Travel Photographer of the Year 2018 ၏ ထိပ်ဆုံး တနှစ်တာအကောင်းဆုံး ဓါတ်ပုံဆုကို အီတလီနိုင်ငံသား စတက် ဖနို ပန်ဆော့တီက ရရှိပြီး၊ ဆုရရှိသော သူ၏ဓါတ်ပုံများအနက်တခုမှာ မြန်မာနိုင်ငံ ပုဂံရှိ စေတီတဆူတွင် ကျောင်းသို့ အသွား ဝင်ရောက် ဝတ်ပြုနေသည့် မိန်းကလေးငယ် တဦး၏ စိတ်တည်ငြိမ်မှုကို ရိုက်ကူးထားသည် ဓာတ်ပုံ ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှ ဓါတ်ပုံဆရာများ တင်သွင်းသော ဓါတ်ပုံများမှ ကမ္ဘာတဝန်း မှ လှပသော ခရီးစဉ်များဖြစ်ပြီး၊ အီသီယိုပီးယားနိုင်ငံ ဆူရီမျိုးနွယ်စု မှ ယောင်္ကျားလေးတဦးပုံမှသည် ဂွာတီမာလာနိုင်ငံမှ ကြယ်စုံညီ သော ညကောင်းကင်နောက်ခံတွင် မီးတောင်ပေါက်ကွဲနေပုံ အထိပါ ဝင်ပြီး အကြောင်းအရာ ကွဲပြားစုံလင်လှသည်။
အကောင်းဆုံး လူငယ် ခရီးသွား ဓာတ်ပုံဆရာဆုကို အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ် Collierville မှ အသက် ၁၄နှစ်သာ ရှိသေးသည့် အစ္စဘဲလား စမစ်က မော်ရိုကိုနိုင်ငံ ရှက်ဖ်ရှောင်းယူ မြို့၌ ရိုက်ကူးထားသည့် ဓာတ်ပုံများအတွက် ရရှိခြင်းဖြစ်သည်။
နယ်သာလန်နိုင်ငံမှ မာရင်ကာ မက်ဆူးအပ်က မျက်နှာများ၊ပြည်သူများ၊ ယဉ်ကျေးမှုများကဏ္ဍတွင် တန်ဇန်းနီးယားနိုင်ငံမှ သမင်ဖြူ ရောဂါရှင်များကို မီးမောင်းထိုးပြသည့် ထူးခြားသော ဓါတ်ပုံများဖြင့် ပြိုင်ပွဲဝင်ခဲ့သည်။
မလေးရှားနိုင်ငံမှ ဒန်နီယန် ဆင်ဝေါင်က အီသီယိုပီးယား နိုင်ငံ ဆူရီမျိုးနွယ်စုမှ ကလေးငယ်တဦး၏ ပုံဖြင့် အထက်ပါ ကဏ္ဍ၏ တပုံချင်း ပြိုင်ပွဲတွင် ဆုရရှိသည်။
ကြီးကျယ်ခမ်းနားပြီး ရင်သပ် ရှုမောဖွယ် ရှုခင်းကို ကြည့်လိုပါက မလေးရှားနိုင်ငံမှ ဖလောရင့် မာမယ် လီ ဂွာတီမာလာမှ ကြယ်စုံသောည ကောင်းကင်နောက်ခံတွင် မီးတောင်ပေါက်ကွဲနေပုံကို ကြည့်ရမည် ဖြစ်သည်။
ဒတ်ချ်လူမျိုး မာဆယ်ဗန် အော့စတန်၏ ဂရင်းဆင်ဂျီ ကျောက်ဆောင်တောတွင် တောင်တက်နေသော တောင်တက်သမား တဦးကို ရိုက်ကူးထားသည့် တုန်လှုပ်စရာ ဓါတ်ပုံဖြစ်သည်။
အင်္ဂလန်မှ အင်ဒရူး ဂျိမ်းစ်၏ ကြီးမားသော ဖျံကြီးတကောင်နှင့် ဂျန်တူးပင်ဂွင်းငှက်တကောင်တို့ နှင်းတောထဲတွင် ပထမဆုံးအကြိမ် ဆုံစည်းသည့်ပုံနှင့် နယ်သာလန်မှ ဂျိုရှန် ဗန် ဂျက်ဖန်၏ ကမ်းခြေ ၌ ပုဝါလေတွင် လွင့်ပါသွားမည်ကို မစိုးရိမ်သည့် လူတဦးကို ထူးဆန်းစွာ ရိုက်ကူးထားသည့် ပုံလည်းပါဝင်သည်။