Travel

မြန်မာ- ထိုင်း နယ်စပ်တပ်ဖွဲ့များ ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုရယူ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ အနောက်ပိုင်းသစ်တောအုပ်သို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည် ပတ်ရေး နှင့် စပ်လျဉ်း၍ ဆွဲဆောင်မှု တခုပြုလုပ်ရန် မြန်မာ- ထိုင်း နယ်ခြား တပ်စခန်းများ အကြား သဘောတူညီမှု ရယူခဲ့ကြောင်း Bangkok Post သတင်းကဆိုသည်။

အဆိုပါသဘောတူညီချက်မှာ ထိုင်းနယ်စပ် ကင်းလှည့်ရဲတပ်ဖွဲ့  အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး စုမ်ဖွန် ရှင်ဒွန်နှင့် သွန်ဖဖန်ခရိုင်တဖက်ခြမ်းရှိ ထိုင်း-မြန်မာနယ်စပ်တွင် တပ်စွဲထားသော မြန်မာတပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ တွေ့ဆုံဆွေးနွေးအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ သတ်မှတ်ထားသောဧရိယာများတွင် လုံခြုံရေးအရ နှောင့်ယှက်ခြင်း၊ နယ်စပ်ပဋိပက္ခ ဖြစ်ပွားခြင်း(သို့မဟုတ်) နှစ်ပေါင်းများစွာက ရှိခဲ့ဖူးသော မူးယစ်ကုန်သွယ်ခြင်းတို့ မရှိစေရေးအတွက် နှစ်ဘက် သဘောတူ နားလည်မှုရခဲ့ကြောင်း ထိုင်းရဲဒုတိယဗိုလ်ချုပ်ကြီး စုမ်ဖွန် က ပြောသည်။

ယင်းနောက် နယ်စပ်တလျှောက် သစ်တောများကို ခုတ်ထွင်ခြင်း ကင်းမဲ့သည့် ဇုန်အဖြစ်သတ်မှတ်ပေးရန် နှစ်ဖက်စလုံးက သဘောတူညီမှုရရှိခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာ နေရာသစ် ဖြစ်လာသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

အစည်းအဝေးအပြီးတွင် ရဲဒုတိယဗိုလ်ချုပ်ကြီး စုမ်ဖွန်သည် ပီလွတ်မြို့နယ်ရှိ ရဲကင်းစခန်းအခြေစိုက်ရာ ချန်စွပ်တောင်သို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းများကို လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုက နယ်စပ်ပဋိပက္ခများကြောင့် တိုက်ပွဲများ ကြိုကြားကြိုကြားရှိခဲ့စဉ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါခရီးစဉ်အတွင်း ၎င်းက ပြောပြသည်။

ထိုစဉ်က တိုက်ပွဲများနှင့် ပဋိပက္ခများမှာ ချုပ်ငြိမ်းခဲ့ပြီဖြစ်ပြီး ထိုင်း-မြန်မာအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အားထုတ်လျက်ရှိကြောင်း၊ ၎င်း၏ယခုခရီးစဉ်အတွင်း မြန်မာနယ်စပ်ရှိ စစ်သားများကလည်း ၎င်း၏ အာမခံ ချက်ကို လက်ခံအတည်ပြုကြကြောင်း ဆက်ပြောသည်။

ချန်စွပ်အခြေစိုက် ထိုင်းနယ်စပ် ရဲကင်းစခန်းများနှင့် အခြားတဖက်နယ်စပ်မျဉ်းရှိ မြန်မာတပ်များသည်  အများပြည်သူ ဘေးကင်းစိတ်ချရရေးအတွက် အတူပူးပေါင်းလုပ်ဆောင်နေကြောင်း၊ ချမ်းအေးသည့် ရာသီ၌ ချန်စွပ်တောင်ကုန်းများ ဘက်သို့ ခရီးသွား အများအပြားလာရောက်ရာ ၎င်းတို့စခန်းချ တည်းခိုရန် အမြဲလုံလောက်မှုမရှိကြောင်း၊ ခရီးသွားများကို ၎င်းတို့အခြေစိုက်စခန်းရှိ ရွက်ဖျင်တဲများ၊ သန့်စင်ခန်းများနှင့် ရေချိုးခန်း အသုံးအဆောင်များကို အဆိုပါနယ်စပ်ရဲများက အခမဲ့ပံ့ပိုးပေးထားကြောင်း ၎င်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading