လူတွေဟာ အနုပညာကို ချစ်ကြပါတယ်။ သူတို့ ချစ်ကြတဲ့ အနုပညာကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်လေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် နေရာတွေကတော့ အရှေ့တောင်အာရှနိုင်ငံက Street Art တွေ ရှိတဲ့နေရာတွေပါ။ သင်ဟာ Street Art တွေကို ကြိုက်နှစ်သက်သူ တဦးဆိုရင် ဒီနေရာတွေကို သွားရောက် လည်ပတ်သင့်ပါတယ်။
(၁) Georgetown, Penang (မလေးရှား)
Georgetown မြို့ဟာ UNESCO စာရင်းဝင် ရှေးဟောင်း အမွေအနှစ်မြို့တော်ပါ။ ဒီနေရာကို ကမ္ဘာလှည့်ခရီးသွားတွေ သဘောကျရတဲ့ အကြောင်းအရင်း တချက်ကတော့ Street Art တွေကြောင့်ပါ။
(၂) Taguig (ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံကို ရောက်သွားရင်တော့ အသွားသင့်ဆုံးနေရာကတော့ Taguig က Bonifacio Global City (BGC) ဆိုတဲ့ နေရာပါ။ အဲဒီမှာဆိုရင် နံရံတွေပေါ်မှာ ဒါမှမဟုတ် လမ်းတွေပေါ်မှာ ကြီးကြီးမားမား ရေးဆွဲထားတဲ့ Street Art တွေကို မြင်တွေ့ရပါတယ်။ ဒီ Street Art ယဉ်ကျေးမှုကို ၂၀၁၅ ခုနှစ်၊ မေလလောက်က စခဲ့တာဖြစ်ပြီး အဓိက ပံ့ပိုးပေးတာကတော့ Bonifacio Globa City (BGC) ရဲ့ Bonifacio ArtsFoundation ( BAFI ) က ဖြစ်ပါတယ်။
(၃) Phuket (ထိုင်းနိုင်ငံ)
ထိုင်းနိုင်ငံသားတွေရဲ့ ဖော်ရွေတဲ့ အပြုံးကြောင့် “The Land of Smile”လို့ ကျော်ကြားတဲ့ နိုင်ငံမှာ အပန်းဖြေ ကမ်းခြေတွေက နာမည်ကြီးသလို အခုလည်း ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ Street Art နိုင်ငံဖြစ်လာဖို့ အားထုတ်လာကြပါတယ်။ ဖူးခက်ကမ်းခြေမှာဆိုရင် Street Art တွေ ကျွန်းလုံးပြည့်ဖြစ်အောင် ကြိုးစားလာကြပါတယ်။ ဖူးခက်ကို အလည်ရောက်သွားခဲ့မယ်ဆိုရင်တော့ နံရံတွေနဲ့ လမ်းမတွေပေါ်မှာ ရေးဆွဲထားတဲ့ အလှတရားတွေကို မြင်တွေ့ရမှာ မလွဲပါပဲ။
(၄) Malacca (မလေးရှား)
နောက်ထပ်တနေရာကတော့ မလေးရှားနိုင်ငံက Malacca ပါ။ ဒီနေရာကလည်း Street Art တွေ ဖန်တီးပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် လည်း Malacca အနှံ့ လည်ပတ်ကြည့်ရင် လမ်းတော်တော်များများမှာ ဆွဲထားတဲ့ Street Art တွေကို မြင်ရမှာပါ။ Malacca မြစ်တလျှောက်က လူနေအိမ်တွေမှာဆိုရင် နံရံတွေပေါ်က ပန်းချီတွေကို မြင်ရမှာ အမှန်ပါ။
(၅) Singapore
Haji Lane ဟာ ဒေသအစားအသောက်တွေ ရနိုင်တဲ့ စားသောက်ဆိုင်တွေ၊ အပြင်အဆင် ထူးခြားတဲ့ စတိုးဆိုင်တွေကြောင့် ချမ်းသာလာတဲ့ ဒေသတခုပါ။ တကယ့် ချမ်းသာလာရခြင်း အကြောင်းကတော့ ဒီအရပ်ကို အနုပညာနဲ့ ယဉ်ကျေးမှုတွေ ပေါင်းစပ်လာနိုင်တဲ့ အခါမှပါ။ ဒီနေရာဟာ စင်ကာပူနိုင်ငံ၊ Kampong Glam မှ ာရှိပါတယ်။ တကယ့်ကိုဆွဲဆောင်မှုတွေ ပြည့်နေတဲ့နေရာပါပဲ။
(၆) Jakarta (အင်ဒိုနီးရှား)
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ အနုပညာ ပရိုဂရမ်တခုကို စတင်ခဲ့ပါတယ်။ Mural Project လို့ နာမည်ပေးခဲ့တဲ့ ၁၅ ကြိမ်မြောက် ဂျကာတာ အနုပညာပြပွဲပါ။ အဓိက ရည်ရွယ်ချက်ကတော့ အင်ဒိုနီးရှားမှာ Street Art ကျယ်ပြန့်လာဖို့ပါ။
(၇) Canggu , Bali (အင်ဒိုနီးရှား)
Canggu ကို ရောက်သွားရင်တော့ များလွန်းတဲ့ Street Art တွေကို မြင်ရတဲ့အခါ တအံ့တသြ ဖြစ်သွားကြပါလိမ့်မယ်။ တကယ်တော့ ဒီပုံတွေအားလုံးဟာ သူတို့ စိတ်ကူးစိတ်သန်းတွေရဲ့ စတိုင်တွေပါပဲ။ Canggu ဟာ Bali ကျွန်းပေါ်က ရွာလေးတရွာပါ။ ဒီရွာကို ခရီးထွက်မယ်ဆိုရင်တာ့ Street Art ဖျော်ဖြေမှုကလွဲပြီး ကျန်တာတော့ ဘာမှရမှာ မဟုတ်ပါဘူး။
Ref : freme