိုင်ငံရဲ့ ရတနာတပါးဖြစ်ပြီး ယဉ်ကျေးမှုတွေ စုစည်းတင့်တယ်နေတဲ့ နေရာလို့ ပြောလို့ရပါတယ်။ အနုပညာကို ချစ်မြတ်နိုးသူတွကတော့ မော်ဒန်အနုပညာပြတိုက်ကို သွားရောက်လည်ပတ်နိုင်သလို ပန်းချီပြတိုက်နဲ့ အမျိုးသားနန်းတော်ကိုလည်း လေ့လာနိုင်ပါသေးတယ်။

(၄) အီဂျစ်နိုင်ငံ

အီဂျစ်နိုင်ငံကတော့ မံမီရုပ်အလောင်းတွေကြောင့် ထင်ရှားတဲ့ နိုင်ငံပါ။ ရင်သပ် ရှုမောကျောင်းတော်ရာများကလည်း များပြားလှပါတယ်။ ခရီးသွားတွေကို အဖမ်းစားနိုင်ဆုံးကတော့ သဲကန္တာရတွေပါ။ ရာသီဥတုကတော့ ပူပြင်းခြောက်သွေ့ပါတယ်။ အီဂျစ်ရဲ့ အလှဆုံးမြို့တော်ကတော့ Aswan ဖြစ်ပြီး နိုင်းမြစ်ကွေ့ တနေရာမှာ ရှိပါတယ်။

(၅) ဂျမေကာနိုင်ငံ

ဂျမေကာနိုင်ငံဟာလည်း ကာရစ်ဘီယန်ပင်လယ်တွင်း နိုင်ငံတနိုင်ငံပါ။ ဒီနီုင်ငံက လှပတဲ့တောင်တန်း ပင်လယ်တွေဟာ ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးပါပဲ။ ရာသီဥတုအနေနဲ့ကတော့ ဒီဇင်ဘာလဟာ နေရောင်ခြည်အနွေးဓာတ်ကြောင့် တအား မအေးပေမယ့် တခါတရံမှာတော့ မိုးသည်းသည်းမည်းမည်း ရွာတတ်ပါသေးတယ်။

ခရီးသွားတွေ စိတ်ဝင်စားတာကတော့ Unanimous Nergil ကမ်းခြေဖြစ်ပြီး ၇ မိုင် ရှည်လျားပါတယ်။ သန့်ရှင်းကြည်လင်တဲ့ ရေပြင်ကျယ်ကြီးထဲ စိတ်လွတ်လက်လွတ် ဒိုင်ဗင်ထိုးချနိုင်ပါသေးတယ်။

Ref ; thrillophilia

Did you find apk for android? You can find new Free Android Games and apps.
Loading