Travel

သီရိလင်္ကာနိုင်ငံကို သွားလည်ကြမလား

Want create site? Find Free WordPress Themes and plugins.

ကမ်းခြေတွေ အများကြီး ရှိပြီး ဖော်ရွေပျူငှာတဲ့ နိုင်ငံသားတွေ နေထိုင်တဲ့ သီရိလင်္ကာနိုင်ငံဟာ လည်ပတ်စရာတွေ အများကြီး ရှိနေတဲ့ နိုင်ငံ တနိုင်ငံပါ။ ယခင်က ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုနည်းလွန်းတဲ့ ဒီနိုင်ငံဟာ အခုဆိုရင် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အာရုံစိုက်ခြင်းကို အပြည့်အဝ ခံနေရပါပြီ။

နိုင်ငံခြားကို ခရီးသွားဖို့ ပြင်နေပြီး အရှေ့တောင် အာရှတွင်းက နိုင်ငံတွေကို လည်ပတ်ချင်တယ်ဆိုရင်တော့ သီရိလင်္ကာကို သွားရောက် လည်ပတ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) လည်ပတ်စရာများ

သီရိလင်္ကာနိုင်ငံက နေရာတော်တော်များများဟာ UNESCO ရဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခံထားရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်က အဆောက်အဦတွေ အများကြီး ရှိနေပါတယ်။ ဒီသမိုင်းဝင်နေရာတွေကို ပိတ်ထားတာမျိုးတွေ ရှိပေမယ့် ဘုရားပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒီလို သမိုင်းဝင် အဆောက်အဦတွေ အများကြီး ကျန်နေပါသေးတယ်။ သီရိလင်္ကာမှာ Safari Tour လည်း ပြုလုပ်နိုင်ပြီး ကျားသစ်၊ ကြံ့နဲ့ ရှားပါးငှက်တွေကို လေ့လာနိုင်ပါတယ်။

(၂) ဘာတွေလုပ်လို့ရမလဲ

နိုင်ငံဟာ ကျင်းတာကြောင့် အချိန်တိုတိုနဲ့ နေရာအနှံ့ကို လည်ပတ်လို့ ရပါသေးတယ်။ Anuradhapura မှာရှိတဲ့ ရှေးကျတဲ့ သစ်ပင်တွေကို မနက်ပိုင်းမှာ လေ့လာနိုင်ပြီး Minneriya ကိုတော့ ညနေပိုင်းမှာ လည်ပတ်ရင်း ရာနဲ့ ချီတဲ့ ဆင်တွေ စုစည်းတာကို ကြည့်ရှုနိုင်ပါတယ်။ ကမ်းခြေမှာ အေးဆေး အနားယူနိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က တည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ တရားထိုင်နိုင်ပါတယ်။

နိုင်ငံသားတွေရဲ့ ဖော်ရွေတဲ့ အပြုံးတွေကို ကြည့်ရင် အရမ်းကောင်းမွန်တဲ့ ဒေသစာတွေကို စားသောက်လို့ ရသလို အားကစားလုပ်ချင်သူတွေကတော့ ရေလွှာလျောစီးခြင်းကို ပြုလုပ်နိုင်ပါတယ်။ လူဦးရေ ထူထပ်မှု မရှိတာကြောင့် သီရိလင်္ကာဟာ အေးအေးဆေးဆေး လည်ပတ်လို့ ကောင်းတဲ့ နေရာတခုအဖြစ် တည်ရှိနေပါသေးတယ်။

(၃) ခရီးစဉ်များ

သီရိလင်္ကာမှာ လည်ပတ်မယ်ဆိုရင် ရထားနဲ့ သွားရောက်လည်ပတ်လို့ ရတဲ့ Ella ရွာလေးကို ခရီးသွားတိုင်းက နှစ်သက်ကြပါတယ်။ ဒီရွာဟာ တောင်တန်းတွေကြားမှာ တည်ရှိပြီး အကောင်းဆုံးဆိုတဲ့ တည်းခိုစရာတွေလည်း ရှိပါတယ်။ ညဖက်မှာ သီရိလင်္ကာနိုင်ငံရဲ့ အေးချမ်းမှုတွေကို ခံစားရင်း တောင်ဖက် ကမ်းရိုးတန်းမှာ ရှိတဲ့ မီးပြတိုက်ကို ငေးကြည့်ရတဲ့ အရသာဟာ သင့်ကို ပေါ့ပါးလန်းဆန်းမှုတွေ ပေးမှာ အမှန်ပါပဲ။

သာယာတဲ့ တောတောင်ရေမြေတွေ ရှိနေသေးတာကြောင့် စိတ်ရောလူပါ လန်းဆန်းနေမှာ သေချာပါတယ်။ ဒါကြောင့် မြို့ပြရဲ့ အငွေ့အသက်တွေကို ခဏတဖြုတ်မေ့ထားပြီး ဒီဇင်ဘာလမှာ ခရီးထွက်ဖို့ နေရာတခုကို စဉ်းစားနေတယ်ဆိုရင် သီရိလင်္ကာကို သွားရောက်လည်ပတ်ဖို့ တိုက်တွန်းချင်ပါတယ်။

Ref;mmn.com

Did you find apk for android? You can find new Free Android Games and apps.
Loading