ကမ္ဘာပေါ်မှာ လူတွေခရီးသွားတဲ့အခါ အလုံခြုံဆုံးနိုင်ငံတွေရဲ့ စာရင်းကို ခရီးတွေ အများကြီးသွားခဲ့ဖူးတဲ့ လူတွေဆီ ကနေ စစ်တမ်းကောက်ကြည့်တဲ့အခါ Iceland နိုင်ငံ နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ( UAE )က အလုံခြုံဆုံးပဲလို့ တညီတညွှတ်တည်း ဖြေကြပါတယ်။
အဓိကအခြေခံထားတဲ့ အချက်ကတော့ ခရီးသွားတွေကို အန္တရာယ်ဖြစ်အောင် အကြမ်းဖက်ခံရမှုမှာ အခြေခံထား ပါတယ်။
ခရီးသွားတွေကို အကြမ်းဖက်ဆန်ဆန်ပြုမှုတဲ့နိုင်ငံတွေဟာ လုံခြုံမှုအနည်းဆုံးနိုင်ငံတွေပါပဲလို့ World Economic Fund က အစီရင်ခံစာတစောင်ထုတ်ခဲ့ပါတယ်။ အခုဖော်ပြပေးမယ့်နိုင်ငံတွေကတော့ ကမ္ဘာပေါ်မှာ အလုံခြုံဆုံး နိုင်ငံတွေပါပဲ။
၁။ Iceland
Iceland ကို အလည်သွားမယ်ဆိုရင်တော့ ဆိုးရွားတဲ့ရာသီဥတုအတွက် ကြိုတင်ပြင်ဆင် သွားဖို့တော့လိုပါမယ်။ ရာသီဥတုက ဘယ်လောက်ပဲဆိုးဆိုး ကမ္ဘာပေါ်မှာ လုံခြုံမှုအရှိဆုံးဒေသဖြစ် တဲ့အတွက် ခရီးသွားတွေအတွက်ကတော့ လည်ပတ်လို့ကောင်းနေသေးတဲ့ နိုင်ငံတနိုင်ငံပါပဲ။
၂။ United Arab Emirates ( UAE )
UAE နိုင်ငံဟာ ကျယ်ပြန့်တဲ့ သဲကန္တာရတွေ ပတ်လည်ဝိုင်းနေတဲ့ နိုင်ငံတနိုင်ငံပါပဲ။ ဒါပေမယ့် လည်း UAE နိုင်ငံဟာ Iceland နိုင်ငံပြီးရင် ဒုတိယဘေးအကင်းဆုံးနိုင်ငံပါပဲ။ UAE နိုင်ငံဟာ ကိုယ့် နိုင်ငံကို အလည်အပတ်လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေ အကြမ်းဖက်ခံရမှုကို လျှော့ချ ထားနိုင်ခဲ့တဲ့ နိုင်ငံပါပဲ။ ဘယ်သူတွေက ဒီလိုသတ်မှတ်ခဲ့တာလဲ ဆိုတော့ UAE နိုင်ငံကို ခရီးထွက်ခဲ့ ကြတဲ့ ခရီးသွားတွေက သတ်မှတ်ခဲ့တာပါပဲ။
၃။ Singapore
နောက်ထပ် အလုံခြုံဆုံးနိုင်ငံတနိုင်ငံကတော့ စင်ကာပူနိုင်ငံပါပဲ။ စင်ကာပူရဲ့ ဥပဒေတွေက တင်းကျပ်သလို စင်ကာပူနိုင်ငံသားတွေကလည်း စည်းကမ်းရှိကြပါတယ်။ စီးပွားရေးအရလည်း စင်ကာပူဟာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို ခုဆိုရင်တော့ ကမ္ဘာ့ဘေးအကင်းဆုံး နိုင်ငံစာရင်းမှ ဒုတိယနိုင်ငံဖြစ်တဲ့ UAE နိုင်ငံနဲ့အတူ ပူးတွဲပါလာနိုင်ခဲ့ပါပြီ။
၄။ Spain
ဥရောပနိုင်ငံတွေဟာဒေသအစားအသောက် ၊ ဝိုင် နဲ့ ယဉ်ကျေးမှုမျိုးစုံတို့ကြောင့် ကျော်ကြားပါတယ်။ ဒီအချက်တွေထက်ပို စိတ်ဝင်စားစရာကောင်းတာက စပိန်နိုင်ငံဟာကမ္ဘာ့ဘေး အကင်းဆုံးနိုင်ငံစာရင်းမှာ တတိယနေရာက ပါလာခဲ့အချက်ပါပဲ။
တတိယစာရင်းဝင်တဲ့ နောက်ထပ်နိုင်ငံတွေကတော့ သြစတြေးလျ ၊ ကနေဒါ ၊ ဂျပန် နဲ့ မော်ရိုကို နိုင်ငံတွေပါပဲ။
နောက်စစ်တမ်းတခုဖြစ်တဲ့ ၂၀၁၈ခုနှစ် Global Law and Order အရဆိုရင်တော့ စင်ကာပူနိုင်ငံကို ကမ္ဘာ့ဘေးအကင်းဆုံး နိုင်ငံအဖြစ်ဖော်ပြထားပြီး နော်ဝေ ၊ အိုက်စလန် နဲ့ ဖင်လန် နိုင်ငံတို့ကိုတော့ ဒုတိယအဆင့်မှာသာ ဖော်ပြထားပါတယ်။
အချက်အလက်ကောက်ခံသူတွေဟာ နိုင်ငံအနှံ့ခရီးသွားခဲ့ကြတဲ့ လူပေါင်းတသိန်းခွဲလောက်ကို စစ်ဆေးခဲ့ပြီးမှ ဒီ စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ညဖက်တယောက်တည်း လျှောက်သွားတဲ့အခါမျိုးတွေမှာ လုံခြုံမှုရှိရဲ့လား ၊ ဒေသခံတွေရဲ့ အလိမ်ခံခဲ့ရသေးလား ၊ ကိုယ်ထိလက်ရောက် အစော်ကားခံခဲ့ရလား ၊ ဒေသအာဏာပိုင်ရဲတွေဟာ ဘယ်လောက်အထိ ယုံကြည်စိတ်ချလို့ရလဲ စတဲ့အချက်တွေမှာ အခြေခံပြီး ဒီစာရင်းကို ပြုစုခဲ့တာပဲ ဖြစ်ပါတယ်။
Ref : lonelyplanet