Travel

လူ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး ကမ္ဘာပေါ်မှာ သီးသန့်ရှိနေတဲ့ နေရာဒေသအချို့

စာရေးသူတို့ နေထိုင်ရာကမ္ဘာကြီးမှာ လူ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး သီးသန့်ရှိနေတဲ့ အထီးကျန်နေရာဆိုတာလည်း ရှိနေပါသေးတယ်။ အဲဒီနေရာတွေဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သလောက် ဖြစ်နေတဲ့ နေရာတွေပါ။

၁။ Alert

Alert ရွာကလေးဟာ ကနေဒါ ( Canada ) နိုင်ငံထဲက Nunavut ပိုင်နက်နယ်မြေထဲ ရှိပါတယ်။ တနှစ်ပတ်လုံးမှာ နေထိုင်သူ လူဦးရေက ၅ ယောက်ထက် မပိုပါဘူး။ Alert ရွာကလေးဟာ ကမ္ဘာကြီးရဲ့အဝေးဆုံးအရပ်မှ ာရှိနေပြီး ပျက်ဆီးပျောက်ကွယ်သွားဖို့ အလားအလာရှိတဲ့ ရွာကလေးတွေထဲက တရွာပါပဲ။ အာတိတ်သမုဒ္ဒရာက ဝန်းရံထားတဲ့ ဒီရွာကလေးရဲ့ အပူချိန်ဟာ ၄၀ ဒီဂရီအောက်ဖြစ်ပြီး တခါတရံမှာတော့ သုညအောက်ရောက်ပါတယ်။ မြောက်ဝန်ရိုးစွန်းနဲ့ ကပ်လျက်မှာရှိတဲ့အတွက်ကြာင့်လည်း ဆောင်းရာသီဆိုရင် ၂၄ နာရီမှောင်နေတတ်ပြီး နွေရာသီဆိုရင်တော့ ၂၄ နာရီလင်း နေတတ်ပါတယ်။

၂။ Tristan da Cunha

တောင်အတ္တလန္တိတ်သမုဒ္ဒရာမှ ာရှိတဲ့ ဒီကျွန်းငယ်လေးကလည်း ကမ္ဘာ့အဝေးဆုံးပါ။ ကျောက်တောင်တွေနဲ့ လှိုင်းကြမ်းကြမ်းတွေဝန်းရံထားပြီး အနီးဆုံးနေရာဖြစ်တဲ့ တောင်အာဖရိကနဲ့ တောင်အမေရိကနိုင်ငံတွေက လာမယ်ဆိုရင်တောင် မိုင် ၁၇၀၀ ၊ ၂၀၀၀ လောက်ဝေးပါတယ်။ နေထိုင်တဲ့လူဦးရေကလည်း ၂၇၁ ယောက်သာရှိပြီး ဟိုနေရာ ဒီနေရာ ပြန့်ကျဲပြီးတော့ နေထိုင်ကြပါတယ်။ အများစုကတော့ လယ်သမားတွေနဲ့ လက်မှုပညာသည်တွေပါပဲ။ သူတို့တွေကလည်း သူတို့နေတဲ့အရပ်မှာ အသံလွှင့်ဌာနတွေ ၊ ဖုန်းအင်တာနက်တွေရှိရမယ်လို့ တွေးနေသူတွေပါ။

၃။ Motuo station

တရုတ်ပြည်ထဲရှိနေတဲ့ ဒီဒေသကလည်း ကမ္ဘာကြီးရဲ့အဝေးက နေရာလေးတနေရာဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်တောက်နေတဲ့ ဒေသပါပဲ။ ဟိမဝန္တာနဲ့ ကြိုးတံတားတွေဖတ်ကျော်ပြီးမှသာ ဒီဒေသကိုရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီဒေသကိုရောက်ဖို့ စွန့်စားရတာက တန်ပါတယ်။ ဘာလို့လဲဆိုတော့ တို့ထိရက်စရာမရှိ တဲ့ တိဘက်ရှုမျှော်ခင်းတွေကြောင့်ပါပဲ။

၄။ McMurdo

အန္တာတိကတိုက်ဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် သိပ်မရှိတဲ့ ဒေသပါပဲ။ ရာသီဥတုကလည်း အမြဲအေးခဲနေတဲ့အတွက် သုတေသနသမားတွေနဲ့ သိပ္ပံသမားတွေလောက်ပဲ လာလေ့လာထ ရှိတတ်ပါတယ်။ McMurdo ဘူတာရုံကတော့ အန္တာတိကမြောက်ဖက်ယွန်းယွန်းမှာရှိပါတယ်။ သုတေသန လုပ်နေကြတဲ့ လူ ၁၂၀၀ လောက်သာ ရှိပါတယ်။ အခြားနိုင်ငံတွေနဲ့ ဆက်သွယ်မှု ပြတ်သလောက် ဖြစ်နေပြီး လေယာဉ်ဆင်းကွင်း ၃ ကွင်း တည်ဆောက်ထားရပါတယ်။

၅။ Ittoqqortoormiit

နာမည်ကြည့်တာနဲ့တင် ခက်ခဲရှုပ်ထွေးသွားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ လူ ၅၀၀ လောက်နေကြပြီး အဲဒီ နာမည်ရှည်ရှည်နဲ့ ရွာကလေးဟာ အိုက်စ်လန် (Iceland) နိုင်ငံမြောက်ဖက်နဲ့ Greenland အရှေ့ဖက်မှာ ရှိပါတယ်။ ဒီရွာကလေးရဲ့နေရာတော်တော်များများက ရေခဲတွေဖြစ်ပြီး ရေတွေကလည်း ဝန်းရံထားတဲ့အတွက် အမြဲလိုလို အေးနေတတ်ပါတယ်။ အသက်မွေးဝမ်းကြောင်းဖို့အတွက် တံငါသည်အလုပ်နဲ့ မုဆိုးအလုပ်ကို လုပ်ကိုင်ကြပြီး အဓိကကတော့ ပိုလာဝက်ဝံနဲ့ ဝေလငါးဖမ်းကြပါတယ်။

၆။ Angle Inlet

Minnesota မှာရှိတဲ့ Angle Inlet ရွာလေးကလည်း ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပတ်နေတဲ့ရွာကလေးပါပဲ။ လူဦးရေ ၁၅၀ သာရှိပြီး တံငါလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ လက်တဆုပ်စာ လူနည်းစုတွေအတွက် စတိုးဆိုင်အချို့နဲ့ စားသောက်ဆိုင်အချို့ ရှိပါတယ်။ ကျောင်းတက်သူတွေကတာ့ တခန်းထဲသာရှိတဲ့ စာသင်ကျောင်းဆီကို ဆောင်းရာသီဆို နှင်းတွေပေါ်သွားလို့ရအောင် ဘီးထူထူတပ်ထားတဲ့ ကားတမျိုးနဲ့သွားလေ့ ရှိပြီး နာဝါလှေငယ်လေးတွေနဲ့ သွားလေ့ ရှိပါတယ်။

Ref : allthatsinteresting

Loading