လူထူထပ်တဲ့နေရာတွေကို ခရီးထွက်ရတာနဲ့ လူသူအရောက်အပေါက် နည်းတဲ့နေရာတွေကို ခရီးထွက်ရတာနဲ့ ကြားမှာ စိတ်ခံစားချက်၊ သဘာဝတရားနဲ့ နီးစပ်မှု စတဲ့ အချက်တွေဟာ ကွဲပြားခြားနားနေပါတယ်။
ကမ္ဘာအနှံ့အပြားမှာ လူသိနည်းနေသေးတဲ့ လှပတဲ့ နေရာတွေ ရှိနေပြီး သိပ်မကြာခင်မှာ ထင်ရှားလာမယ့် နေရာတွေဖြစ်တာမလို့ ခရီးသွား ဝါသနာပါသူတွေအတွက် လည်ပတ်သင့်တဲ့ နေရာတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) Vientiane (လာအို)
မဲခေါင်မြစ်ကမ်းမှာ တည်ရှိနေတဲ့ မြို့တမြို့ဖြစ်ပြီး သပ်ရပ်တဲ့ ဟိုတယ်၊ ဆိုင်ခန်းတွေအပြင် ပြင်သစ် ကိုလိုနီပြုခဲ့စဉ်က အဆောက်အဦ အဟောင်းတွေ၊ အထက်တန်းစား ဘုရားကျောင်းတွေအပြင် စေတီပုထိုးများစွ ာတည်ရှိတဲ့ မြို့တမြို့ပဲဖြစ်ပါတယ်။
(၂) Sifnos (ဂရိ)
လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားရင်း ခရီးသွားအတွေ့အကြုံကို အပြည့်အ ဝခံစားချင်သူတွေအနေနဲ့ ဂရိနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတဲ့ နိုင်ငံတနိုင်ငံပါ။ Sifnos မြို့ဟာ အခြား Santorini နဲ့ Mykonos မြို့တွေထက်စာရင် လူသိနည်းပေမယ့် လှပဆိတ်ငြိမ်တဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ကမ်းခြေပေါ်က နေရောင်တွေနဲ့ ဥရောပ တဝိုက် မြို့တွေထဲမှာမှ ဆွဲဆောင်မှုအရှိဆုံး မြို့တမြို့အဖြစ်လည်း ရပ်တည်နေပါသေးတယ်။
(၃) Halifax , Nova Scotia
ခရီးမထွက်ဖြစ်တာလည်း အချိန်ကြာမြင့်နေခဲ့ပြီး အေးအေးဆေးဆေး ခရီးထွက်ချင်သူတွေအတွက်တော့ Halifax ကတော့ ခရီးသွားတယောက်ရဲ့မျှော်လင့်ချက်တွေကို ပြည့်ဝစေမယ့် မြို့တမြို့ပဲဖြစ်ပါတယ်။ တိုက်တန်းနစ် (Titanic) သင်္ဘောဟာ Halifax မြို့အနီးမှာ နစ်မြုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် သတိပေးဆိုင်ဘုတ်တွေနဲ့ မတော်တဆမှုတွေမှာပ ါဝင်ခဲ့သူတွေအတွက် အမှတ်တရ မှတ်တိုင်တွေကိုလည်း သမိုင်းအငွေ့အသက် တခုအဖြစ် ခံစားရစေမှာဖြစ်ပြီး Maritime ပြတိုက်ကလည်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ တည်ရှိနေပါတယ်။
(၄) Essaouira , Morocco
ကျောက်တုံး ခံတပ်တွေ ၊ အမြဲတမ် းတိုက်ခတ်နေတဲ့ လေနဲ့ လမ်းတွေ ၊ အပြာရောင် လှေတွေနဲ့ ခရီးသွားတွေကို မပြန်ချင်အောင် ဆွဲဆောင်ထားမယ့် Morocco ကမ်းရိုးတန်းရဲ့ မြို့တမြို့ပဲ ဖြစ်ပါတယ်။
(၅) Bhutan
ဗုဒ္ဓဘာသာရဲ့ သမိုင်းဝင် အဆောက်အဦပေါင်းများစွာကို အကောင်းပကတိအတိုင်း ထိန်းသိမ်းထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး တောင်စဉ်တောင်တန်းတွေကြားထဲမှာ တည်ရှိနေတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ ခရီးစရိတ်ကုန်ကျမှု အများဆုံးနေရာတွေထဲမှာ ပါဝင်တယ်ဆိုပေမယ့် Bhutan ကို သွားရောက် လည်ပတ်လို့ ရရှိမယ့် စိတ်ချမ်းသာမှုကြောင့်ပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။
Ref: www.rd.com